ခင်ပွန်းကလည်း “ယနေ့သည် လဆန်းနေ့လည်းမဟုတ်။ ဥပုသ်နေ့လည်း မဟုတ်။ အဘယ်ကြောင့် ယနေ့ သွားလိုသနည်း”ဟု ဆိုလျှင် သူ့မိန်းမက “အဆင်ပြေပါလိမ့်မည်”ဟု ပြန်ပြော၏။
ကောလောသဲ 2:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အစားအသောက်နှင့်ပတ်သက်၍ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ သို့မဟုတ် ဥပုသ်နေ့တို့နှင့်ပတ်သက်၍ဖြစ်စေ မည်သူမျှ သင်တို့ကိုမစီရင်စေနှင့်။ Common Language Bible သို့ဖြစ်၍အစားအသောက်နှင့်ပတ်သက်၍ဖြစ် စေ၊ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့ နှင့်ပတ်သက်၍ဖြစ်စေသင်တို့အတွက်အဘယ် သူမျှဥပဒေစည်းကမ်းမပြုလုပ်စေနှင့်။- Garrad Bible ထို့ ကြောင့် စား သောက် မှု နှင့် စပ်၍ ဖြစ် စေ၊ ပွဲ နေ့၊ လ ဆန်း နေ့၊ ဥ ပုသ် နေ့ အ မှု နှင့် စပ်၍ ဖြစ် စေ၊ သင် တို့ ကို မည် သူ မျှ မ စီ ရင်၊ မ ဆုံး ဖြတ် စေ နှင့်။ Judson Bible ထိုကြောင့် စားသောက်ခြင်းအမှု၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့တို့ကို စောင့်ခြင်းအမှုတွင် သင်တို့ကို အဘယ်သူမျှ မစစ်ကြောမစီရင်စေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အစားအသောက်နှင့် ပတ်သက်၍ဖြစ်စေ ဘာသာရေးပွဲနေ့၊ လဆန်းပွဲနေ့၊ ဥပုသ်နေ့တို့နှင့် ပတ်သက်၍ မည်သူမျှ သင်တို့ကို မစီရင်စေနှင့်။ |
ခင်ပွန်းကလည်း “ယနေ့သည် လဆန်းနေ့လည်းမဟုတ်။ ဥပုသ်နေ့လည်း မဟုတ်။ အဘယ်ကြောင့် ယနေ့ သွားလိုသနည်း”ဟု ဆိုလျှင် သူ့မိန်းမက “အဆင်ပြေပါလိမ့်မည်”ဟု ပြန်ပြော၏။
ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။
ထာဝရဘုရား၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း နံနက်နှင့်ညနေတို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်နှင့် ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်တို့တွင် ပူဇော်ရမည့်မီးရှို့ရာယဇ်များကို ရှင်ဘုရင်သည် မိမိဥစ္စာပစ္စည်းများထဲမှ ခွဲဝေပေး၏။
ထိုပြည်သားတို့သည် ဥပုသ်နေ့တွင် ကုန်ပစ္စည်းများနှင့် အစားအစာများကို လာရောက်ရောင်းချပါက ဥပုသ်နေ့ဖြစ်စေ၊ သန့်ရှင်းသောနေ့ဖြစ်စေ ထိုနေ့တို့တွင် သူတို့ထံမှ ငါတို့ဝယ်မည်မဟုတ်။ ငါတို့သည် ခုနစ်နှစ်မြောက်သောနှစ်၌ သီးနှံမစိုက်၊ လက်ဝယ်ရှိ အကြွေးအားလုံးကိုလည်း လျှော်ပစ်မည်ဟု အတူတကွ တိုင်တည်ကျိန်ဆိုကြ၏။
ရှေ့တော်မုန့်၊ ပုံမှန်ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်၊ ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောဓမ္မပွဲတော်၊ သန့်ရှင်းသောအသုံးအဆောင်များ၊ အစ္စရေးလူမျိုးတို့အပြစ်ဖြေရန်အတွက် အပြစ်ဖြေရာယဇ်များနှင့် ဘုရားသခင့်အိမ်တော်၏အမှုအလုံးစုံတို့အတွက် ပေးလှူပါမည်ဟူသော ပညတ်ချက်ကို ချမှတ်၏။
လူအပေါင်းတို့သည် ပညတ်တရားစကားများကို ကြားရသောအခါ ငိုကြွေးကြ၏။ ထို့ကြောင့် ဘုရင်ခံနေဟမိ၊ ကျမ်းပြုဆရာယဇ်ပုရောဟိတ်ဧဇရနှင့် လူတို့အား အဓိပ္ပာယ်ကိုရှင်းပြသောလေဝိသားတို့က “ယနေ့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့ ဖြစ်၏။ ထို့ကြောင့် မညည်းတွားကြနှင့်၊ မငိုကြွေးကြနှင့်”ဟု လူအပေါင်းတို့အား ဆို၏။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။
အချည်းနှီးသောပူဇော်သက္ကာကို နောက်တစ်ဖန်မယူဆောင်လာကြနှင့်။ နံ့သာပေါင်းသည် ငါ့အတွက်စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးပွဲနေ့စသည့် ဒုစရိုက်နှင့်ရောပြွမ်းနေသည့်စည်းဝေးခြင်းနေ့မျိုးကို ငါသည်းမခံနိုင်တော့ချေ။
ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် ငယ်စဉ်မှစ၍ ယခုတိုင်အောင် အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်တို့ကို မစားဖူးပါ။ ထိုအရာတို့ဖြင့် ကိုယ့်ကိုယ်ကိုယ် မညစ်ညူးစေဖူးပါ။ ထိုသို့ရွံရှာဖွယ်သောအကောင်၏အသားကို အကျွန်ုပ်ပါးစပ်ထဲသို့ မထည့်ဖူးပါ”ဟု ပြန်လျှောက်၏။
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
ထိုနေ့သည် သင်တို့အဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
သင်တို့က “လဆန်းပွဲနေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ငါတို့ စားနပ်ရိက္ခာရောင်းလိုလှပြီ။ ဥပုသ်နေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ဂျုံစပါးဈေး ဖွင့်လိုလှပြီ။ ဧဖာတောင်းငယ်၊ ရှယ်ကယ်အလေးကြီးနှင့် ချိန်ခွင်လျှာကို ကိုယ့်ဘက်သာအောင် လုပ်ကြမည်။
သင်တို့ဝမ်းမြောက်ရာနေ့ဖြစ်သည့် သတ်မှတ်ထားသောပွဲတော်များနေ့၊ လဆန်းနေ့တို့၌ သင်တို့မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်သောအခါ တံပိုးခရာကိုမှုတ်ရမည်။ သင်တို့၏ဘုရားသခင်ရှေ့တော်၌ သင်တို့အတွက် အောက်မေ့ဖွယ်ရာဖြစ်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်၏”ဟု မိန့်တော်မူ၏။
ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ထိုအရာသည် လူ၏စိတ်နှလုံးထဲသို့ ဝင်သည်မဟုတ်။ ဝမ်းထဲသို့ဝင်ပြီးလျှင် ရေအိမ်ထဲသို့ရောက်သွား၏”ဟု မိန့်တော်မူလျက် အစာအားလုံးစင်ကြယ်ကြောင်းဖော်ပြတော်မူ၏။
ရုပ်တုများကြောင့်ညစ်ညူးသောအရာ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ လည်ညှစ်သတ်သောတိရစ္ဆာန်နှင့် သွေးတို့ကိုရှောင်ကြဉ်ကြရန် သူတို့ထံ စာရေးသင့်သည်ဟု ငါယူဆ၏။
သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် သင့်ညီအစ်ကိုကို စီရင်သနည်း။ အဘယ်ကြောင့် သင့်ညီအစ်ကိုကို မထီမဲ့မြင်ပြုသနည်း။ ငါတို့အားလုံးသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့၌ ရပ်ကြရလိမ့်မည်။
သင်တို့သည် နေ့ရက်များ၊ လများ၊ အချိန်အခါများနှင့် နှစ်များကို စောင့်ထိန်းကြပြီတကား။
သင်တို့သည် ခရစ်တော်နှင့်အတူသေဆုံး၍ လောက၏အခြေခံတရားမှ ခွဲခွာခဲ့သည်ဆိုလျှင် အဘယ်ကြောင့် လောက၌အသက်ရှင်နေသကဲ့သို့
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
ယောနသန်က ဒါဝိဒ်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ သင့်ထိုင်ခုံလွတ်နေလျှင် သင်မရှိသည်မှာ သိသာလိမ့်မည်။
ဒါဝိဒ်က ယောနသန်အား “မနက်ဖြန်သည် လဆန်းနေ့ဖြစ်၏။ အကျွန်ုပ်သည် ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲတွင် ထိုင်စားရမည်ဖြစ်သော်လည်း သုံးရက်မြောက်နေ့ နေဝင်ချိန်အထိ တောထဲ၌ သွားပုန်းခွင့်ပြုပါ။