သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ကမ္ဘာဦး 48:22 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိလူမျိုးတို့လက်ထဲမှ ငါသိမ်းယူခဲ့သောမြေကို ငါသည် သင်၏ညီအစ်ကိုတို့ထက် သင့်ကို ဝေစုတစ်စုပိုပေး၏”ဟု ဆိုလေ၏။ Common Language Bible ငါသည်ဋ္ဌားနှင့်လေးလက်နက်တို့ဖြင့်အာ မောရိအမျိုးသားတို့လက်မှသိမ်းယူရရှိ သောမြေသြဇာထက်သန်သည့် ရှေခင်နယ်ကို သင်၏အစ်ကိုတို့အားငါမပေး။ သင့်အား သာငါပေး၏'' ဟုဆိုလေ၏။ Garrad Bible ငါ သည်၊ ဓား၊ လေး လက် နက် ဖြင့် အာ မော ရိ လူ မျိုး လက် မှ သိမ်း ယူ သော နယ် တစ် ကျော ကို ညီ အစ် ကို တို့ ထက် သင့် အား ပို၍ ပေး ပြီ ဟု ပြော ဆို ၏။ Judson Bible ထိုမှတစ်ပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ဓား၊ ငါ့လေးဖြင့် အာမောရိအမျိုးသားလက်မှ နုတ်ယူသောအရာကို သင့်အားငါပေးသည်ဟု ယောသပ်ကိုပြောဆို၏။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
သူသည် ရှေခင်၏ဖခင်ဖြစ်သော ဟာမော်၏သားတို့ထံမှ ငွေတစ်ရာဖြင့်မြေကွက်ကိုဝယ်ယူပြီး ထိုအရပ်၌တဲထိုးလေ၏။
သူတို့သည် မြို့သားတို့၏သိုးဆိတ်၊ နွား၊ မြည်းများမှစ၍ မြို့တွင်း၊ မြို့ပြင်ရှိပစ္စည်းတို့ကို ယူကြ၏။
ယုဒသည် ညီအစ်ကိုတို့တွင် ခွန်အားကြီးသောသူဖြစ်၍ သူ့မျိုးနွယ်ထဲမှ အုပ်ချုပ်သူမင်းပေါ်ထွန်းသော်လည်း ယောသပ်ကသာ သားဦးအရာကို ရ၏။
ဘုရားရှင်ထာဝရဘုရားက “ဤသည်ကား အစ္စရေးအမျိုးအနွယ် တစ်ဆယ့်နှစ်နွယ်အတွက် သင်တို့ခွဲဝေကြရမည့် အမွေမြေနယ်နိမိတ်ဖြစ်၏။ ယောသပ်သည် ဝေစုနှစ်စု ရရမည်။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
ယာကုပ်က မိမိ၏သားယောသပ်အား ပေးခဲ့သည့်မြေကွက်အနီးရှိ ရှုခါဟုခေါ်သော ရှမာရိနယ်မှ မြို့တစ်မြို့သို့ရောက်တော်မူ၏။
အမုန်းခံရသောမယား၏သားသည် သားဦးဖြစ်သည်ဟု အသိအမှတ်ပြု၍ မိမိ၌ရှိသောအရာအားလုံးမှ ထိုသားအား ဝေစုနှစ်ဆပေးရမည်။ အကြောင်းမူကား သူသည် ဖခင်၏အဦးဆုံးအားမာန်ဖြစ်၏။ သားဦးအရိုက်အရာကို သူပိုင်၏။
သူတို့သည် အစ္စရေးအမျိုးသားတို့ အီဂျစ်ပြည်မှယူဆောင်လာခဲ့သော ယောသပ်၏အရိုးကို ရှေခင်၏ဖခင်ဟာမော်၏သားများထံမှ ငွေစတစ်ရာဖြင့် ယာကုပ်ဝယ်ယူထားသော ရှေခင်မြို့ရှိမြေကွက်တွင် သင်္ဂြိုဟ်ကြ၏။ ထိုမြေကွက်သည် ယောသပ်သားမြေးတို့ပိုင်သော အမွေမြေဖြစ်၏။
စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အာမောရိလူမျိုးတို့ကို မိမိလူမျိုးတော်အစ္စရေးတို့ရှေ့မှ နှင်ထုတ်တော်မူခဲ့ခြင်းဖြစ်၏။ ယခုမှာ သင်သည် ထိုပြည်ကို ပြန်သိမ်းပိုက်လိုသလော။