ထို့နောက် အစ္စရေးက ယောသပ်အား “ငါသေရတော့မည်။ သို့သော်လည်း ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူ၍ သင်တို့ဘိုးဘေးတို့၏ပြည်သို့ သင်တို့ကိုပြန်လည်ပို့ဆောင်တော်မူလိမ့်မည်။
ထိုနောက်ယာကုပ်သည်ယောသပ်အား``ငါသည် ယခုသေအံ့ဆဲဆဲရှိပြီ။ သို့သော်လည်းဘုရားသခင်သည်သင်တို့နှင့်အတူရှိ၍ ဘိုးဘေးတို့ နေထိုင်ရာပြည်သို့ပြန်လည်ပို့ဆောင်တော်မူ လိမ့်မည်။-
ယော သပ် အား လည်း ဣ သ ရေ လ က ငါ သေ တော့ မည်။ သို့ ရာ တွင် ဘု ရား သ ခင် သည် သင် တို့ နှင့် အ တူ ရှိ၍ ဘိုး ဘေး တို့ နေ ရာ ပြည် သို့ ပြန် လာ စေ တော် မူ လိမ့် မည်။
ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာပြည်သို့ တစ်ဖန်ဆောင်တော်မူလိမ့်မည်။
အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။
သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ဤပြည်၌ တည်းခိုနေထိုင်လော့။ ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုကောင်းချီးပေးမည်။ အကယ်စင်စစ် ဤမြေရှိသမျှတို့ကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေး၍ သင်၏ဖခင်အာဗြဟံအား ငါကျိန်ဆိုခဲ့သောကတိကို ငါတည်စေမည်။
ကြည့်ရှုလော့။ ငါသည် သင်နှင့်အတူရှိ၏။ သင်သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်၍ ဤပြည်သို့ သင့်ကို ပြန်ခေါ်လာဦးမည်။ အကယ်စင်စစ် သင့်အားငါကတိပေးသည့်အရာ မပြည့်စုံမချင်း ငါသည် သင့်ကိုစွန့်ပစ်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ယာကုပ်သည် မိမိဖခင်တည်းခိုနေထိုင်ရာပြည်ဖြစ်သည့် ခါနာန်ပြည်၌ နေထိုင်၏။
ငါသည် သင်နှင့်အတူ အီဂျစ်ပြည်သို့ဆင်းသွားမည်။ ငါသည် သင့်ကို ဧကန်ပြန်ခေါ်ဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ဖြင့် သင်၏မျက်စိကိုပိတ်ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။
အစ္စရေးသည် သေရမည့်နေ့ရက်နီးသောအခါ မိမိသားယောသပ်အားခေါ်၍ “ယခု ငါသည် သင့်ရှေ့၌မျက်နှာရလျှင် သင်၏လက်ကို ငါ့ပေါင်အောက်၌ထားပြီး ငါ့အားမေတ္တာကရုဏာပြ၍ သစ္စာပြုပါ။ အီဂျစ်ပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သေရတော့မည်။ သို့သော် ဘုရားသခင်သည် သင်တို့ထံသို့ အမှန်ပင်အကြည့်အရှုကြွလာ၍ သင်တို့ကို ဤပြည်မှ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုခဲ့သည့်ပြည်သို့ ပို့ဆောင်တော်မူမည်”ဟု ဆိုလေ၏။
ဖာရောမင်းကြီးက “သင့်အား သင့်ဖခင်ကျိန်ဆိုစေခဲ့သည့်အတိုင်း သွား၍သူ့ကိုသင်္ဂြိုဟ်လော့”ဟု မိန့်ဆိုလေ၏။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
“စိုးပိုင်တော်မူသောအရှင်၊ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း ကိုယ်တော်၏အစေအပါးအား ငြိမ်းချမ်းစွာသွားရသောအခွင့်ကို ယခု ကိုယ်တော်ပေးတော်မူပြီဖြစ်၏။
အကြောင်းမှာ ဒါဝိဒ်သည် မိမိလက်ထက်၌ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပြီးလျှင် အိပ်ပျော်၍ မိမိဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ခြင်းခံရလျက် ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ရ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောသင့်ကို ပြန်လာစေ၍ သင့်ကို သနားစုံမက်တော်မူမည်။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်ကို ကွဲလွင့်စေတော်မူရာအရပ်ရပ်ရှိ လူမျိုးတကာတို့ထံမှ ပြန်၍စုစည်းစေတော်မူမည်။
ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”ဟု ပြောကြား၏။
အကြောင်းမူကား ငါသည် သွန်းလောင်းပူဇော်ခြင်းကိုခံနေရပြီ။ ဤဘဝကို ငါစွန့်ခွာရမည့်အချိန်ရောက်လေပြီ။
သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။
ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။
သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
မြေကြီးသားတို့သွားရာလမ်းအတိုင်း ယနေ့ ငါလည်း သွားရတော့မည်။ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောကောင်းကျိုးချမ်းသာဆိုင်ရာကတိတော်ဟူသမျှ တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာကြောင်းကို သင်တို့၏စိတ်နှလုံး၊ စိတ်ဝိညာဉ်ထဲမှ အကြွင်းမဲ့သိကြ၏။ သင်တို့အဖို့ ထိုကတိတော်တို့သည် တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာ၏။
ထာဝရဘုရားက ယောရှုအား “ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို အစ္စရေးလူမျိုးအပေါင်းတို့သိမြင်ကြမည့်အကြောင်း ယနေ့မှစ၍ သင့်ကို သူတို့ရှေ့၌ ချီးမြှောက်မည်။
အဘယ်ကြောင့်ဆိုသော် ငါတို့သခင်ယေရှုခရစ်တော်သည်လည်း ငါ့အားဖော်ပြတော်မူသည့်အတိုင်း ငါ၏ခန္ဓာတဲကို မကြာမီချွတ်ပယ်ရမည်ဖြစ်ကြောင်း ငါသိ၏။