ယောရှု 23:14 - မြန်မာ့စံမီသမ္မာကျမ်း14 မြေကြီးသားတို့သွားရာလမ်းအတိုင်း ယနေ့ ငါလည်း သွားရတော့မည်။ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောကောင်းကျိုးချမ်းသာဆိုင်ရာကတိတော်ဟူသမျှ တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာကြောင်းကို သင်တို့၏စိတ်နှလုံး၊ စိတ်ဝိညာဉ်ထဲမှ အကြွင်းမဲ့သိကြ၏။ သင်တို့အဖို့ ထိုကတိတော်တို့သည် တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ငါမူကားစုတေရမည့်အချိန်နီးလာပြီ။ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည်ကတိ တော်ရှိသည်အတိုင်း သင်တို့အတွက်ကောင်းချီး မင်္ဂလာရှိသမျှကိုချပေးတော်မူခဲ့သည်ဟု သင်တို့စိတ်အတွင်း၌ခံစားရကြ၏။ ကိုယ်တော် သည်ကတိတော်ရှိသမျှအကောင်အထည်ပေါ် စေခဲ့လေပြီ။ အကောင်အထည်မပေါ်သည့် ကတိတော်ဟူ၍တစ်ခုမျှမရှိ။- အခန်းကိုကြည့်ပါ။Garrad Bible14 ငါ မူ ကား လူ သ တ္တ ဝါ ဟူ သ မျှ တို့ သွား မြဲ လမ်း ကို ယ နေ့ သွား ရ တော့ မည်။ သင် တို့ အား လုံး သည် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က တိ ထား တော် မူ သော ဆု ကျေး ဇူး တစ် ပါး မျှ မ ယုတ် ကြောင်း၊ စိတ် ဝိ ညာဉ် ပါ သိ ကြ သည့် အ လျောက် အခန်းကိုကြည့်ပါ။Judson Bible14 ငါသော်ကား၊ မြေသားအပေါင်းတို့သွားရာလမ်းသို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့အဖို့ မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်းကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
သူတို့အားပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း သူတို့ကို ထိုပြည်သို့ ငါခေါ်ဆောင်လာသောအခါ သူတို့သည် ကုန်းမြင့်များ၊ စိမ်းလန်းသောသစ်ပင်များကို မြင်လျှင် ထိုနေရာတို့၌ ယဇ်ပူဇော်၍ ငါ့အမျက်ကိုနှိုးဆော်သော ပူဇော်သက္ကာကို ပူဇော်ကြ၏။ မွှေးကြိုင်သောနံ့သာပေါင်းကိုလည်း တင်လှူ၍ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း သွန်းလောင်းပူဇော်ကြ၏။