ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
ကမ္ဘာဦး 45:18 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဖခင်နှင့်သင်တို့၏အိမ်သူအိမ်သားတို့ကိုခေါ်၍ ငါ့ထံသို့လာကြလော့။ အီဂျစ်ပြည်ရှိအကောင်းဆုံးသောအရာကို သင်တို့အားငါပေးမည်။ ဤပြည်၏အဆီအနှစ်ကိုစားရမည်။ Common Language Bible သူတို့၏အဖနှင့်မိသားစုများကိုဤပြည်သို့ ခေါ်ဆောင်ခဲ့ကြစေ။ ငါသည်သူတို့အားအီဂျစ် ပြည်တွင်အသင့်တော်ဆုံးသောအရပ်၌နေထိုင် စေမည်။ သူတို့သည်ဝလင်စွာစားသောက်ရကြ လိမ့်မည်။- Garrad Bible အ ဘ မှ စ၍ အိမ် သူ အိမ် သား တို့ ကို ခေါ် ယူ လျက် ကျွန်ုပ် ထံ သို့ လာ ကြ လော့။ အိ ဂျစ် ပြည်၏ စီး ပွား ချမ်း သာ ကို ကျွန်ုပ် ပေး သ ဖြင့် မြေ ဆီ သြ ဇာ ကို သင် တို့ ခံ စား ရ ကြ လိမ့် မည်။ Judson Bible သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်ကိုငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာစားရကြလိမ့်မည်။ |
ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “သင်၏ညီအစ်ကိုတို့အား ‘ဤသို့ပြုကြလော့။ သင်တို့၏တိရစ္ဆာန်တို့ကိုဝန်တင်၍ ခါနာန်ပြည်သို့ပြန်သွားကြလော့။
သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။
ကိုယ်တော်သည် သင်၏နယ်နိမိတ်ထဲ၌ ငြိမ်းချမ်းမှုရှိစေ၍ အကောင်းဆုံးသောဂျုံဆန်ဖြင့် သင့်ကိုဝပြောစေတော်မူ၏။
အစ္စရေးလူမျိုးကိုကား အကောင်းဆုံးသောဂျုံဆန်ဖြင့် ကိုယ်တော်ကျွေးမွေးတော်မူလိမ့်မည်။ “ငါသည် ကျောက်ဆောင်မှထွက်သောပျားရည်ဖြင့် သင့်ကိုဝပြောစေမည်။”
စပျစ်ဝိုင်သောက်ကြူးသူ၊ သေသောက်ကြူးသူဧဖရိမ်အမျိုးတို့၏မာနသရဖူသည် အမင်္ဂလာရှိ၏။ မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် အမင်္ဂလာရှိ၏။
မြေဆီမြေနှစ်ကောင်းသောချိုင့်ဝှမ်းထိပ်မှ ဂုဏ်ကျက်သရေအလှ ညှိုးနွမ်းသွားသောပန်းပွင့်သည် နွေရာသီမတိုင်မီ အဦးဆုံးမှည့်သောအသီးကဲ့သို့ဖြစ်လိမ့်မည်။ ထိုအသီးကို မြင်သောသူသည် ခူး၍ ချက်ချင်းစားပစ်တတ်၏။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ ပေးလှူသည့် အကောင်းဆုံးဆီ၊ အကောင်းဆုံးစပျစ်ဝိုင်အသစ်၊ အဦးဆုံးကောက်ပဲသီးနှံစသည်တို့အားလုံးကို သင်တို့အား ငါပေးပြီ။
သင်တို့ခံယူရရှိသောပူဇော်သက္ကာအားလုံးထဲမှ ထာဝရဘုရားနှင့်ဆိုင်သောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။ အကောင်းဆုံးအလှူပစ္စည်း၊ သန့်ရှင်းသောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
နွားမှရသောထောပတ်၊ သိုးမှရသောသိုးနို့၊ သိုးသငယ်အဆီ၊ ဗာရှန်ပြည်သိုးထီး၊ ဆိတ်ထီးနှင့်တကွ အကောင်းဆုံးဂျုံဖြင့်လည်းကောင်း ကျွေးမွေးတော်မူ၏။ စပျစ်သွေးတည်းဟူသောဝိုင်နီကိုလည်း သောက်ရ၏။