ထိုအခါ ယုဒသည် သူ့ထံသို့ချဉ်းကပ်၍ “အို၊ အကျွန်ုပ်သခင်၊ သခင်သည် ဖာရောမင်းကြီးကဲ့သို့ဖြစ်ပါ၏။ သခင့်အစေအပါးသည် သခင့်အား စကားတစ်ခွန်းလျှောက်ပါရစေ။ သခင့်အစေအပါးအပေါ် အမျက်မထွက်ပါနှင့်။
ထိုနောက်ယုဒသည်ယောသပ်ထံသို့ချဉ်းကပ် ၍``အရှင်အားစကားတစ်ခွန်းကိုလျှောက်တင် ပါရစေ။ ကျွန်တော်အားအမျက်ထွက်တော်မ မူပါနှင့်။ အရှင်သည်ဖာရောဘုရင်ကဲ့သို့ ပင်ကြီးမြတ်တော်မူပါ၏။-
ယု ဒ သည် ချဉ်း ကပ် လျက် အ ရှင် ဘု ရား၊ ကျွန် တော် မျိုး အား လျှောက် ထား အ သ နား တော် ခံ ခွင့် ကို ပေး တော် မူ ပါ။ အ ရှင် သည် ဖာ ရော မင်း နှင့် မ ခြား သော ကြောင့် ကျွန် တော် မျိုး အ ပေါ် တွင် ဒေါ သ မီး လောင် တော် မ မူ ပါ နှင့်။
ထိုအခါ ယုဒသည်ချဉ်းကပ်လျက်၊ သခင်ဘုရား၊ ကိုယ်တော်ကျွန်သည် စကားတစ်ခွန်းဖြင့် နားတော်လျှောက်ရသောအခွင့်ကို ပေးတော်မူပါ။ ကိုယ်တော်ကျွန်၌ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်သည် ဖာရောဘုရင်ကဲ့သို့ ဖြစ်တော်မူ၏။
တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ် ထပ်၍လျှောက်ထားပါရစေ။ ထိုအရပ်တွင် အယောက်သုံးဆယ် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုအရပ်တွင် အယောက်သုံးဆယ်တွေ့လျှင် ထိုအမှုကိုငါမပြုဘဲနေမည်”ဟု မိန့်တော်မူ၏။
တစ်ဖန် အာဗြဟံက “အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ နောက်တစ်ကြိမ်သာ အကျွန်ုပ်လျှောက်ထားပါရစေ။ ထိုအရပ်တွင် ဆယ်ယောက် တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်လျှင် ကိုယ်တော်က “ထိုဆယ်ယောက်အတွက်ကြောင့် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။
ယောသပ်က သူတို့အား “အကျွန်ုပ်မက်သော အိပ်မက်ကို ပြောပြမည်။ နားထောင်ကြပါ။
အကျွန်ုပ်တို့သည် လယ်၌ ကောက်လှိုင်းများစည်းနေကြရာ အကျွန်ုပ်၏ကောက်လှိုင်းစည်းသည် ထ၍ မတ်တတ်ရပ်လေ၏။ ထိုအခါ အစ်ကိုတို့၏ကောက်လှိုင်းစည်းများသည် ဝိုင်းလာ၍ အကျွန်ုပ်၏ကောက်လှိုင်းစည်းရှေ့၌ ပျပ်ဝပ်ကြ၏”ဟု ဆိုလေ၏။
သူ့အစ်ကိုတို့ကလည်း “သင်သည် ငါတို့ကို အမှန်ပင်စိုးစံမည်လော။ ငါတို့ကို အမှန်ပင်အုပ်စိုးမည်လော”ဟု ဆို၍ သူ၏အိပ်မက်ကြောင့်လည်းကောင်း၊ သူ၏စကားတို့ကြောင့်လည်းကောင်း သူ့ကိုပို၍ပင်မုန်းကြ၏။
သင်သည် ငါ၏နန်းတော်အုပ်ဖြစ်ရမည်။ ငါ၏လူအပေါင်းတို့သည် သင်၏အမိန့်ကိုနာခံကြရမည်။ ငါသည် ရာဇပလ္လင်အားဖြင့်သာ သင့်ထက်ကြီးမြတ်မည်”ဟု မိန့်ဆို၏။
ထို့ပြင် ဖာရောမင်းကြီးက ယောသပ်အား “ငါသည် ဖာရောမင်းကြီးဖြစ်၏။ သို့သော်လည်း သင်ခွင့်မပြုလျှင် အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူတစ်စုံတစ်ယောက်မျှ မိမိလက်၊ မိမိခြေကိုမကြွရ”ဟု မိန့်ဆိုလေ၏။
သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။
ထိုအမျိုးသမီးကလည်း “အရှင့်ကျွန်မသည် အကျွန်ုပ်သခင်အရှင်မင်းကြီးအား စကားတစ်ခွန်းကိုလျှောက်တင်ပါရစေ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “လျှောက်စေ”ဟု ခွင့်ပြု၏။
သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။
အို ယောဘ၊ အကျွန်ုပ်ကို အာရုံစိုက်နားထောင်ပါလော့။ တိတ်တိတ်နေပါလော့။ အကျွန်ုပ်ပြောမည်။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ် အမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏သဝန်တိုခြင်းသည် မီးကဲ့သို့ တောက်လောင်လျက်နေမည်လော။
အာရုန်က “အကျွန်ုပ်၏သခင်၊ အမျက်ထွက်တော်မမူပါနှင့်။ ဤလူတို့သည် မကောင်းမှုကိုပြုတတ်ကြောင်း သခင်သိပါ၏။
ရှင်ဘုရင်၏အမျက်ဒေါသသည် ခြင်္သေ့ပျိုဟောက်သကဲ့သို့ဖြစ်၏။ သူ၏ကျေးဇူးပြုခြင်းမူကား မြက်ပင်ပေါ်မှနှင်းစက်ကဲ့သို့ဖြစ်၏။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။
ထိုသို့ ဘုန်းတန်ခိုးကို ပေးတော်မူသောကြောင့် နိုင်ငံအသီးသီးမှ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအပေါင်းတို့သည် သူ၏ရှေ့တွင် ကြောက်ရွံ့တုန်လှုပ်ကြရပါ၏။ သူသည် သတ်လိုသောသူကို သတ်၍ အသက်ချမ်းသာပေးလိုသောသူကို ပေးပါ၏။ ချီးမြှောက်လိုသောသူကို ချီးမြှောက်၍ နှိမ့်ချလိုသောသူကို နှိမ့်ချပါ၏။
လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသကဲ့သို့ သားတော်ကိုရိုသေကြရန် ခမည်းတော်သည် မည်သူ့ကိုမျှတရားစီရင်တော်မမူဘဲ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားပေးအပ်တော်မူပြီ။ သားတော်ကိုမရိုသေသောသူသည် သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကိုမရိုသေ။
ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။