ဧသတာ 1:12 - မြန်မာ့စံမီသမ္မာကျမ်း12 သို့သော် မိဖုရားဝါရှတိသည် မိန်းမစိုးတို့မှတစ်ဆင့်မိန့်မှာလိုက်သည့် ရှင်ဘုရင်အမိန့်ကိုငြင်းဆန်ပြီး မလာဘဲနေ၏။ ထို့ကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍ ဒေါသမီးတောက်လောင်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible12 မိ ဖု ရား သည် မိန်း မ စိုး တို့ ပြန် ကြား သော အ မိန့် တော် ကို ဖီ ဆန်၍ မ လာ သည့် အ တွက်၊ ဘု ရင် မင်း ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 သို့ရာတွင် မိန်းမစိုးဆင့်ဆိုသော အမိန့်တော်ကို၊ မိဖုရားသည် ငြင်းဆန်၍ မလာဘဲနေ၏။ ထိုကြောင့် ရှင်ဘုရင်သည် အမျက်ထွက်၍၊ ဒေါသမီးလောင်လျက် နေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
ထိုနည်းတူ ဇနီးသည်တို့၊ မိမိတို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့သောခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကိုမယုံကြည်ကြလျှင်ပင် သင်တို့၏ကြောက်ရွံ့ရိုသေမှုနှင့် သန့်ရှင်းစင်ကြယ်သောအသက်ရှင်နေထိုင်မှုကိုမြင်လျက် ဇနီးသည်၏စကားအားဖြင့်မဟုတ်ဘဲ အသက်ရှင်နေထိုင်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မည်။