ကမ္ဘာဦး 44:17 - မြန်မာ့စံမီသမ္မာကျမ်း17 သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ယောသပ်က``ထိုသို့ငါမပြုလုပ်နိုင်။ ဖလား နှင့်တွေ့ရသူကိုသာလျှင်ငါ၏ကျွန်ဖြစ်စေ မည်။ ကျန်သောသူတို့သည်သင်တို့၏အဖထံ သို့ဘေးကင်းလုံခြုံစွာပြန်သွားကြလော့''ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ယော သပ် က၊ ထို သို့ ပြု ရန် ငါ နှင့် ကင်း ဝေး လေ စွ။ အ ကြင် သူ့ လက်၌ ငါ့ ဖ လား ကို တွေ့၏။ ထို သူ သာ လျှင် ငါ့ ကျွန် ဖြစ် စေ၊ သင် တို့ မူ ကား အ ဘ ထံ သို့ ချမ်း သာ စွာ ပြန် သွား ကြ လော့ ဟု စီ ရင် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ထိုသို့ငါမပြုရ။ အကြင်သူ၏လက်၌ ငါ့ဖလားကိုတွေ့၏။ ထိုသူသည် ငါ့ကျွန်ဖြစ်စေ။ သင်တို့မူကား အဘထံသို့ ငြိမ်ဝပ်စွာသွားကြလော့ဟု စီရင်လေ၏။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
ယုဒက “အကျွန်ုပ်တို့သည် သခင့်အား မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ မည်သို့ဆိုနိုင်ပါမည်နည်း။ အကျွန်ုပ်တို့ဖြောင့်မတ်ကြောင်း မည်သို့သက်သေပြနိုင်ပါမည်နည်း။ ဘုရားသခင်သည် သခင့်အစေအပါးတို့၏ဒုစရိုက်ကိုတွေ့မြင်တော်မူပြီ။ လက်ဝယ်၌ခွက်ရှိသောသူမှစ၍ အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်လေ၏။