Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 44:18 - Common Language Bible

18 ထို​နောက်​ယု​ဒ​သည်​ယော​သပ်​ထံ​သို့​ချဉ်း​ကပ် ၍``အ​ရှင်​အား​စ​ကား​တစ်​ခွန်း​ကို​လျှောက်​တင် ပါ​ရ​စေ။ ကျွန်​တော်​အား​အ​မျက်​ထွက်​တော်​မ မူ​ပါ​နှင့်။ အ​ရှင်​သည်​ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ပင်​ကြီး​မြတ်​တော်​မူ​ပါ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ယု ဒ သည် ချဉ်း ကပ် လျက် အ ရှင် ဘု ရား၊ ကျွန် တော် မျိုး အား လျှောက် ထား အ သ နား တော် ခံ ခွင့် ကို ပေး တော် မူ ပါ။ အ ရှင် သည် ဖာ ရော မင်း နှင့် မ ခြား သော ကြောင့် ကျွန် တော် မျိုး အ ပေါ် တွင် ဒေါ သ မီး လောင် တော် မ မူ ပါ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​အ​ခါ ယု​ဒ​သည်​ချဉ်း​ကပ်​လျက်၊ သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ကျွန်​သည် စ​ကား​တစ်​ခွန်း​ဖြင့် နား​တော်​လျှောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ကိုယ်​တော်​ကျွန်၌ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​သည် ဖာ​ရော​ဘု​ရင်​ကဲ့​သို့ ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထိုအခါ ယုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​အို​၊ အကျွန်ုပ်​သခင်​၊ သခင်​သည် ဖာရော​မင်းကြီး​ကဲ့သို့​ဖြစ်​ပါ​၏​။ သခင့်​အစေအပါး​သည် သခင့်​အား စကား​တစ်ခွန်း​လျှောက်​ပါရစေ​။ သခင့်​အစေအပါး​အပေါ် အမျက်​မ​ထွက်​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 44:18
19 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက် ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​ထပ်​၍​လျှောက် တင်​ပါ​ရ​စေ။ အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် မြို့​ကို​ဖျက်​ဆီး​ပစ်​ဦး​မည်​လော'' မေး​လျှောက် ပြန်​၏။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​သုံး​ဆယ်​ရှိ​လျှင် ငါ​သည်​မြို့​ကို​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။


နောက်​တစ်​ဖန်​အာ​ဗြ​ဟံ​က``အို ဘု​ရား​ရှင်၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​တစ် ကြိမ်​သာ​ထပ်​၍​လျှောက်​တင်​ပါ​ရ​စေ။ အ​ပြစ် မဲ့​သူ​ဆယ်​ယောက်​မျှ​သာ​ရှိ​လျှင် မြို့​ကို​ဖျက် ဆီး​ပစ်​ဦး​မည်​လော'' ဟု​လျှောက်​ပြန်​သည်။ ကိုယ်​တော်​က``အ​ပြစ်​မဲ့​သူ​ဆယ်​ယောက်​ရှိ လျှင် မြို့​ကို​ငါ​မ​ဖျက်​ဆီး'' ဟု​မိန့်​တော်​မူ​၏။-


ယော​သပ်​က​သူ​တို့​အား``ကျွန်​တော်​မြင်​မက် သော​အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ။-


ကျွန်​တော်​တို့​သည်​လယ်​ထဲ​၌​ကောက်​လှိုင်း​များ ကို​စည်း​နေ​ကြ​စဉ် ကျွန်​တော်​၏​ကောက်​လှိုင်း​စည်း သည်​လဲ​ရာ​မှ​ထောင်​မတ်​လာ​၏။ အစ်​ကို​တို့​၏ ကောက်​လှိုင်း​စည်း​များ​သည်​ကျွန်​တော်​၏​ကောက် လှိုင်း​စည်း​ကို​ဝိုင်း​လာ​ပြီး​လျှင်​ဦး​ညွှတ်​ရှိ​ခိုး ကြ​ပါ​သည်'' ဟု​ပြော​ပြ​လေ​၏။


အစ်​ကို​တို့​က``သင်​က​ငါ​တို့​အ​ပေါ်​မှာ​မင်း ပြု​လို​သ​လော။ ငါ​တို့​ကို​အုပ်​စိုး​မည်​လော''ဟု မေး​လေ​၏။ ထို​သို့​ယော​သပ်​သည်​သူ​၏​အိပ်​မက် အ​ကြောင်း​ကို​ဖော်​ပြ​မိ​သ​ဖြင့် သူ​တို့​က​သူ့ ကို​ပို​၍​ရွံ​မုန်း​ကြ​၏။


ငါ​သည်​သင့်​အား​ငါ့​တိုင်း​ပြည်​ကို​အုပ်​ချုပ် စေ​မည်။ ငါ​၏​ပြည်​သား​အား​လုံး​တို့​သည် သင်​၏​အ​မိန့်​ကို​နာ​ခံ​ရ​မည်။ ထီး​နန်း​အ​ရိုက် အ​ရာ​အား​ဖြင့်​သာ​လျှင်​သင့်​ထက်​ငါ​ကြီး မြတ်​မည်။-


ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။-


ယော​သပ်​က``ထို​သို့​ငါ​မ​ပြု​လုပ်​နိုင်။ ဖ​လား နှင့်​တွေ့​ရ​သူ​ကို​သာ​လျှင်​ငါ​၏​ကျွန်​ဖြစ်​စေ မည်။ ကျန်​သော​သူ​တို့​သည်​သင်​တို့​၏​အဖ​ထံ သို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​ပြန်​သွား​ကြ​လော့''ဟု ဆို​လေ​၏။


အ​မျိုး​သ​မီး​က``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​စ​ကား​တစ်​ခွန်း​ထပ်​မံ​လျှောက်​ထား ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​သော​အ​ခါ၊ မင်း​ကြီး​က``လျှောက်​လော့'' ဟု​ဆို​၏။


သို့​ရာ​တွင်​ဝါ​ရှ​တိ​သည်​ဘု​ရင့်​အ​မိန့်​တော် ကို​ဖီ​ဆန်​၍ ရှေ့​တော်​သို့​မ​ဝင်​ဘဲ​နေ​သ​ဖြင့် မင်း​ကြီး​သည်​အ​မျက်​ဒေါ​သ​ခြောင်း​ခြောင်း ထွက်​တော်​မူ​လေ​သည်။


အိုယောဘ၊ ငါ့စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ် အ​မျက်​ထွက်​လျက်​နေ​တော်​မူ​ပါ​မည်​လော။ အ​မျက်​တော်​သည်​မ​ပြေ​ဘဲ​မီး​ကဲ့​သို့​တောက်​လောင် နေ​ပါ​မည်​လော။


အာ​ရုန်​က``အ​ကျွန်ုပ်​ကို​အ​မျက်​မ​ထွက်​ပါ နှင့်။ ဤ​သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​ရန် မည် မျှ​လောက်​စိတ်​ဆန္ဒ​ကြီး​ကြောင်း​ကိုယ်​တော် သိ​ပါ​၏။-


ရှင်ဘုရင်၏အမျက်တော်သည် ခြင်္သေ့ဟောက် သကဲ့သို့ဖြစ်၏။ ကျေးဇူးတော်မူကား၊ မြက်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။


ယ​ခု​သင်​တို့​သည်​တံ​ပိုး​ခ​ရာ၊ ပ​လွေ၊ စောင်း ငယ်၊ ပတ်​သာ၊ စောင်း​ကြီး​နှင့်​အ​ခြား​တူ​ရိ ယာ​များ​တီး​မှုတ်​သံ​ကို​ကြား​သည်​နှင့်​တစ် ပြိုင်​နက်​ရွှေ​ရုပ်​ကြီး​ကို​ဦး​ညွှတ်​ရှိ​ခိုး​ကြ လော့။ အ​ကယ်​၍​ရှိ​မ​ခိုး​ကြ​ပါ​က​သင်​တို့ သည်​ပြင်း​စွာ​အ​လျှံ​ထ​လျက်​နေ​သော​မီး ဖို​ထဲ​သို့​ချက်​ချင်း​ပစ်​ချ​ခြင်း​ကို​ခံ​ရ ကြ​လတ္တံ့။ သင်​တို့​အား​ကယ်​နိုင်​မည့်​ဘု​ရား ရှိ​သည်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။


သူ​သည်​လွန်​စွာ​ကြီး​မြတ်​တော်​မူ​သ​ဖြင့် ဘာ သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သူ​လူ​မျိုး အ​သီး​သီး​နှင့် နိုင်​ငံ​အ​သီး​သီး​တို့​ရှိ​လူ အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ ပါ​၏။ သူ​သည်​မိ​မိ​ကွပ်​မျက်​လို​သူ​ကို​ကွပ် မျက်​၍​အ​သက်​ရှင်​စေ​လို​သူ​ကို​ရှင်​စေ တော်​မူ​ခဲ့​ပါ​၏။ ချီး​မြှောက်​လို​သူ​ကို​ချီး မြှောက်​၍​နှိမ့်​ချ​လို​သူ​ကို​နှိမ့်​ချ​တော်​မူ ခဲ့​ပါ​၏။-


ခ​မည်း​တော်​သည်​အ​ဘယ်​သူ​ကို​မျှ​တ​ရား စီ​ရင်​တော်​မ​မူ။-


``ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​နာ​မည်​ကျော်​အ​ဖ ဖြစ်​သော​ဒါ​ဝိဒ်​မင်း​၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား​ရှင်း​လင်း​စွာ​ဖော်​ပြ​ပါ​ရ​စေ။ သူ သည်​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​၏။ သူ​၏ သင်္ချိုင်း​သည်​ယ​နေ့​တိုင်​အောင်​ငါ​တို့​မျက်​မှောက် တွင်​ရှိ​သေး​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ