သူတို့ကလည်း “ထိုသူက ‘သင်တို့၏ဖခင်အသက်ရှင်သေးသလော။ သင်တို့၌ညီရှိသလော’ဟု ဆိုလျက် အကျွန်ုပ်တို့အကြောင်း၊ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းသောကြောင့် အကျွန်ုပ်တို့သည် ထိုစကားများအလိုက် သူ့ကိုပြန်ဖြေရပါ၏။ ‘သင်တို့ညီကိုခေါ်ဆောင်ခဲ့လော့’ဟု သူပြောလိမ့်မည်ကို အကျွန်ုပ်တို့အမှန်သိနိုင်ပါမည်လော”ဟု ပြန်ပြောကြ၏။