ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။
ကမ္ဘာဦး 42:21 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။ Common Language Bible ထိုနောက်သူတို့အချင်းချင်းက``အကယ်စင်စစ် ငါတို့ညီအားပြုခဲ့သမျှအတွက် ယခုငါတို့ ခံရကြလေပြီ။ သနားညှာတာရန်ငါတို့၏ညီ ကတောင်းပန်သောအခါ ငါတို့သည်သူ၏စိတ် ဆင်းရဲခြင်းကိုမြင်လျက်နှင့်သူ့အားမသနား မညှာတာခဲ့ချေ။ ထို့ကြောင့်ငါတို့သည်ယခု ဝဋ်လည်နေရကြ၏'' ဟုပြောဆိုကြ၏။ Garrad Bible ထို အ ခါ သူ တို့ က၊ အ ကယ် စင် စစ် ငါ တို့ သည် ညီ့ အ မှု နှင့် စပ် လျဉ်း ၍ အ ပြစ် ကြီး ကြ ၏။ ငါ တို့ ကို တောင်း ပန် သော အ ခါ သူ့ စိတ် ဆင်း ရဲ ခြင်း ကို မြင် လျက် နှင့် မ နာ ခံ ဘဲ နေ ကြ၏။ ထို ကြောင့် ငါ တို့ အ ပေါ် သို့ ဤ ဒု က္ခ ရောက် လေ ပြီ ဟု အ ချင်း ချင်း ပြော ဆို ကြ ရာ၊ Judson Bible ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့သည် ညီ၏အမှု၌အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲခြင်းကို ငါတို့သည်မြင်လျက်နှင့် နားမထောင်ဘဲနေကြ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခုရောက်လာပြီဟု တစ်ယောက်ကိုတစ်ယောက် ပြောဆိုကြ၏။ |
ထိုအခါ ဖလားတော်ဝန်က ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ယနေ့ ကိုယ့်အပြစ်ကို ကိုယ်အောက်မေ့ပါ၏။
ယုဒက “အကျွန်ုပ်တို့သည် သခင့်အား မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ မည်သို့ဆိုနိုင်ပါမည်နည်း။ အကျွန်ုပ်တို့ဖြောင့်မတ်ကြောင်း မည်သို့သက်သေပြနိုင်ပါမည်နည်း။ ဘုရားသခင်သည် သခင့်အစေအပါးတို့၏ဒုစရိုက်ကိုတွေ့မြင်တော်မူပြီ။ လက်ဝယ်၌ခွက်ရှိသောသူမှစ၍ အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်လေ၏။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သည် ယောသပ်ဖြစ်၏။ အကျွန်ုပ်၏ဖခင် အသက်ရှင်သေးသလော”ဟု မေး၏။ သို့သော် ညီအစ်ကိုတို့သည် ယောသပ်ရှေ့၌ ထိတ်လန့်နေကြသဖြင့် သူ့ကိုပြန်မဖြေနိုင်ကြ။
ယောသပ်၏အစ်ကိုတို့သည် မိမိတို့ဖခင်သေဆုံးပြီဖြစ်ကြောင်းသိမြင်လျှင် သူတို့က “ယောသပ်သည် သူ့အပေါ်ငါတို့ပြုခဲ့သည့်မကောင်းမှုရှိသမျှအတွက် အငြိုးထားလျှင် ငါတို့ကို ပြန်၍လက်စားချေလိမ့်မည်”ဟု ဆိုပြီး
ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
လူ့အသက်သတ်ခြင်းအပြစ်ဝန်ကို ထမ်းသောသူသည် သေတွင်းထဲရောက်သည့်တိုင်အောင် ထွက်ပြေးတိမ်းရှောင်နေရလိမ့်မည်။ မည်သူမျှသူ့ကိုမထောက်မစေနှင့်။
သင့်ကို လမ်းခရီး၌ ပို့ဆောင်ခဲ့စဉ်က သင်၏ဘုရားသခင်ထာဝရဘုရားကို သင်စွန့်ပယ်သောကြောင့် သင်၌ ဤသို့ ဖြစ်ရသည်မဟုတ်လော။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်၏အပြုအမူ၊ အကျင့်အကြံတို့ကြောင့် ဤအမှုတို့သည် သင့်အပေါ် ကျရောက်လေပြီ။ ဤသည်ကား သင်၏ဆိုးညစ်မှုပေတည်း။ မည်မျှ ခါးသီးသနည်း။ မည်မျှ စိတ်နာကျင်ဖွယ်ကောင်းသနည်း။
သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”
ထိုသို့မပြုလျှင် သင်တို့သည် ထာဝရဘုရားကိုပြစ်မှားပြီဖြစ်၍ သင်တို့အပြစ်အတွက် သင်တို့ ခံရမည်ဟု သိမှတ်ကြလော့။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
အကြောင်းမူကား အကျွန်ုပ်၌ ညီအစ်ကိုငါးဦးရှိပါ၏။ သူတို့သည် ဝေဒနာခံရာ ဤအရပ်သို့ မရောက်မည့်အကြောင်း သူတို့အား သွား၍သတိပေးစေလိုပါ၏’ဟု လျှောက်လေ၏။
ယုံကြည်သူ များစွာတို့သည်လည်း လာ၍ မိမိတို့ပြုမိသောအရာများကို ထုတ်ဖော်ဝန်ခံကြ၏။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
ငါတို့သည် ကိုယ့်အပြစ်များကိုဖော်ပြဝန်ခံလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံ၍ ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ငါတို့၏အပြစ်များကိုခွင့်လွှတ်ပြီး ငါတို့ကို မတရားမှုရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။