Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 50:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ယောသပ်​၏​အစ်ကို​တို့​သည် မိမိ​တို့​ဖခင်​သေဆုံး​ပြီ​ဖြစ်ကြောင်း​သိမြင်​လျှင် သူ​တို့​က “​ယောသပ်​သည် သူ့​အပေါ်​ငါ​တို့​ပြု​ခဲ့​သည့်​မကောင်းမှု​ရှိသမျှ​အတွက် အငြိုးထား​လျှင် ငါ​တို့​ကို ပြန်​၍​လက်စားချေ​လိမ့်မည်​”​ဟု ဆို​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ယာ​ကုပ်​အ​နိစ္စ​ရောက်​ပြီး​နောက်​ညီ​အစ်​ကို​တို့ က``ငါ​တို့​သည်​ယော​သပ်​အား​ဒုက္ခ​ရောက်​စေ​ခဲ့ သည့်​အ​တွက် သူ​က​အ​ငြိုး​ထား​၍​လက်​စား​ချေ မည်​ကို​စိုး​ရိမ်​ရ​သည်'' ဟု​အ​ချင်း​ချင်း​ပြော ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယော သပ် အစ် ကို တို့ သည် အ ဘ သေ ကြောင်း သိ၍ ငါ တို့ ပြု ခဲ့ သ မျှ သော အ ဆိုး ကို ယော သပ် ရန် ငြိုး ထား လျက် လက် စား ချေ မည် ဟု စိုး ရိမ် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယော​သပ်​အစ်​ကို​တို့​သည် အ​ဘ​သေ​သည်​ကို​သိ​မြင်​လျှင်၊ ငါ​တို့​ကို ယော​သပ်​သည် အ​ငြိုး​ထား​ကောင်း​ထား​လိမ့်​မည်။ ငါ​တို့​သည် အ​ထက်​က​သူ့​ကို​ညှဉ်း​ဆဲ​သော​ကြောင့်၊ ငါ​တို့​အား​ဧ​ကန်​အ​မှန်​ပြန်၍ ညှဉ်း​ဆဲ​လိမ့်​မည်​ဟု​စိုး​ရိမ်​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 50:15
13 ပူးပေါင်းရင်းမြစ်များ  

ယောသပ်​သည် အစ်ကို​တို့​ထံသို့​မ​ရောက်​မီ အစ်ကို​တို့​သည် သူ့​ကို အဝေး​မှ​လှမ်းမြင်​၍ သူ့​ကို​သတ်​ရန်​တိုင်ပင်​လျက်


မိဒျန်​လူမျိုး​ကုန်သည်​တို့​ဖြတ်လာ​ကြ​သောအခါ အစ်ကို​တို့​သည် ယောသပ်​ကို တွင်း​ထဲမှ​ဆွဲ​ထုတ်​၍ ငွေ​ရှယ်ကယ်​နှစ်ဆယ်​ဖြင့် ယောသပ်​ကို​ဣရှမေလ​လူမျိုး​တို့​ထံ​ရောင်း​လိုက်​၏​။ ထို​သူ​တို့​သည်​လည်း ယောသပ်​ကို အီဂျစ်​ပြည်​သို့​ခေါ်ဆောင်​သွား​ကြ​၏​။


ယောသပ်​သည် သူ​တို့​ကို​သုံး​ရက် အကျဉ်း​ချ​ထား​လေ​၏​။


ဖခင်​ကို သင်္ဂြိုဟ်​ပြီးနောက် ယောသပ်​သည် မိမိ​ညီအစ်ကို​တို့​မှစ၍ ဖခင်​ကို​သင်္ဂြိုဟ်​ရန်​လိုက်ပါ​သွား​သော​သူ​အပေါင်း​တို့​နှင့်အတူ အီဂျစ်​ပြည်​သို့ ပြန်လာ​၏​။


သူ​တို့​သည် ယောသပ်​ထံသို့ လူ​လွှတ်​၍ “​သခင့်​ဖခင်​မ​ကွယ်လွန်​မီ​က


ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​၏ မျိုးဆက်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​ပြီ​တကား​။


သူ​တို့​သည် ကြောက်ရွံ့စရာ​မ​ရှိ​ဘဲ အလွန်​ကြောက်ရွံ့​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​သည် သင့်​တစ်ဖက်​၌ တပ်ချ​ထား​သော​သူ​တို့​၏​အရိုး​များ​ကို ပြန့်ကျဲ​စေ​တော်မူ​၏​။ ဘုရားသခင်​သည် သူ​တို့​ကို​စွန့်ပယ်​တော်မူ​သောကြောင့် သင်​သည် သူ​တို့​ကို​အရှက်ကွဲ​စေ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် လိုက်​သော​သူ​မ​ရှိ​ဘဲ​လျက် ထွက်ပြေး​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ခြင်္သေ့ပျို​ကဲ့သို့​ရဲရင့်တည်ကြည်​၏​။


သင်​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ရန်သူ​တို့​၏​ပြည်​၌​နေ​ကြ​ရ​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ထိတ်လန့်​ခြင်း​ကို ငါ​သွင်း​မည်​။ လေ​တိုက်​၍​လှုပ်​သော​သစ်ရွက်​အသံ​သည် သူ​တို့​ကို​ထွက်ပြေး​စေ​လိမ့်မည်​။ သူ​တို့​သည် လိုက်​သော​သူ​မ​ရှိ​သော်လည်း ဓားဘေး​မှ​ထွက်ပြေး​သော​သူ​ကဲ့သို့ ပြေး​ကြ​၍ လဲကျ​ကြ​လိမ့်မည်​။


မိမိ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို ပြသ​လျက်​ရှိ​ကြ​၏။ သူ​တို့​၏​အသိစိတ်​သည်​လည်း အတူတကွ​သက်သေခံ​၍ သူ​တို့​၏​စဉ်းစား​ဆင်ခြင်​မှု​တို့​သည် အချင်းချင်း​စွပ်စွဲ​တစ်ခါ ကာကွယ်​တစ်လှည့်​ပြု​နေ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ