ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
ကမ္ဘာဦး 39:7 - မြန်မာ့စံမီသမ္မာကျမ်း နောက်ပိုင်းတွင် သခင်၏မယားသည် ယောသပ်ကိုနှစ်သက်တပ်မက်၍ “ငါနှင့်အိပ်ပါ”ဟု ဆိုလျှင် Common Language Bible ယောသပ်သည်ကိုယ်လုံးကိုယ်ပေါက်ကောင်း၍ လူ ချောလူလှတစ်ယောက်ဖြစ်ရကားကာလအတန် ကြာသောအခါ သူ့သခင်မသည်ယောသပ်အား စွဲလန်းလာသဖြင့်သူနှင့်အတူအိပ်ရန်ဖြား ယောင်းလေ၏။- Garrad Bible ထို နောက် သ ခင့် မ ယား သည် ယော သပ် ကို အ ကြည့် ထူး၍ ငါ နှင့် အ တူ အိပ် စက် ပါ ဟု ဆို လျှင်၊ Judson Bible ထိုနောက်မှသခင်၏မယားသည် ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါဟုဆို၏။ |
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
အာမနုန်စားဖို့ မုန့်ကိုကမ်းပေးလိုက်သောအခါ အာမနုန်က သူ့ကိုဖမ်းဆွဲပြီး “ငါ့နှမ လာပါ။ ငါနှင့်အတူ အိပ်ပါ”ဟု ဆို၏။
ငါ့မျက်စိနှင့် ကတိပြုထားပြီဖြစ်၍ မိန်းမပျိုကို အဘယ်သို့ကြည့်နိုင်မည်နည်း။
အချည်းနှီးသောအရာကိုမကြည့်မိစေရန် အကျွန်ုပ်၏မျက်စိကိုလွှဲတော်မူပါ။ ကိုယ်တော်၏လမ်း၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အကျင့်ဖောက်ပြားသောမိန်းမနှင့် စကားတို့ဖြင့်မြှူဆွယ်တတ်သော ကိုယ်ကျင့်တရားပျက်ပြားသည့်မိန်းမ၏လက်မှလည်း သင့်ကိုကယ်နုတ်လိမ့်မည်။
သို့မဟုတ်လျှင် သင်သည် သင်၏ဂုဏ်သိက္ခာကို သူတစ်ပါးတို့အားလည်းကောင်း၊ သင်၏နှစ်ကာလများကို ရက်စက်သောသူအားလည်းကောင်း ပေးအပ်ရလိမ့်မည်။
အကြောင်းမူကား ပြည့်တန်ဆာမတစ်ယောက်ကို မုန့်တစ်လုံးဖြင့်ရနိုင်၏။ လင်ရှိမယားမူကား အဖိုးတန်သောအသက်ကို လိုက်ဖမ်းတတ်၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
လမ်းဆုံလမ်းခွတိုင်း၌ အထွတ်အမြတ်ထားရာနေရာကိုတည်၏။ သင်၏အလှကို စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်စေ၏။ သင်၏ခြေကိုကားပြီး ဖြတ်သန်းသွားသူအပေါင်းတို့နှင့် ထပ်ခါတလဲလဲဖောက်ပြန်မှားယွင်း၏။
ဖောက်ပြန်သောမိန်းမ၊ သင်သည် ကိုယ့်ခင်ပွန်းအစား သူစိမ်းယောက်ျားများကို တပ်မက်ပါသည်တကား။
သင်သည် ပြည့်တန်ဆာအလုပ်လုပ်ရာ၌ အခြားမိန်းမတို့နှင့်မတူ။ သင်နှင့်ဖောက်ပြန်မှားယွင်းဖို့ မည်သူမျှတောင်းဆိုစရာမလို။ သင်က အဖိုးအခမယူ၊ အဖိုးအခကိုပေးသူဖြစ်၍ အခြားမိန်းမတို့နှင့်ခြားနား၏’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
သူတို့၏မျက်စိသည် ဖောက်ပြန်လိုသောဆန္ဒနှင့်ပြည့်နှက်၍ အပြစ်ပြုရာမှရပ်တန့်ခြင်းမရှိကြ။ သူတို့သည် စိတ်မတည်ကြည်သောသူတို့ကို လှည့်ဖြားဆွဲဆောင်လျက် လောဘလွန်ကျူးခြင်း၌ကျင့်သားရသော စိတ်နှလုံးရှိ၍ ကျိန်ဆဲခြင်း၏သားသမီးများဖြစ်ကြ၏။
အကြောင်းမူကား လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်၌ကြွားဝါခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။