Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:32 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

32 ဖောက်ပြန်​သော​မိန်းမ​၊ သင်​သည် ကိုယ့်​ခင်ပွန်း​အစား သူစိမ်း​ယောက်ျား​များ​ကို တပ်မက်​ပါ​သည်​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

32 သင်​သည်​ကား​မိ​မိ​၏​ခင်​ပွန်း​ကို​ချစ်​မြတ် နိုး​မည့်​အ​စား သူ​စိမ်း​တစ်​ရံ​ဆံ​များ​နှင့် မေ​ထုန်​မှီ​ဝဲ​လို​သည့်​မိန်း​မ​နှင့်​တူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

32 ကိုယ်​မ​ဆိုင်​သော ယောက်ျား​ကို ကိုယ်​လင်၏​ကိုယ်​စား​လက်​ခံ၍ မျောက်​မ​ထား​သော မိန်း​မ​နှင့်​တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:32
15 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ကျွန်မ​၏​ခင်ပွန်း​သည် အိမ်​မှာ​မ​ရှိ​။ ရပ်ဝေး​သို့ ခရီး​သွား​နေ​၏​။


‘​ဖိနပ်မပါ​ဘဲ​မသွား​နှင့်​၊ အာခေါင်​မ​ခြောက်​စေ​နှင့်​’​ဟု သတိပေး​သော်လည်း သင်​က ‘​မမျှော်လင့်​နှင့်​။ သူစိမ်း​ကို ငါ​တကယ်​ချစ်​မိ​ပြီ​ဖြစ်၍ သူ​တို့​နောက်သို့​လိုက်​တော့​မည်​’​ဟု ဆို​၏​။


သင့်​အတွက် သင်​လုပ်​သော ဘုရား​များ​သည် အဘယ်မှာ​နည်း​။ သင်​ဒုက္ခ​ရောက်​ချိန်​၌ ထို​ဘုရား​တို့​သည် သင့်​ကို ကယ်တင်​နိုင်​လျှင် ထ​၍​ကယ်​ကြ​ပါစေ​။ အို ယုဒ​ပြည်​၊ သင့်​မြို့​အရေအတွက်​များ​သည်​နှင့်အမျှ သင့်​ဘုရား​သည်​လည်း များ​ပါ​သည်​တကား​။


ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သို့သော် အို အစ္စရေး​လူမျိုး​၊ မိန်းမ​သည် မိမိ​ယောက်ျား​ကို သစ္စာမဲ့​သကဲ့သို့ သင်​တို့​သည် ငါ့​ကို သစ္စာမဲ့​လေ​ပြီ​”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


‘သင်​သည် လမ်းဆုံလမ်းခွ​တိုင်း​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ လူစည်ကား​သော​နေရာ​တိုင်း​တွင် ပူဇော်​ရာ​ကို​တည်​၏​။ ထိုသို့ ဖောက်ပြန်မှားယွင်း​နေ​သော်လည်း အခကြေးငွေ​မယူ​သောကြောင့် သင်​သည် ပြည့်တန်ဆာ​နှင့်​မ​တူ​။


ပြည့်တန်ဆာမ​တို့​သည် သူ​တို့​ထံ​လာ​သော​လူ​ဆီ​မှ အခကြေးငွေ​ကို ယူ​တတ်​ကြ​၏​။ သင်​မူကား သင်​ချစ်​သော​သူ​တို့​ကို အခကြေးငွေ​ပေး​တတ်​၏​။ အရပ်တကာ​မှ​ယောက်ျား​တို့ သင့်​ထံ​လာ​၍ သင်​နှင့်​ဖောက်ပြန်မှားယွင်း​ဖို့ သင်​သည် သူ​တို့​ကို​ငှားရမ်း​တတ်​၏​။


သင့်​အနား​မှ​ဖြတ်သွား​၍​ကြည့်​သော် သင်​သည် အိမ်ထောင်ပြု​ရ​မည့်​အရွယ်​သို့ ရောက်​လေ​ပြီ​။ ထို့ကြောင့် အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သော​သင့်​ကို ငါ့​ဝတ်လုံစွန်း​ဖြင့် ဖုံးအုပ်​ပေး​၏​။ သင်​နှင့်​သစ္စာဆို​၍ ပဋိညာဉ်ဖွဲ့​၏​။ ထို့ကြောင့် သင့်​ကို ငါ​ပိုင်ဆိုင်​လေ​ပြီ’​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​၏​။ လူ​အသက်သတ်​၏​။ ရုပ်တု​များ​နှင့် ဖောက်ပြန်​၏​။ ငါ့​အဖို့ ဖွားမြင်​သော​သားသမီး​များ​ကို​ပင် ထို​ရုပ်တု​တို့​၏​အစာ​အဖြစ် ပူဇော်​ကြ​၏​။


သူ​တို့​သည် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူ​အသက်သတ်​သော​မိန်းမ ဖြစ်​ကြ​သောကြောင့် အိမ်ထောင်ရေးဖောက်ပြန်​သူ​၊ လူ​အသက်​ကို​သတ်​သူ​တို့​ကို​စီရင်​သည့်​အတိုင်း ဖြောင့်မတ်​သော​သူ​တို့​က သူ​တို့​ကို စီရင်​လိမ့်မည်​။


“သင်​တို့​၏​မိခင်​ကို အပြစ်တင်​ကြ​။ သူ​သည် ငါ့​မယား​မ​ဟုတ်​။ ငါ​သည်​လည်း သူ့​ခင်ပွန်း​မ​ဟုတ်​ကြောင်း ပြောပြ​ကြ​လော့​။ ပြည့်တန်ဆာ​လုပ်ရပ်​တို့​ကို ဖယ်ရှား​၍ သူ့​သားမြတ်​နှင့် မှားယွင်းမှုပြု​ခြင်း​ကို ရပ်တန့်​စေ​လော့​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား “​အခြား​ဘုရား​နောက်​သို့​လိုက်​၍ စပျစ်ပျဉ်​ကို​နှစ်သက်​သော အစ္စရေး​အမျိုးသား​တို့​အား ထာဝရဘုရား ချစ်​သည့်​နည်းတူ အိမ်ထောင်ရှိ​လျက်ပင် အခြား​သူ​တို့​နှင့် အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​ကို တစ်ဖန်​သွား​၍​ချစ်​လော့​”​ဟု မိန့်​တော်မူ​၏​။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ