ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
ကမ္ဘာဦး 37:28 - မြန်မာ့စံမီသမ္မာကျမ်း မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။ Common Language Bible ထိုအတောအတွင်းမိဒျန်အမျိုးသားကုန် သည်အချို့တို့ဖြတ်သန်းရောက်ရှိလာ၏။ သူ တို့သည်ယောသပ်အားတွင်းထဲမှဆွဲတင်၍ ဣရှမေလအမျိုးသားတို့ထံ၌ငွေသား ကျပ်နှစ်ဆယ်ဖြင့်ရောင်းလိုက်ကြသည်။ ထို ကုန်သည်တို့ကယောသပ်အားအီဂျစ်သို့ ခေါ်ဆောင်သွားလေသည်။ Garrad Bible ထို အ ခါ မိ ဒျန် ကုန် သည် တို့ ကူး သန်း ကြ ရာ အစ် ကို တို့ သည် ယော သပ် ကို တွင်း ထဲ မှ ဆွဲ တင် ကြ ပြီး လျှင် အ ဖိုး ငွေ အ ကျပ် နှစ် ဆယ် နှင့် ဣ ရှ မေ လ လူ တို့ အား ရောင်း ချ ၍ ယော သပ် ကို အိ ဂျစ် ပြည် သို့ ထို သူ တို့ ဆောင် သွား ကြ ၏။ Judson Bible ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျှင်၊ ငွေအကျပ်နှစ်ဆယ်အဖိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။ |
ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ယောသပ်သည် အီဂျစ်ပြည်သို့ခေါ်ဆောင်သွားခြင်းခံရ၏။ ထိုပြည်သို့ရောက်သောအခါ အီဂျစ်အမျိုးသား၊ ဖာရောမင်းကြီး၏မှူးမတ်၊ ကိုယ်ရံတော်မှူး ပေါတိဖာသည် ယောသပ်ကိုဣရှမေလလူမျိုးတို့လက်မှ ဝယ်ယူလိုက်၏။
အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
ယောသပ်၏အစ်ကိုတို့သည် မိမိတို့ဖခင်သေဆုံးပြီဖြစ်ကြောင်းသိမြင်လျှင် သူတို့က “ယောသပ်သည် သူ့အပေါ်ငါတို့ပြုခဲ့သည့်မကောင်းမှုရှိသမျှအတွက် အငြိုးထားလျှင် ငါတို့ကို ပြန်၍လက်စားချေလိမ့်မည်”ဟု ဆိုပြီး
ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံရသူ ယောသပ်ကို သူတို့ရှေ့မှစေလွှတ်တော်မူ၏။
မိဒျန်လူမျိုးအပေါ်၌လည်းကောင်း၊ ကိရှုန်ချောင်းနားတွင် သိသရနှင့်ယာဘိန်မင်းကြီးတို့အပေါ်၌လည်းကောင်း ကိုယ်တော်ပြုသကဲ့သို့ သူတို့အပေါ်၌ ပြုတော်မူပါ။
မိဒျန်ယဇ်ပုရောဟိတ်၏သမီးခုနစ်ယောက်သည် ရောက်လာ၍ မိမိတို့ဖခင်၏သိုးဆိတ်တို့ကို ရေတိုက်ရန် ရေခပ်ကြပြီး ရေစားကျင်းများကိုဖြည့်ကြ၏။
မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။
မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။
အသက်ငါးနှစ်အရွယ်မှ အသက်နှစ်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် နှစ်ဆယ်ရှယ်ကယ်၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်ဖြစ်ရမည်။
အသတ်ခံရသောမိဒျန်အမျိုးသမီး၏အမည်မှာ ကောဇဘိဖြစ်၍ သူသည် မိဒျန်လူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုနှင့်ဆိုင်သောမျိုးနွယ်စု၏အကြီးအမှူးဖြစ်သော ဇုရ၏သမီးဖြစ်၏။
“ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
ထိုအခါ “သူတို့သည် တန်ဖိုးဖြတ်ခြင်းခံရသောသူ၏အဖိုးငွေတည်းဟူသော အစ္စရေးအမျိုးသားတို့တန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ အကျွန်ုပ်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အိုးထိန်းသည်၏မြေယာအတွက် ထိုငွေတို့ကိုပေးကြ၏”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူခဲ့သောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
မျိုးနွယ်စုဖခင်တို့သည် ယောသပ်ကိုမနာလိုသဖြင့် အီဂျစ်ပြည်သို့ရောင်းလိုက်ကြ၏။ သို့သော် ဘုရားသခင်သည် သူနှင့်အတူရှိတော်မူ၍
ထိုအခါ အစ္စရေးလူမျိုးတို့က ဂိဒေါင်အား “သင်သည် အကျွန်ုပ်တို့ကို မိဒျန်လူမျိုးတို့လက်မှကယ်တင်ခဲ့သည်ဖြစ်၍ သင်နှင့် သင်၏သားမြေးတို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးပါ”ဟု ဆိုကြ၏။
သို့သော် ဂိဒေါင်က “သင်တို့ဆီမှ တစ်ခုကို တောင်းဆိုလိုပါသည်။ သင်တို့ရထားသော လုယူပစ္စည်းများထဲမှ နားကွင်းတစ်ကွင်းစီကို ငါ့အား ပေးကြလော့”ဟု သူတို့အား ဆို၏။ (မိဒျန်လူမျိုးတို့သည် ဣရှမေလလူမျိုးတို့ကဲ့သို့ ရွှေနားကွင်းများကို ဝတ်ဆင်တတ်ကြ၏။)