ကမ္ဘာဦး 37:28 - Common Language Bible28 ထိုအတောအတွင်းမိဒျန်အမျိုးသားကုန် သည်အချို့တို့ဖြတ်သန်းရောက်ရှိလာ၏။ သူ တို့သည်ယောသပ်အားတွင်းထဲမှဆွဲတင်၍ ဣရှမေလအမျိုးသားတို့ထံ၌ငွေသား ကျပ်နှစ်ဆယ်ဖြင့်ရောင်းလိုက်ကြသည်။ ထို ကုန်သည်တို့ကယောသပ်အားအီဂျစ်သို့ ခေါ်ဆောင်သွားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible28 ထို အ ခါ မိ ဒျန် ကုန် သည် တို့ ကူး သန်း ကြ ရာ အစ် ကို တို့ သည် ယော သပ် ကို တွင်း ထဲ မှ ဆွဲ တင် ကြ ပြီး လျှင် အ ဖိုး ငွေ အ ကျပ် နှစ် ဆယ် နှင့် ဣ ရှ မေ လ လူ တို့ အား ရောင်း ချ ၍ ယော သပ် ကို အိ ဂျစ် ပြည် သို့ ထို သူ တို့ ဆောင် သွား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျှင်၊ ငွေအကျပ်နှစ်ဆယ်အဖိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
အင်္ဒေါရအရပ်တွင်မိဒျန်အမျိုးသား တို့သည်လည်းကောင်း၊ ခိရှုန်မြစ်အနီး၌သိရမင်းနှင့်ယာဘိန်မင်း တို့သည်လည်းကောင်းစစ်ပွဲရှုံးသဖြင့် သူတို့၏အလောင်းများသည်စစ်တလင်း ပေါ်၌ ပုပ်ပျက်သွားစေသကဲ့သို့ ဤမဟာမိတ်အဖွဲ့အားလည်းအလား တူ ကံကြမ္မာနှင့်တွေ့ကြုံစေတော်မူပါ။
ပရောဖက်ယေရမိက ``သူတို့သည်ထိုသူ၏ တန်ဖိုးအဖြစ်ဣသရေလအမျိုးသားတို့အကဲ ဖြတ်ပေးသည့်ငွေဒင်္ဂါးသုံးဆယ်ကိုယူပြီးလျှင် ထာဝရဘုရားငါ့အားမှာကြားတော်မူသည့် အတိုင်းအိုးထိန်းသည်၏လယ်မြေကိုဝယ်ယူ ကြ၏'' ဟုဟောကြားခဲ့သည့်စကားသည်ထို အချိန်၌မှန်၍လာတော့၏။