ကမ္ဘာဦး 37:20 - မြန်မာ့စံမီသမ္မာကျမ်း လာကြ။ သူ့ကိုသတ်ပြီး တွင်းတစ်ခုခုထဲသို့ပစ်ချလိုက်ကြစို့။ ‘သားရဲတိရစ္ဆာန်သည် သူ့ကိုကိုက်စားပြီ’ဟု ငါတို့ပြောကြမည်။ ထိုအခါ သူ၏အိပ်မက်မည်သို့ဖြစ်လာမည်ကို ငါတို့ကြည့်ကြမည်”ဟု အချင်းချင်းပြောဆိုကြ၏။ Common Language Bible လာကြ၊ သူ့ကိုသတ်၍တွင်းတစ်တွင်းထဲသို့ သူ့အလောင်းကိုပစ်လိုက်ကြစို့။ သူ့ကိုသားရဲ တိရစ္ဆာန်တစ်ကောင်ကကိုက်သတ်ပြီဟုဖခင် အားပြောကြမည်။ ထိုအခါကျမှသူ၏ အိပ်မက်အတိုင်းတကယ်ဖြစ်မဖြစ်ကိုသိ ရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။ Garrad Bible ထ ကြ။ သူ့ ကို သတ်၍ တစ် ခု သော တွင်း ထဲ သို့ ချ ပစ် ကြ ကုန် အံ့။ သား ရဲ ဆိုး တစ် ကောင် ကောင် ကိုက် စား ပြီ ဟု ပြော ကြ ရ မည်။ ထို သို့ ပြု လျှင် သူ့ အိပ် မက် များ မည် သို့ ဖြစ် မည် ကို သိ ကြ ရ လိမ့် မည် ဟု အ ချင်း ချင်း ပြော ဆို ကြ ၏။ Judson Bible ကိုင်ကြ။ သူ့ကိုသတ်၍ တစ်စုံတစ်ခုသောတွင်းထဲသို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစ်စုံတစ်ခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကိုကြည့်ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။ |
ယုဒက မိမိညီအစ်ကိုတို့အား “ငါတို့သည် ညီကိုသတ်ပြီး သတ်ကြောင်းကိုဖုံးကွယ်ထားလျှင် မည်သည့်အကျိုးရှိမည်နည်း။
ထို့နောက် ထိုရောင်စုံသင်တိုင်းကို ယူ၍ ဖခင်ထံသို့ယူဆောင်လာကြကာ “အကျွန်ုပ်တို့သည် ဤသင်တိုင်းကိုတွေ့ရှိပါသည်။ အဖေ့သား၏သင်တိုင်းဟုတ်၊ မဟုတ်ကြည့်ပါ”ဟု ဆိုကြ၏။
ဖခင်သည် ထိုသင်တိုင်းကိုမှတ်မိသဖြင့် “ငါ့သား၏သင်တိုင်းဖြစ်၏။ သူ့ကို သားရဲတိရစ္ဆာန်ကိုက်စားလေပြီ။ ယောသပ်သည် အမှန်ပင် အပိုင်းပိုင်းကိုက်ဖြတ်ခြင်းခံရပြီတကား”ဟု ပြောဆိုလေ၏။
ယောသပ်က သူ၏ညီအစ်ကိုတို့အား “အကျွန်ုပ်သည် ယောသပ်ဖြစ်၏။ အကျွန်ုပ်၏ဖခင် အသက်ရှင်သေးသလော”ဟု မေး၏။ သို့သော် ညီအစ်ကိုတို့သည် ယောသပ်ရှေ့၌ ထိတ်လန့်နေကြသဖြင့် သူ့ကိုပြန်မဖြေနိုင်ကြ။
သူပြန်သွားရာ လမ်းတွင် ခြင်္သေ့နှင့်တိုး၍ သူ့ကိုကိုက်သတ်သဖြင့် သူ၏အလောင်းသည် လမ်းပေါ်တွင်လဲနေ၏။ အလောင်းဘေးတွင် မြည်းနှင့်ခြင်္သေ့တို့ ရပ်နေကြ၏။
ဧလိရှဲက သူတို့ကိုလှည့်ကြည့်ပြီး ထာဝရဘုရား၏နာမ၌ ကျိန်ဆဲသဖြင့် တောထဲမှဝံမနှစ်ကောင်ထွက်လာ၍ လူငယ်လေးဆယ့်နှစ်ယောက်ကို ကိုက်ဖြတ်လေ၏။
သူတို့သည် မကောင်းသောအမှုအရာအတွက် သူတို့ကိုယ်သူတို့အားပေးကြ၏။ ထောင်ချောက်များကိုလျှို့ဝှက်စွာထောင်ရန် တိုင်ပင်လျက် “၎င်းတို့ကို မည်သူမြင်မည်နည်း”ဟု ဆိုကြ၏။
အကြောင်းမူကား သူတို့၏ခြေသည် မကောင်းမှုပြုရာသို့ပြေးသွား၍ သူတို့သည် လူကိုသတ်ဖြတ်ရန် လျင်မြန်ကြ၏။
မုန်းတီးခြင်းကိုဖုံးကွယ်ထားသောသူ၌ မုသားနှုတ်ခမ်းရှိ၏။ အသရေပျက်စေသောစကားကို ဖြန့်သူသည် မိုက်မဲသောသူဖြစ်၏။
အမျက်ဒေါသသည် ရက်စက်၍ အမျက်သည် လွှမ်းမိုးတတ်၏။ သို့သော် မနာလိုဝန်တိုမှုရှေ့၌ မည်သူခံရပ်နိုင်မည်နည်း။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
ထောင်လွှားသောမျက်နှာ၊ မုသားသုံးသောလျှာ၊ အပြစ်ကင်းသောသူကိုသတ်ဖြတ်သောလက်၊
သင်တို့က “ငါတို့သည် သေခြင်းနှင့် ပဋိညာဉ်ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် သဘောတူညီမှု ပြုကြပြီ။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ ငါတို့ထံလာမည်မဟုတ်။ အကြောင်းမူကား ငါတို့သည် လိမ်လည်မှုကို ငါတို့၏ခိုလှုံရာဖြစ်စေလျက် မုသားထဲ၌ ပုန်းနေကြပြီ”ဟု ဆိုကြ၏။
လောကနှင့်ဆိုင်သောအရာများကို သင်တို့အား ငါပြော၍ သင်တို့မယုံကြည်ကြလျှင် ကောင်းကင်နှင့်ဆိုင်သောအရာများကို ငါပြောသောအခါ သင်တို့သည် မည်သို့ယုံကြည်ကြမည်နည်း။
အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။
ယခုမှာ သင်သည် စင်စစ်ရှင်ဘုရင်ဖြစ်၍ အစ္စရေးနိုင်ငံသည် သင့်လက်၌ တည်မည်ကို ငါသိပြီ။
ထိုအခါ ရှောလုမင်းကြီးသည် ထ၍ ဇိဖတောကန္တာရသို့ ဆင်းသွား၏။ သူနှင့်အတူ ရွေးချယ်ထားသောအစ္စရေးတပ်သားသုံးထောင်တို့သည်လည်း ဒါဝိဒ်ကို လိုက်ရှာရန် ဇိဖတောကန္တာရသို့ လိုက်သွားကြ၏။