ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ကမ္ဘာဦး 37:14 - မြန်မာ့စံမီသမ္မာကျမ်း ဖခင်ကလည်း “ယခု သွား၍ သင့်အစ်ကိုတို့၏အခြေအနေ၊ သိုးဆိတ်တို့၏အခြေအနေကို ကြည့်ရှုပြီးလျှင် ငါ့ကိုပြန်လာပြောပြလော့”ဟု ဆိုပြီး သူ့ကိုဟေဗြုန်ချိုင့်ဝှမ်းမှစေလွှတ်လိုက်၏။ ယောသပ်သည် ရှေခင်မြို့သို့ရောက်ပြီး Common Language Bible သူ၏ဖခင်က``အစ်ကိုများနှင့်သိုးဆိတ်များ ဘေးကင်းလုံခြုံစွာရှိသည်မရှိသည်ကို သင် သွား၍စုံစမ်းပြီးလျှင်ငါ့အားပြန်ပြောပါ လော့'' ဟုစေခိုင်းလေ၏။ ထိုနောက်ယောသပ် သည်ဖခင်လမ်းညွှန်သည့်အတိုင်း ဟေဗြုန် ချိုင့်ဝှမ်းလမ်းမှသွား၍ရှေခင်မြို့သို့ရောက် ရှိလာ၏။ Garrad Bible အ ဘ က၊ သင့် အစ် ကို တို့ နှင့် သိုး ဆိတ် များ၏ အ ဖြစ် အ နေ ကို သွား ရောက် ကြည့် ရှု ပြီး လျှင်၊ ငါ့ အား ပြန် ကြား ပါ ဟု မှာ ထား လျက် ဟေ ဗြုန် ချိုင့် မှ စေ လွှတ် သ ဖြင့် သူ သည် ရှေ ခင် မြို့ သို့ သွား ရောက် လေ၏။ Judson Bible အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာသလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလောဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှစေလွှတ်သဖြင့်၊ သူသည် ရှေခင်မြို့သို့ရောက်လေ၏။ |
ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ထို့နောက်တွင် အာဗြဟံသည် ခါနာန်ပြည်၊ ဟေဗြုန် ခေါ် မံရေမြို့အရှေ့၊ မပ္ပေလလယ်၌ရှိသောလိုဏ်ဂူထဲ၌ မိမိမယားစာရာကို သင်္ဂြိုဟ်လေ၏။
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
“သူကျန်းမာပါသလော”ဟု မေးပြန်ရာ သူတို့က “ကျန်းမာပါသည်။ ကြည့်ပါ။ သူ၏သမီးရာခေလသည် သိုးများနှင့်လာနေပြီ”ဟု ပြန်ဖြေကြ၏။
ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
ကွင်းပြင်၌ လှည့်လည်နေစဉ် လူတစ်ယောက်က သူ့ကိုတွေ့၍ “ဘာကိုရှာနေသနည်း”ဟု သူ့အားမေးလေ၏။
ယောသပ်ကလည်း “အကျွန်ုပ်မတတ်နိုင်ပါ။ ဘုရားသခင်သာလျှင် အရှင်ဖာရောမင်းကြီးအတွက် သင့်မြတ်ကောင်းမွန်သောအဖြေကို ပေးတော်မူပါလိမ့်မည်”ဟု ဖာရောမင်းကြီးအားပြန်လျှောက်လေ၏။
ထိုအခါ ယောသပ်သည် သူတို့အား သာကြောင်းမာကြောင်းနှုတ်ခွန်းဆက်ပြီးလျှင် “အသက်ကြီးပြီဟု သင်တို့ပြောသည့် သင်တို့၏ဖခင်သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လော”ဟု မေးလေ၏။
ဥရိယရောက်လာသောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့် စစ်သည်တို့၏အခြေအနေ၊ စစ်ပွဲအခြေအနေ တို့ကို မေးမြန်း၏။
ထိုအခါ ရှင်ဘုရင်က ကုရှိအမျိုးသားအား “သားတော်အဗရှလုံ ဘေးကင်းပါ၏လော”ဟု မေးလျှင် သူက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏ရန်သူများနှင့် အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်သောသူအားလုံးတို့သည် ထိုသားတော်ကဲ့သို့ဖြစ်ကြပါစေသော”ဟု ပြန်လည်လျှောက်တင်၏။
လူသတ်ခဲ့သောအပြစ်သည် ယွာဘ၏ခေါင်းပေါ်၊ သူ့သားစဉ်မြေးဆက်တို့၏ခေါင်းပေါ်သို့ အစဉ်အမြဲကျရောက်ပါစေ။ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားစဉ်မြေးဆက်များ၊ သူ၏ထီးနန်းနှင့်ရာဇပလ္လင်တို့မူကား ထာဝရဘုရားထံတော်မှငြိမ်သက်ခြင်းကို အစဉ်အမြဲခံစားရပါစေ”ဟု မိန့်ဆို၏။
ထို့ပြင် မော်ဒကဲသည် ဧသတာ၏အခြေအနေအကျိုးအကြောင်းကိုသိရှိရန် အပျိုတော်နန်းဆောင်ဝင်းရှေ့သို့ နေ့တိုင်း သွားလေ့ရှိ၏။
မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်သောမြို့၌ အေးအေးချမ်းချမ်းနေထိုင်လျက် ထိုမြို့အတွက် ထာဝရဘုရားထံ ဆုတောင်းပေးကြလော့။ အကြောင်းမူကား ထိုမြို့အေးချမ်းလျှင် သင်တို့လည်း အေးအေးချမ်းချမ်းနေရမည်ဟူ၍ မိန့်တော်မူ၏။
သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။)
“သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။
ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
ထိုသို့ ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ အစဉ်တစိုက်လိုက်သောကြောင့် ဟေဗြုန်မြို့သည် ယနေ့တိုင်အောင် သူ၏အမွေမြေဖြစ်လေ၏။
ယခု ဟေဗြုန် ဟုခေါ်သောမြို့သည် ယခင်က ကိရယအာဘမြို့ဟုခေါ်၏။ အာဘသည် အာနကလူမျိုးတို့တွင် အကြီးအကဲဖြစ်၏။ ထို့နောက်တွင် တစ်ပြည်လုံး စစ်ငြိမ်းလေ၏။
တစ်ဖန် ယုဒအမျိုးသားတို့သည် ယခင်က ကိရယအာဘဟုခေါ်သော ဟေဗြုန်မြို့ရှိ ခါနာန်လူမျိုးတို့ထံသို့ ချီတက်သွား၍ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို သတ်ပစ်၏။
ဒါဝိဒ်သည် သူနှင့်အတူပါလာသောပစ္စည်းများကို ပစ္စည်းထိန်းလက်၌ အပ်ထားခဲ့ပြီး စစ်မြေပြင်သို့ပြေးသွားကာ အစ်ကိုတို့ကို သွား၍တွေ့ဆုံနှုတ်ဆက်၏။