ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ကမ္ဘာဦး 35:26 - မြန်မာ့စံမီသမ္မာကျမ်း လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်၊ အာရှာ တို့ဖြစ်ကြ၏။ ဤသူတို့ကား ပါဒန်အာရံပြည်၌မွေးဖွားသော ယာကုပ်၏သားများဖြစ်ကြ၏။ Common Language Bible လေအာ၏ကျွန်မဇိလပ၏သားများမှာ ဂဒ်နှင့်အာရှာတို့ဖြစ်သည်။ ဤသားတို့သည် မက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း၌ ဖွားမြင်ခဲ့ကြသည်။ Garrad Bible လေ အာ့ ကျွန် မိန်း မ ဇိ လ ပ တွင် မြင် သော သား၊ ဂဒ် နှင့် အာ ရှာ တို့ တည်း။ ထို သူ ကား ပါ ဒ နာ ရံ ပြည် ၌ ဖွား မြင် သော ယာ ကုပ်၏ သား များ တို့ တည်း။ Judson Bible လေအာ၏ကျွန်မ ဇိလပသားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ဖွားမြင်သော ယာကုပ်၏သားများတည်း။ |
ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ထ၍ ပါဒန်အာရံပြည်ရှိ သင့်မိခင်၏အဖေ ဗေသွေလ၏အိမ်သို့ သွားလော့။ ထိုအရပ်ရှိ သင့်ဦးရီးလာဗန်၏သမီးတစ်ယောက်ယောက်နှင့်အိမ်ထောင်ပြုလော့။
မိမိတိရစ္ဆာန်ရှိသမျှ၊ မိမိစုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ပါဒန်အာရံပြည်၌ မိမိစုဆောင်းပိုင်ဆိုင်သောတိရစ္ဆာန်တို့ကို ယူဆောင်လျက် ခါနာန်ပြည်ရှိ ဖခင်ဣဇက်ထံသို့ ပြန်သွားလေ၏။
ရာခေလ သေဆုံးလေ၏။ သို့သော် အသက်ထွက်အံ့ဆဲဆဲတွင် သား၏အမည်ကို ဗေနောနိ ဟုမှည့်ခေါ်၏။ ဖခင်မူကား ထိုသားကို ဗင်္ယာမိန် ဟုမှည့်ခေါ်၏။
ယာကုပ်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ယောသပ်သည် အသက်တစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ မိမိအစ်ကိုတို့နှင့်အတူ သိုးဆိတ်တို့ကိုထိန်းကျောင်း၏။ ယောသပ်သည် အသက်ငယ်သေးသဖြင့် ဖခင်၏မယားဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားတို့နှင့်အတူနေ၍ သူတို့၏မကောင်းသတင်းကို ဖခင်အားပြောလေ့ရှိ၏။