အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 33:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် သူ​ကိုယ်တိုင် သူ​တို့​ရှေ့​မှ​သွား​၍ ခုနစ်​ကြိမ်​တိုင်တိုင် မြေ​မှာ​ပျပ်ဝပ်​ရင်း အစ်ကို​ထံသို့​ချဉ်းကပ်​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယာ​ကုပ်​သည်​ထို​သူ​တို့​ရှေ့​က​သွား​၍​အစ်​ကို ၏​အ​နီး​သို့​ချဉ်း​ကပ်​မိ​လျှင် ခု​နစ်​ကြိမ်​ဦး​ညွှတ် ၍​အ​ရို​အ​သေ​ပြု​လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် တိုင် မူ ကား ရှေ့ သို့ တက် သွား၍ ခု နစ် ကြိမ် တိုင် ပျပ် ဝပ် ရှိ ခိုး လျက် အစ် ကို့ ထံ ချဉ်း ကပ် ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​ရှေ့​မှာ​ကိုယ်​တိုင်​လွန်​သွား၍၊ ခု​နစ်​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊ အစ်ကိုအနီးသို့ချဉ်း​ကပ်​လေ၏။

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 33:3
12 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မျှော်ကြည့်​လိုက်​ရာ လူ​သုံး​ယောက်​သည် သူ​နှင့်​မလှမ်းမကမ်း​တွင်​ရပ်​နေ​ကြ​သည်​ကို မြင်​လေ​၏​။ အာဗြဟံ​သည် သူ​တို့​ကို​မြင်​သောအခါ ကြိုဆို​ရန် တဲ​အဝင်ဝ​မှ​ပြေးထွက်​လာ​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင်


ကျွန်မ​နှစ်​ယောက်​နှင့်​သူ​တို့​၏​ကလေး​များ​ကို ရှေ့ဆုံး​၌​လည်းကောင်း​၊ လေအာ​နှင့်​သူ​၏​ကလေး​များ​ကို အလယ်​၌​လည်းကောင်း​၊ ရာခေလ​နှင့်​ယောသပ်​ကို နောက်ဆုံး​၌​လည်းကောင်း ထား​လေ​၏​။


ထို​အချိန်​၌ ယောသပ်​သည် တိုင်းပြည်​ကို​အုပ်စိုး​သော​ဘုရင်ခံ​ဖြစ်​ပြီး ပြည်သူပြည်သား​အပေါင်း​တို့​အား အစားအစာ​ရောင်းချ​ပေး​သော​သူ​ဖြစ်​၏​။ ယောသပ်​၏​အစ်ကို​တို့​သည်​ရောက်လာ​၍ သူ့​ရှေ့​၌ မြေ​မှာ​ပျပ်ဝပ်​ကြ​၏​။


ယောသပ်​အိမ်​သို့​ပြန်ရောက်​သောအခါ သူ​တို့​သည် မိမိ​တို့​၏​လက်ဆောင်​ကို အိမ်​ထဲသို့​ယူဆောင်​လာ​၍ ယောသပ်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏​။


ယောသပ်​သည် မိမိ​၏​သား​တို့​ကို ဖခင်​၏​ဒူး​ကြား​မှ​ထုတ်​ပြီးလျှင် မြေ​မှာ​ပျပ်ဝပ်​လေ​၏​။


ယခု​သင်​သည် သင်​၏​အိမ်နီးချင်း​လက်​သို့ ကျရောက်​လေ​ပြီ​။ ထို့ကြောင့် ငါ့​သား​၊ ဤသို့​ပြု​၍ ကိုယ့်ကိုယ်ကိုယ်​ကယ်နုတ်​လော့​။ သင်​၏​အိမ်နီးချင်း​ထံ​သွား​၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချ​လျက် ကြပ်ကြပ်​တောင်းပန်​လော့​။


အုပ်စိုး​သူ​မင်း​သည် သင့်​ကို​စိတ်ဆိုး​လျှင်လည်း သင်​၏​နေရာ​ကို​မ​စွန့်ခွာ​နှင့်​။ အကြောင်းမူကား တည်ငြိမ်​ခြင်း​သည် ကြီးစွာ​သော​အမှား​ကို ပြေပျောက်​စေ​တတ်​၏​။


အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။


မိမိ​၏​သိုး​ရှိသမျှ​တို့​ကို ထုတ်​ပြီး​သောအခါ သိုး​တို့​ရှေ့မှ​သွား​တတ်​၏။ သိုး​တို့​သည်​လည်း သူ့​အသံ​ကို​သိ​သောကြောင့် သူ့​နောက်​သို့​လိုက်​သွား​တတ်​ကြ​၏။


ကြွယ်ဝ​သော​သူ​တို့​သည် စားသောက်​ရ​ဖို့ သူရင်းငှား လုပ်​ရ​လေ​ပြီ​။ ဆာလောင်မွတ်သိပ်​သော​သူ​တို့​မူကား ဝလင်​ကြ​ပြီ​။ မြုံ​သော​မိန်းမ​သည် ခုနစ်​ကြိမ်​တိုင်အောင် သားဖွား​ခွင့်​ရ​ပြီ​။ သား​များစွာ​ဖွား​ခဲ့​သော​မိန်းမ​မူကား အားယုတ်​လေ​ပြီ​။