၁ ရာ 2:5 - မြန်မာ့စံမီသမ္မာကျမ်း5 ကြွယ်ဝသောသူတို့သည် စားသောက်ရဖို့ သူရင်းငှား လုပ်ရလေပြီ။ ဆာလောင်မွတ်သိပ်သောသူတို့မူကား ဝလင်ကြပြီ။ မြုံသောမိန်းမသည် ခုနစ်ကြိမ်တိုင်အောင် သားဖွားခွင့်ရပြီ။ သားများစွာဖွားခဲ့သောမိန်းမမူကား အားယုတ်လေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible5 အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။ အခန်းကိုကြည့်ပါ။Garrad Bible5 ပြည့် ဝ သူ တို့ သည် သူ ရင်း ခ စား ရ၍၊ မွတ် သိပ် သူ တို့ ကား ချင် ရဲ ပြေ ကြ ပါ ပြီ။ မြုံ သော မိန်း မ သည် သား ခု နစ် ယောက် ဖွား မြင်၍ သား များ သော မိန်းမ ကား ယုတ် လျော့ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible5 ဝစွာစားသောသူတို့သည် စားစရာကိုရခြင်းငှာ၊ သူငှားလုပ်ရကြပြီ။ ငတ်မွတ်သော သူတို့မူကား၊ တစ်ဖန်ဝကြပြီ။ မြုံသောသူသည် ခုနစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီ။ သားများသောသူမူကား၊ တစ်ဖန်အားလျော့ပြီ။ အခန်းကိုကြည့်ပါ။ |