ယာကုပ်သည် ရာခေလကိုအမျက်ထွက်၍ “သင်၏ဝမ်းထဲ၌ သန္ဓေတည်ခွင့်ပေးတော်မမူသောဘုရားသခင်ကို ငါကိုယ်စားပြုနိုင်သလော”ဟု ဆို၏။
ထိုအခါယာကုပ်သည်အမျက်ထွက်၍``ငါ သည်ဘုရားလော။ ဘုရားကသာသင့်အား သားဖွားခွင့်ကိုပေးတော်မူနိုင်သည်မဟုတ် လော'' ဟုပြန်ဖြေလေသည်။
ယာ ကုပ် က၊ သင့် အား သား ရ ခွင့် ပေး တော် မ မူ သော ဘု ရား သ ခင်၏ အ စား၊ ငါ ဖြစ် သ လော ဟု ရာ ခေ လ ကို ဒေါ သ မီး လောင်၍ ပြန် ဆို ၏။
ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဖွားသောအခွင့်ကိုပေးတော်မမူသော ဘုရားသခင် ကိုယ်စားတော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ပြန်ဆို၏။
ထို့ကြောင့် စာရဲက အာဗြံအား “ကြည့်ရှုလော့။ ထာဝရဘုရားသည် အကျွန်ုပ်အား သားသမီးမွေးဖွားခွင့်ပေးတော်မမူ။ အကျွန်ုပ်၏ကျွန်မထံသို့ ဝင်ပါလော့။ အကျွန်ုပ်သည် သူ့အားဖြင့် မိသားစုတစ်ခုတည်ဆောက်နိုင်ကောင်းတည်ဆောက်နိုင်လိမ့်မည်”ဟု ဆိုလျှင် အာဗြံသည်လည်း စာရဲ၏စကားကိုနားထောင်လေ၏။
အကြောင်းမှာ အာဗြဟံ၏မယားစာရာကြောင့် ထာဝရဘုရားသည် အဘိမလက်မင်းကြီး၏နန်းတွင်းသူအားလုံးတို့အား သန္ဓေတည်ခွင့်ကို အလျှင်းပေးတော်မမူသောကြောင့်ဖြစ်၏။
ဣဇက်သည် မိမိမယားမြုံသောကြောင့် သူ့အတွက် ထာဝရဘုရားထံဆုတောင်း၏။ ထာဝရဘုရားသည် သူ၏ဆုတောင်းသံကိုနားညောင်းတော်မူ၍ သူ၏မယားရေဗက္ကာသည် ကိုယ်ဝန်ဆောင်လေ၏။
လေအာအမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍ သူ့အားသန္ဓေတည်ခွင့်ကိုပေးတော်မူ၏။ ရာခေလမူကား မြုံသောမိန်းမဖြစ်၏။
ထိုအခါ ယာကုပ်သည်အမျက်ထွက်၍ လာဗန်ကိုအပြစ်တင်လေ၏။ ယာကုပ်သည် လာဗန်အား “ဦးရီးသည် အကျွန်ုပ်နောက်သို့အပြင်းအထန်လိုက်ရလေအောင် အကျွန်ုပ်သည် မည်သည့်အမှုကိုကျူးလွန်မိသနည်း။ မည်သည့်အပြစ်ကိုပြုမိသနည်း။
ယောသပ်ကလည်း “မကြောက်ကြနှင့်။ အကျွန်ုပ်သည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သလော။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
ကိုယ်တော်သည် မြုံသောမိန်းမအား မိသားစုကိုပေး၍ သားသမီးရှိသဖြင့် ဝမ်းမြောက်သောမိခင်ဖြစ်စေတော်မူ၏။ ဟာလေလုယ။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
မောရှေသည် တပ်စခန်းအနီးသို့ရောက်သည်နှင့် နွားသငယ်ရုပ်တုကိုလည်းကောင်း၊ ကခုန်နေကြသည်ကိုလည်းကောင်း မြင်သောအခါ အမျက်ထွက်၍ တောင်ခြေရင်း၌ မိမိလက်ထဲမှကျောက်ပြားများကို ပစ်ချကာ ချိုးဖျက်လေ၏။
သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။
ထိုအခါ ကိုယ်တော်သည် အမျက်တော်ဖြင့် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူပြီး သူတို့၏စိတ်နှလုံးမာကျောမှုအတွက် အလွန်ဝမ်းနည်း၍ လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ သူ၏လက်သည် အကောင်းပကတိဖြစ်လေ၏။
“သင်သည် မိန်းမတို့တွင် မင်္ဂလာရှိ၏။ သင်၏ဝမ်းတွင်းမှကလေးသည်လည်း မင်္ဂလာရှိ၏။
အမျက်ထွက်သော်လည်း အပြစ်မပြုကြနှင့်။ အမျက်မပြေဘဲ နေမဝင်စေကြနှင့်။
သူသည် ဟန္နကိုချစ်သောကြောင့် ဝေစုနှစ်ဆခွဲဝေပေး၏။ သို့သော် ထာဝရဘုရားသည် ဟန္နကိုသန္ဓေတည်ခွင့်ပေးတော်မမူ။