(ဗေသွေလသည် ရေဗက္ကာ၏ဖခင်ဖြစ်၏။) မိလခါသည် အာဗြဟံ၏ညီနာခေါ်အတွက် ထိုသားရှစ်ယောက်ကိုမွေးဖွားလေ၏။
ကမ္ဘာဦး 28:5 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ဣဇက်သည် ယာကုပ်ကိုလွှတ်လိုက်သဖြင့် သူသည် ပါဒန်အာရံပြည်ရှိ အာရံလူမျိုးဗေသွေလ၏သား လာဗန်ထံသို့ထွက်ခွာသွားလေ၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္ကာ၏အစ်ကိုဖြစ်၏။ Common Language Bible ဣဇာက်သည်ရှုရိအမျိုးသားဗေသွေလ ၏သားလာဗန် နေထိုင်ရာပါဒနာရံပြည် သို့ယာကုပ်ကိုစေလွှတ်၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္က၏ မောင်ဖြစ်သတည်း။ Garrad Bible ထို သို့ ယာ ကုပ် နှင့် ဧ သော တို့ အ မိ ရေ ဗ က္က၏ မောင်၊ အာ ရံ လူ မျိုး ဗေ သွေ လ သား လာ ဗန့် ထံ ပါ ဒ နာ ရံ ပြည် သို့ ယာ ကုပ် သွား လေ ၏။ Judson Bible ထိုသို့ယာကုပ်နှင့် ဧသော၏အမိ၊ ရေဗက္က၏မောင်၊ ရှုရိလူဗေသွေလသား လာဗန်နေရာ ပါဒနာရံပြည်သို့ ယာကုပ်သွားလေ၏။ |
(ဗေသွေလသည် ရေဗက္ကာ၏ဖခင်ဖြစ်၏။) မိလခါသည် အာဗြဟံ၏ညီနာခေါ်အတွက် ထိုသားရှစ်ယောက်ကိုမွေးဖွားလေ၏။
ထို့နောက် ထိုအစေအပါးနှင့်သူ့အဖော်တို့သည် စားသောက်၍ ညအိပ်နားကြ၏။ နံနက်အချိန်တွင် သူတို့ထကြသောအခါ ထိုအစေအပါးက “အကျွန်ုပ်ကို အကျွန်ုပ်သခင်ထံသို့ ပြန်ခွင့်ပြုပါ”ဟု ဆိုလေ၏။
ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ထို့ကြောင့် ငါ့သား၊ ယခု ငါ့စကားကိုနားထောင်လော့။ ထ၍ ဟာရန်မြို့၌ရှိသော ငါ့အစ်ကိုလာဗန်ထံသို့ ထွက်ပြေးလော့။
ထ၍ ပါဒန်အာရံပြည်ရှိ သင့်မိခင်၏အဖေ ဗေသွေလ၏အိမ်သို့ သွားလော့။ ထိုအရပ်ရှိ သင့်ဦးရီးလာဗန်၏သမီးတစ်ယောက်ယောက်နှင့်အိမ်ထောင်ပြုလော့။
ယာကုပ်က မိမိသည် ရာခေလဖခင်၏ဆွေမျိုးသားချင်းဖြစ်ပြီး ရေဗက္ကာ၏သားဖြစ်ကြောင်း ရာခေလကိုပြောပြလေ၏။ ထိုအခါ ရာခေလသည် ပြေးသွား၍ မိမိဖခင်အား ပြောပြလေ၏။
သို့သော် ဘုရားသခင်သည် အာရံလူမျိုးလာဗန်ထံသို့ ညအိပ်မက်ထဲတွင်ကြွလာ၍ “သင်သည် ယာကုပ်အား ကောင်းသည်၊ ဆိုးသည်ဟူ၍ မပြောမိစေရန် သင့်ကိုယ်သင် သတိပြုလော့”ဟု မိန့်တော်မူ၏။
ထို့နောက် ယာကုပ်သည် မံရေမြို့တည်းဟူသော ဟေဗြုန် ခေါ် ကိရယအာဘမြို့ရှိ မိမိဖခင်ဣဇက်ထံသို့သွား၏။ ထိုမြို့သည် အာဗြဟံနှင့်ဣဇက်တို့တည်းခိုနေထိုင်သောမြို့ဖြစ်၏။
ဆီးရီးယားပြည်သည် ထွက်ကုန်ပစ္စည်းများပြားသောသင်နှင့် ကုန်သွယ်၍ သင်၏ကုန်ပစ္စည်းများကို မြ၊ ခရမ်းရောင်ကျောက်၊ ဇာပန်းထိုးထည်၊ ပိတ်ချော၊ သန္တာကျောက်၊ ပတ္တမြားများနှင့် လဲလှယ်ကြ၏။
ယာကုပ်သည် အာရံပြည်သို့ ထွက်ပြေးလေပြီ။ အစ္စရေးသည် မယားရရန်အတွက် အစေခံလေပြီ။ မယားရရန်အတွက် သိုးထိန်းလေပြီ။
ထိုအခါ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်၏ဘိုးဘေးသည် လှည့်လည်သွားလာနေသူ အာရံလူမျိုးဖြစ်ပါ၏။ သူသည် အီဂျစ်ပြည်သို့ လူအနည်းငယ်နှင့် ဆင်းသွား၍ ထိုပြည်၌တည်းခိုနေထိုင်ပါ၏။ သို့သော် ထိုပြည်၌ပင် အင်အားကြီး၍များပြားသောလူမျိုးကြီးဖြစ်လာပါ၏။