Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 24:54 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

54 ထို့နောက် ထို​အစေအပါး​နှင့်​သူ့​အဖော်​တို့​သည် စား​သောက်​၍ ညအိပ်နား​ကြ​၏​။ နံနက်အချိန်​တွင် သူ​တို့​ထ​ကြ​သောအခါ ထို​အစေအပါး​က “​အကျွန်ုပ်​ကို အကျွန်ုပ်​သခင်​ထံသို့ ပြန်ခွင့်ပြု​ပါ​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

54 ထို​နောက်​အာ​ဗြ​ဟံ​၏​အ​စေ​ခံ​နှင့် အ​ဖော်​တို့ သည်​စား​သောက်​ကြ​ပြီး​လျှင် ထို​အိမ်​၌​ည​အိပ် ၍​နံ​နက်​အိပ်​ရာ​မှ​နိုး​ကြ​သော​အ​ခါ အာ​ဗြ​ဟံ ၏​အ​စေ​ခံ​က``သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ'' ဟု ပန်​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

54 သူ နှင့် တ ကွ လိုက် လာ သူ တို့ ပါ စား သောက် ပြီး မှ ညဥ့် အိပ်၍ နံ နက် အ ချိန် ထ ကြ သော အ ခါ ထို ကျွန် က၊ သခင့် ထံ ပြန် ပါ ရ စေ ဟု လျှောက် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

54 သူ​နှင့် သူ၏​အ​ဖော်​အ​ပေါင်း​တို့​သည်၊ စား​သောက်၍ ည​ကို​လွန်​စေ​ပြီး​မှ၊ နံ​နက်​ယံ၌​ထ​လျက်၊ ကျွန်ုပ်​သည်၊ သ​ခင်​ထံ​သို့​ပြန်​ပါ​ရ​စေ​ဟု ဆို​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 24:54
10 ပူးပေါင်းရင်းမြစ်များ  

အစေအပါး​က​လည်း “​ထာဝရဘုရား​သည် အကျွန်ုပ်​၏​ခရီးစဉ်​ကို အောင်မြင်​စေ​တော်မူ​ပြီ​ဖြစ်၍ အကျွန်ုပ်​မ​နှောင့်နှေး​ပါရစေ​နှင့်​။ အကျွန်ုပ်​ကို​ပြန်ခွင့်ပြု​ပါ​။ အကျွန်ုပ်​သခင်​ထံသို့ ပြန်သွား​ပါရစေ​”​ဟု ဆို​၏​။


ထို့ကြောင့် သူ​တို့​သည် မိမိ​တို့​ညီမ​ရေဗက္ကာ​နှင့် သူ​၏​အထိန်း​ကို အာဗြဟံ​၏​အစေအပါး​၊ သူ​၏​လူ​တို့​နှင့်အတူ လွှတ်လိုက်​ကြ​၏​။


ရာခေလ​သည် ယောသပ်​ကို​မွေးဖွား​ပြီးနောက် ယာကုပ်​က လာဗန်​အား “​အကျွန်ုပ်​၏​နေရပ်​၊ အကျွန်ုပ်​၏​ပြည်​သို့​ပြန်သွား​နိုင်​ရန် အကျွန်ုပ်​ကို​ပြန်ခွင့်ပြု​ပါ​။


ထို့နောက် ယောသပ်​သည် သူ​၏​ညီအစ်ကို​တို့​ကို​လွှတ်လိုက်​၍ သူ​တို့​ထွက်သွား​သောအခါ သူ​တို့​အား “​လမ်းခရီး​၌ ခိုက်ရန်​မ​ဖြစ်​ကြ​နှင့်​”​ဟု မှာလိုက်​၏​။


ဇာဒုတ်​၏​သား​အဟိမတ်​က “​ယခု အကျွန်ုပ်​ပြေး​၍ ရှင်ဘုရင်​အား ထာဝရဘုရား​သည် သူ့​ကို ရန်သူ​တို့​လက်​မှ ကယ်တင်​တော်မူ​ပြီ​ဟူသော​သတင်း​ကို လျှောက်တင်​ပါရစေ​”​ဟု ဆို​လျှင်


မိမိ​အလုပ်​တွင် ကျွမ်းကျင်​သော​သူ​ကို သင်​မြင်​သလော​။ ထို​သူ​သည် ရှင်ဘုရင်​တို့​ရှေ့မှောက်​၌ ခစား​ရ​လိမ့်မည်​။ သာမန်​လူ​တို့​ရှေ့​၌ ခစား​ရ​လိမ့်မည်​မ​ဟုတ်​။


ယခင်​နေ့ရက်​များ​သည် ယခု​နေ့ရက်​များ​ထက် အဘယ်ကြောင့် ပို၍​ကောင်း​သနည်း​ဟု မ​မေး​နှင့်​။ အကြောင်းမူကား ထိုသို့​မေးမြန်း​ခြင်း​သည် ဉာဏ်ပညာ​မှ​လာ​သည်​မ​ဟုတ်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ