သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
ကမ္ဘာဦး 25:33 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်ကလည်း “ယခုကျိန်ဆိုပါ”ဟု ဆိုသဖြင့် ဧသောသည် ကျိန်ဆို၏။ ဤသို့ဖြင့် ဧသောသည် မိမိ၏သားဦးအရိုက်အရာကို ယာကုပ်အားရောင်းလေ၏။ Common Language Bible ယာကုပ်က``သင်၏သားဦးအရာကိုပေးမည် ဟုဦးစွာကတိသစ္စာဆိုပါ'' ဟုပြောသည်။ ဧသောသည်ကတိသစ္စာဆို၍သားဦး အရာကိုယာကုပ်အားပေးလိုက်၏။- Garrad Bible ယ ခု ပင် ကျွန်ုပ် အား သ စ္စာ ထား ပါ လော့ ဟု ဆို သော် သ စ္စာ ထား လျက် သြ ရ သ ရိုက် ရာ ကို ယာ ကုပ် အား ရောင်း ချ လေ ၏။ Judson Bible ယာကုပ်ကလည်း၊ ယနေ့ပင်ငါ့အား ကျိန်ဆိုခြင်းကိုပြုပါဟုဆိုသော်၊ သူသည်ကျိန်ဆိုသဖြင့်၊ ယာကုပ်အား မိမိသားဦးအရာကိုရောင်းလေ၏။ |
သို့သော် အာဗြံက “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်ထာဝရဘုရားထံသို့ အကျွန်ုပ်လက်ကိုမြှောက်၍ တိုင်တည်ပါ၏။
ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ဧသောကလည်း “ငါသေလုပြီဖြစ်၍ ဤသားဦးအရိုက်အရာသည် ငါ့အတွက် မည်သည့်အကျိုးရှိမည်နည်း”ဟု ဆို၏။
ထိုအခါ ယာကုပ်သည် မုန့်နှင့်ပဲနီဟင်းကို ဧသောအားပေးသဖြင့် သူသည် စားသောက်ပြီးမှ ထ၍ ထွက်သွားလေ၏။ ထိုသို့ ဧသောသည် သားဦးအရိုက်အရာကို မထီမဲ့မြင်ပြု၏။
ဣဇက်သည် အသက်ကြီး၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ သားကြီးဧသောအား “ငါ့သား”ဟု ခေါ်လျှင် ဧသောက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလေ၏။
ဖခင်ဣဇက်ကလည်း “သင်သည် မည်သူနည်း”ဟု မေးလျှင် ဧသောက “အကျွန်ုပ်သည် အဖေ့သား၊ အဖေ့သားဦးဧသောဖြစ်ပါသည်”ဟု ဆို၏။
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
တစ်ဖန် “ငါ့ကိုသင်တောင်းသမျှ ငါ့နိုင်ငံတစ်ဝက်တိုင်အောင် သင့်အား ငါပေးမည်”ဟု တိုင်တည်ပြောဆိုလေ၏။
တရားနှင့်မညီမေထုန်ပြုသူ၊ သို့မဟုတ် အစားတစ်နပ်အတွက် မိမိ၏သားဦးအရိုက်အရာကိုရောင်းသည့် ဧသောကဲ့သို့ ဘုရားတရားကိုမထီမဲ့မြင်ပြုသောသူ တစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။