ဟေဗြဲ 6:16 - မြန်မာ့စံမီသမ္မာကျမ်း16 လူတို့သည် မိမိတို့ထက် ကြီးမြတ်သောသူကို တိုင်တည်ပြောဆိုကြပြီး ထိုသို့အတည်ပြုပြောဆိုသောကတိသစ္စာသည် အငြင်းပွားမှုအားလုံးကို ရပ်စဲစေတတ်၏။ အခန်းကိုကြည့်ပါ။Common Language Bible16 လူတို့သည်မိမိတို့ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်ကိုတိုင်တည်ကျိန်ဆိုတတ်ကြ၏။ ယင်းသို့တိုင်တည်ကျိန်ဆိုခြင်းသည်လူအချင်း ချင်းအငြင်းပွားမှုကိုငြိမ်းစေတတ်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible16 လူ တို့ သည် ကိုယ် ထက် ကြီး မြတ် ရာ ကို တိုင် တည်၍ သ စ္စာ ထား တတ် သ ဖြင့် သ စ္စာ ထား ချက် သည် ငြင်း ခုံ ခြင်း ဟူ သ မျှ ကို ပြတ် စဲ စေ လျက် စိတ် ချ ရန် အ ကြောင်း ဖြစ် သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible16 လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ရှိကြ၏။ မြဲမြံစေတတ်သော အကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေတတ်၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 လူတို့သည် မိမိတို့ထက် ကြီးမြတ်သူကို တိုင်တည်၍ သစ္စာဆိုတတ်ကြပြီး ထိုသို့သစ္စာဆိုအတည်ပြုခြင်းဖြင့် အငြင်းပွားမှုအားလုံးကို ဖြေရှင်းတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ရှင်ဘုရင်သည် ဂိဗောင်မြို့သားတို့ကို ဆင့်ခေါ်ပြီးလျှင် သူတို့နှင့်စကားပြော၏။ ဂိဗောင်မြို့သားတို့သည် အစ္စရေးအနွယ်ဝင်မဟုတ်။ အာမောရိလူမျိုးအကြွင်းအကျန်များ ဖြစ်ကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့နှင့်ကတိသစ္စာပြုခဲ့သော်လည်း ရှောလုမင်းကြီးသည် အစ္စရေးအမျိုးနှင့် ယုဒအမျိုးတို့အဖို့စိတ်အားကြီး၍ သူတို့ကို သုတ်သင်ရန် ကြိုးစားခဲ့၏။