ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
ကမ္ဘာဦး 25:3 - မြန်မာ့စံမီသမ္မာကျမ်း ယုတ်ရှန်သည် သားရှေဘနှင့်ဒေဒန်ကိုရ၏။ ဒေဒန်မှဆင်းသက်လာသောသူများမှာ အာရှုရိမ်လူမျိုး၊ လေတုရှိမ်လူမျိုးနှင့် လုမ်မိမ်လူမျိုး တို့ဖြစ်ကြ၏။ Common Language Bible ယုတ်ရှန်၏သားများမှာရှေဘနှင့်ဒေဒန်တို့ ဖြစ်ကြသည်။ ဒေဒန်၏အဆက်အနွယ်များမှာ အာရှုရိမ်အမျိုးသား၊ လေတုရှိမ်အမျိုးသား၊ လုမ်မိမ်အမျိုးသားတို့ဖြစ်ကြသည်။- Garrad Bible ယုတ် ရှန့် သား များ ကား၊ ရှေ ဘ နှင့် ဒေ ဒန် တည်း။ ဒေ ဒန့် သား များ ကား၊ အာ ရှု ရိမ်၊ လေ တု ရှိမ်၊ လုမ် မိမ် တို့ တည်း။ Judson Bible ယုတ်ရှန်သားကား၊ ရှေဘနှင့်ဒေဒန်တည်း။ ဒေဒန်သားကား၊ အာရှုရိမ်လူ၊ လေတုရှိမ်လူ၊ လုမ်မိမ်လူတည်း။ |
ထိုမိန်းမသည် အာဗြဟံအတွက် သားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဗက်နှင့် ရှုအာ တို့ကိုမွေးဖွားပေး၏။
မိဒျန်၏သားများမှာ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့် ဧလဒါ တို့ဖြစ်ကြ၏။ ဤသူအပေါင်းတို့သည် ကေတုရ၏သားမြေးများဖြစ်ကြ၏။
ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။
တေမခရီးသည်တို့သည် လိုက်ရှာကြ၏။ ရှေဘကုန်သည်တို့သည်လည်း စောင့်မျှော်နေကြ၏။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
အာရေဗျပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ဒေဒန်လူမျိုးခရီးသွားသူတို့၊ သင်တို့သည် အာရေဗျတော၌ ညအိပ်နားကြရမည်။
မိဒျန်ပြည်နှင့်ဧဖာပြည်တို့မှ ကုလားအုတ်ပျိုအလုံးအရင်းတို့သည် သင့်ပြည်၌ ပြည့်လျှံလိမ့်မည်။ ရှေဘပြည်သားအပေါင်းတို့သည် ရွှေနှင့်လော်ဗန်ကိုယူဆောင်လာ၍ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
ဒေဒန်ပြည်သားများ၊ တေမပြည်သားများ၊ ဗုဇပြည်သားများနှင့် နားသယ်မွေးရိတ်လေ့ရှိသောပြည်သားအားလုံး
အို ဒေဒန်မြို့သူမြို့သားတို့၊ နောက်ဆုတ်ထွက်ပြေးကြ။ ပုန်းအောင်းနေကြ။ အကြောင်းမူကား သူ့ကိုဒဏ်ခတ်သောအချိန်၌ ဧသောခံရသောဘေးဒုက္ခမျိုးကို သူ့အပေါ်သက်ရောက်စေမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်၍ ဧဒုံပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ဆိတ်ညံရာဖြစ်စေမည်။ တေမန်မြို့မှစ၍ ဒေဒန်မြို့တိုင်အောင် ဓားဘေးကျရောက်စေမည်’ဟု မိန့်တော်မူ၏။
ဒေဒန်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ ကမ်းရိုးတန်းရှိလူများစွာတို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သူတို့သည် သင့်ကို ဆင်စွယ်၊ သစ်နက်တို့နှင့် ပေးချေကြ၏။
ဒေဒန်မြို့သားတို့သည် သင်၏ကုန်ပစ္စည်းတို့ကို မြင်းကုန်းနှီးအဆင်တန်ဆာများနှင့် လဲလှယ်ကြ၏။
လှော်တက်ကို ဗာရှန်တောင်မှလာသောဝက်သစ်ချသားနှင့် လုပ်ထား၏။ ကုန်းပတ်ကို ဆိုက်ပရပ်ကျွန်းမှလာသောထင်းရှူးသားဖြင့်လုပ်၍ ဆင်စွယ်ဖြင့် မွမ်းမံ၏။