ကမ္ဘာဦး 25:26 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်မှ သူ၏ညီသည် ဧသော၏ဖနောင့်ကို မိမိလက်ဖြင့်ဆုပ်ကိုင်လျက်မွေးလာ၏။ သို့ဖြစ်၍ သူ၏အမည်ကို ယာကုပ် ဟုမှည့်ခေါ်လေ၏။ ထိုသားတို့မွေးဖွားကြသောအခါ ဣဇက်သည် အသက်ခြောက်ဆယ်ရှိပြီဖြစ်၏။ Common Language Bible ဒုတိယသားသည်ဧသော၏ဖနောင့်ကိုဆုပ် ကိုင်လျက်မွေးဖွားလာသဖြင့် ယာကုပ်ဟုနာ မည်မှည့်လေသည်။ ထိုသားများမွေးဖွားသော အခါဣဇာက်သည်အသက်ခြောက်ဆယ်ရှိပြီ ဖြစ်၏။ Garrad Bible ထို နောက် ညီ သည် ဧ သော၏ ဖ နှောင့် ကို ကိုင် လျက် ဖွား လာ၍ သူ့ ကိုယာ ကုပ် အ မည် ဖြင့် မှည့် ကြ၏။ ထို သား တို့ ကို ဖွား မြင် သော အ ခါ ဣ ဇာက် သည် အ သက် ခြောက် ဆယ် ရှိ သ တည်း။ Judson Bible ထိုနောက်မှ သူ့ညီသည်၊ အစ်ကိုဧသော၏ဖနှောင့်ကိုကိုင်လျက် ဖွားလာ၏။ သူ့ကိုကား၊ ယာကုပ်အမည်ဖြင့် မှည့်ကြ၏။ ထိုသားနှစ်ယောက်ကို ဖွားသောအခါ၊ ဣဇာက်သည် အသက်ခြောက်ဆယ်ရှိသတည်း။ |
ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
အာဗြဟံသည် သားဣဇက်ကို ရ၏။ ဣဇက်၏သားများမှာ ဧသောနှင့် အစ္စရေး တို့ဖြစ်ကြ၏။
ယာကုပ်သည် အမိဝမ်းထဲ၌ အစ်ကို၏ဖနောင့်ကို ကိုင်ဆွဲထားခဲ့၏။ သူသည် မိမိခွန်အားဖြင့် ဘုရားသခင်နှင့် ယှဉ်ပြိုင်ခဲ့၏။
ကောင်းကင်တမန်နှင့် ပြိုင်၍အနိုင်ရခဲ့၏။ ကိုယ်တော့်ထံ ငိုကြွေး၍ ကောင်းချီးတောင်းခံခဲ့၏။ ဗေသလမြို့တွင် ကိုယ်တော်နှင့်တွေ့၏။ ထိုအရပ်တွင် ကိုယ်တော်သည် ငါတို့နှင့် စကားပြောဆိုခဲ့၏။
ထာဝရဘုရားက “သင်တို့ကို ငါချစ်၏”ဟု မိန့်ဆိုလျှင် သင်တို့က “ကိုယ်တော်သည် အကျွန်ုပ်တို့ကို မည်သို့ချစ်သနည်း”ဟု မေးကြ၏။ ထာဝရဘုရားက “ဧသောနှင့် ယာကုပ်သည် ညီအစ်ကို ဖြစ်သည်မဟုတ်လော။ ယာကုပ်ကို ငါချစ်၏။
မောရှေသည် ကာဒေရှအရပ်မှစေတမန်ကို ဧဒုံဘုရင်ထံ စေလွှတ်၍ “အရှင်၏ဆွေမျိုးသားချင်းအစ္စရေးလူမျိုးတို့ လျှောက်ဆိုပါ၏။ အကျွန်ုပ်တို့တွေ့ကြုံရသောအခက်အခဲအားလုံးကို အရှင်မင်းကြီးသိပါ၏။
ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်ကိုလည်း အာဗြဟံအားပေးတော်မူသဖြင့် သူသည် သားဣဇက်ကိုရသောအခါ ရှစ်ရက်မြောက်သောနေ့၌ သူ့အား အရေဖျားလှီးခြင်းပေးခဲ့၏။ ဣဇက်သည် သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်သည် တစ်ဆယ့်နှစ်ပါးသောမျိုးနွယ်စုဖခင်တို့ကိုလည်းကောင်း ရလေ၏။
သူတို့မွေးဖွားသောသားသမီးများဖြစ်သည့် သူတို့၏တတိယမျိုးဆက်သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ ဝင်ခွင့်ရှိ၏။
ဣဇက်အား သားယာကုပ်နှင့်ဧသောကို ငါပေး၏။ ဧသောအား စိရတောင်ကို ငါအပိုင်ပေး၏။ ယာကုပ်နှင့်သူ၏သားတို့မူကား အီဂျစ်ပြည်သို့ဆင်းသွားကြ၏။