ကမ္ဘာဦး 25:27 - မြန်မာ့စံမီသမ္မာကျမ်း27 သူငယ်တို့သည် ကြီးပြင်းလာသောအခါ ဧသောသည် တော၌ကျင်လည်သောမုဆိုးကောင်းဖြစ်၏။ ယာကုပ်မူကား လူရိုးလူအေးတစ်ယောက်ဖြစ်၍ တဲ၌နေလေ့ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 သူငယ်တို့သည်လည်းကြီးပြင်းလာကြ၏။ ဧသောသည်တော၌ကျက်စားသောမုဆိုး ကောင်းဖြစ်လာ၏။ ယာကုပ်မူကားအိမ်တွင် အေးချမ်းစွာနေသောသူဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible27 သူ ငယ် တို့ ကြီး ပွား၍ ဧ သော ကား တော ပျော် မု ဆိုး ကောင်း ဖြစ်၏။ ယာ ကုပ် ကား တဲ နေ လူ ရိုး ဖြစ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 သူငယ်တို့သည်ကြီးပွား၍၊ ဧသောကား လိမ္မာသောတောသားမုဆိုးဖြစ်လေ၏။ ယာကုပ်ကား တဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
ထိုအခါ ထာဝရဘုရားက စာတန်အား “ငါ့အစေအပါးယောဘကို သင်သတိထားမိသလော။ မြေကြီးပေါ်တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ သူသည် အပြစ်တင်စရာမရှိ၊ ဖြောင့်မှန်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောသူ၊ မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုဖျက်ဆီးရန် သင်သည် ငါ့ကိုတိုက်တွန်းသော်လည်း သူသည် ဖြောင့်မတ်တည်ကြည်ခြင်းကို စွဲကိုင်ထားလျက်ရှိ၏”ဟု မိန့်ဆို၏။