အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။
ကမ္ဘာဦး 22:23 - မြန်မာ့စံမီသမ္မာကျမ်း (ဗေသွေလသည် ရေဗက္ကာ၏ဖခင်ဖြစ်၏။) မိလခါသည် အာဗြဟံ၏ညီနာခေါ်အတွက် ထိုသားရှစ်ယောက်ကိုမွေးဖွားလေ၏။ Common Language Bible ဗေသွေလသည်ရေဗက္က၏ဖခင်ဖြစ်၏။ အာဗြဟံ ၏ညီနာခေါ်၏မယားမိလခါသည်ထိုသား ရှစ်ယောက်တို့ကိုဖွားမြင်လေသည်။- Judson Bible သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ်၏မယားမိလခါ ဖွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။ |
အာဗြံနှင့်နာခေါ်တို့သည် မိန်းမယူကြ၏။ အာဗြံ၏မယားအမည်မှာ စာရဲ ဖြစ်၏။ နာခေါ်၏မယားအမည်မှာ မိလခါ ဖြစ်ပြီး သူသည် ဟာရန်၏သမီးဖြစ်၏။ ဟာရန်သည် မိလခါနှင့်ဣသခါတို့၏ဖခင်ဖြစ်၏။
ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှနှင့် မာခါ တို့ကိုမွေးဖွားလေ၏။
ထိုသို့ ဆုတောင်း၍မပြီးမီ ရေဗက္ကာသည် မိမိပခုံးပေါ်တွင် ရေအိုးတင်လျက်ထွက်လာ၏။ သူသည် အာဗြဟံ၏ညီနာခေါ်နှင့် သူ၏မယားမိလခါ၏သားဖြစ်သူ ဗေသွေလ၏သမီးဖြစ်၏။
မိန်းကလေးကလည်း “ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားသောသားဗေသွေလ၏သမီးဖြစ်ပါသည်”ဟု ဖြေပြီးလျှင်
အကျွန်ုပ်ကလည်း ‘သင်သည် မည်သူ၏သမီးဖြစ်သနည်း’ဟု သူ့အားမေးလျှင် သူက ‘ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားပေးသောသားဗေသွေလ၏သမီးဖြစ်ပါသည်’ဟု ဆိုပါသည်။ ထိုအခါ အကျွန်ုပ်သည် သူ၏နှာခေါင်း၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်း ဆင်ယင်ပေးပါသည်။
ရေဗက္ကာသည် သင့်ရှေ့၌ရှိ၏။ သူ့ကိုခေါ်သွားပါ။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင့်သခင်၏သားအတွက် မယားဖြစ်စေပါ”ဟု ပြန်ဖြေကြ၏။
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
ထိုအခါ ဣဇက်သည် ရေဗက္ကာကို မိခင်စာရာ၏တဲထဲသို့ခေါ်ဆောင်သွား၍ သူနှင့်စုံဖက်သဖြင့် ရေဗက္ကာသည် သူ၏မယားဖြစ်လာ၏။ ဣဇက်သည် ရေဗက္ကာကိုချစ်သဖြင့် မိခင်မရှိတော့သည့်နောက်တွင် နှစ်သိမ့်မှုကိုရရှိ၏။
ဣဇက်သည် ပါဒန်အာရံပြည်မှ အာရံလူမျိုးဗေသွေလ၏သမီး၊ လာဗန်၏ညီမ ရေဗက္ကာကို မိမိမယားအဖြစ်ယူသောအခါ အသက်လေးဆယ်ရှိ၏။
ထ၍ ပါဒန်အာရံပြည်ရှိ သင့်မိခင်၏အဖေ ဗေသွေလ၏အိမ်သို့ သွားလော့။ ထိုအရပ်ရှိ သင့်ဦးရီးလာဗန်၏သမီးတစ်ယောက်ယောက်နှင့်အိမ်ထောင်ပြုလော့။
ထိုသို့ ဣဇက်သည် ယာကုပ်ကိုလွှတ်လိုက်သဖြင့် သူသည် ပါဒန်အာရံပြည်ရှိ အာရံလူမျိုးဗေသွေလ၏သား လာဗန်ထံသို့ထွက်ခွာသွားလေ၏။ လာဗန်သည် ယာကုပ်နှင့်ဧသောတို့၏မိခင်ရေဗက္ကာ၏အစ်ကိုဖြစ်၏။
ထိုမျှမက ရေဗက္ကာသည်လည်း ငါတို့၏ရှေးဘိုးဘေးဣဇက်တစ်ဦးတည်းနှင့်ပင်စုံဖက်၍ ကိုယ်ဝန်ရရှိသောအခါ