Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 22:23 - Common Language Bible

23 ဗေ​သွေ​လ​သည်​ရေ​ဗက္က​၏​ဖ​ခင်​ဖြစ်​၏။ အာ​ဗြ​ဟံ ၏​ညီ​နာ​ခေါ်​၏​မ​ယား​မိ​လ​ခါ​သည်​ထို​သား ရှစ်​ယောက်​တို့​ကို​ဖွား​မြင်​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 သား​ရှစ်​ယောက်​တို့​ကို၊ အာ​ဗြ​ဟံ​အစ်​ကို နာ​ခေါ်၏​မ​ယား​မိ​လ​ခါ ဖွား​မြင်​လေ၏။ ဗေ​သွေ​လ​ကား၊ ရေ​ဗ​က္က​အ​ဘ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 (​ဗေသွေလ​သည် ရေဗက္ကာ​၏​ဖခင်​ဖြစ်​၏​။​) မိလခါ​သည် အာဗြဟံ​၏​ညီ​နာခေါ်​အတွက် ထို​သား​ရှစ်​ယောက်​ကို​မွေးဖွား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 22:23
13 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။-


ခေ​သက်၊ ဟာ​ဇော၊ ပိ​လ​ဒါ​ရှ၊ ယိ​ဒ​လပ်​နှင့် ဗေ​သွေ​လ​တို့​ဖြစ်​ကြ​၏။-


နာ​ခေါ်​၌​ရု​မာ​ဟု​နာ​မည်​တွင်​သော​မ​ယား​ငယ် ရှိ​၏။ ရု​မာ​သည်​သား​များ​ဖြစ်​ကြ​သော​တေ​ဘ၊ ဂါ​ဟံ၊ သ​ဟာ​ရှ​နှင့်​မာ​ခါ​တို့​ကို​ဖွား​မြင်​လေ သည်။


သူ​ဆု​တောင်း​၍​မ​ဆုံး​မီ၊ ရေ​ဗက္က​ဆို​သူ​အ​မျိုး သ​မီး​သည်​ရေ​ခ​ရား​ကို​ပ​ခုံး​ပေါ်​တင်​လျက် ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​အာ​ဗြ​ဟံ​၏​ညီ နာ​ခေါ်​နှင့်​မ​ယား​မိ​လ​ခါ​တို့​၏​သား​ဗေ​သွေ လ​၏​သ​မီး​ဖြစ်​သည်။-


``ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ​ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သမီး​ဖြစ်​ပါ​၏။-


ကျွန်ုပ်​က`သင်​သည်​မည်​သူ​၏​သ​မီး​ဖြစ်​သ​နည်း' ဟု​မေး​သော်​သူ​က`ကျွန်​မ​သည်​နာ​ခေါ်​နှင့်​မိ​လ ခါ​တို့​၏​မြေး၊ ဗေ​သွေ​လ​၏​သ​မီး​ဖြစ်​ပါ​သည်' ဟု​ဖြေ​ပါ​သည်။ ထို​အ​ခါ​ကျွန်ုပ်​သည်​သူ​၏​နှာ ခေါင်း​တွင်​နှာ​ဆွဲ​ကို​လည်း​ကောင်း၊ လက်​တွင်​လက် ကောက်​များ​ကို​လည်း​ကောင်း​ဝတ်​ဆင်​ပေး​ပါ သည်။-


သင့်​ရှေ့​တွင်​ရေ​ဗက္က​ရှိ​ပါ​၏။ သူ့​ကို​ခေါ်​ဆောင် သွား​ပါ​လော့။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် မိန့်​တော်​မူ​သည်​အ​တိုင်း​သူ့​အား​သင့်​သ​ခင် သား​၏​မ​ယား​အ​ဖြစ်​ခေါ်​ဆောင်​သွား​ပါ လော့'' ဟု​ဖြေ​ကြ​၏။-


သူ​တို့​က၊ ``ငါ​တို့​၏​နှမ​သည်​လူ​ပေါင်း​သိန်း​သန်း​တို့​၏ မိ​ခင်​ဖြစ်​ပါ​စေ။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ရန်​သူ​တို့​၏​မြို့ များ​ကို တိုက်​ခိုက်​အောင်​မြင်​ကြ​ပါ​စေ'' ဟု​ဆို​၍ ရေ​ဗက္က​အား​ကောင်း​ချီး​ပေး​ကြ၏။


ထို​နောက်​ဣ​ဇာက်​သည်​မိ​မိ​၏​အ​မိ​စာ​ရာ​နေ ထိုင်​ခဲ့​သော​တဲ​ထဲ​သို့​ရေ​ဗက္က​ကို​ခေါ်​ဆောင် သွား​၍​အ​ကြင်​လင်​မ​ယား​ဖြစ်​လာ​ကြ​၏။ ဣ​ဇာက်​သည်​ရေ​ဗက္က​ကို​ချစ်​မြတ်​နိုး​၏။ ထို့ ကြောင့်​သူ​၏​မိ​ခင်​ကွယ်​လွန်​၍​ဝမ်း​နည်း ကြေ​ကွဲ​ရာ​မှ​စိတ်​သက်​သာ​ရာ​ရ​လေ​သည်။


ဣ​ဇာက်​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ ပါ​ဒ​နာ​ရံ​ပြည်​မှ ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သ​မီး၊ လာ​ဗန်​၏​နှ​မ​ရေ​ဗက္က​နှင့်​အိမ်​ထောင် ပြု​လေ​သည်။-


သင်​၏​အ​ဖိုး​ဗေ​သွေ​လ​နေ​ထိုင်​ရာ​မက်​ဆို​ပို တေး​မီး​ယား​ပြည်​သို့​ယ​ခု​သွား​လော့။ သင့်​ဦး လေး​လာ​ဗန်​၏​သ​မီး​တစ်​ယောက်​ယောက်​နှင့် အိမ်​ထောင်​ပြု​လော့။-


ဣ​ဇာက်​သည်​ရှု​ရိ​အ​မျိုး​သား​ဗေ​သွေ​လ ၏​သား​လာ​ဗန် နေ​ထိုင်​ရာ​ပါ​ဒ​နာ​ရံ​ပြည် သို့​ယာ​ကုပ်​ကို​စေ​လွှတ်​၏။ လာ​ဗန်​သည် ယာ​ကုပ်​နှင့်​ဧ​သော​တို့​၏​မိ​ခင်​ရေ​ဗက္က​၏ မောင်​ဖြစ်​သ​တည်း။


ထို့​အ​ပြင်​ရေ​ဗက္က​၏​သား​နှစ်​ယောက်​တို့​သည် ငါ တို့​ဘိုး​ဘေး​ဣ​ဇာက်​နှင့်​ရ​သော​သား​များ​ဖြစ် ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ