ဖာရောမင်းကြီး၏မှူးမတ်တို့သည်လည်း ထိုအမျိုးသမီးကိုတွေ့မြင်၍ ဖာရောမင်းကြီးရှေ့၌ သူ့အကြောင်းကိုချီးကျူးပြောဆိုသဖြင့် သူသည် ဖာရောမင်းကြီး၏နန်းတော်သို့ သိမ်းယူခြင်းခံရလေ၏။
ကမ္ဘာဦး 20:2 - မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံက မိမိမယားစာရာနှင့်ပတ်သက်၍ “သူသည် ငါ၏နှမဖြစ်သည်”ဟု ဆိုသဖြင့် ဂေရာဘုရင်အဘိမလက်မင်းကြီးသည် လူလွှတ်၍ စာရာကိုသိမ်းယူလေ၏။ Common Language Bible သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။- Garrad Bible ထို အ ခါ မ ယား စာ ရာ နှင့် စပ်၍ ငါ့ နှ မ ဖြစ် သည် ဟု ပြော လေ့ ရှိ သော ကြောင့် ဂေ ရာ မင်း အ ဘိ မ လက် သည် လူ လွှတ်၍ စာ ရာ ကို ခေါ် ဆောင် လေ ၏။ Judson Bible ထိုအခါ မိမိမယားစာရာသည် မိမိနှမဖြစ်သည်ဟု၊ သူတစ်ပါးတို့အား အာဗြဟံဆိုသောကြောင့်၊ ဂေရာမင်းကြီးအဘိမလက်သည် မိမိလူကိုစေလွှတ်၍၊ စာရာကိုယူစေ၏။ |
ဖာရောမင်းကြီး၏မှူးမတ်တို့သည်လည်း ထိုအမျိုးသမီးကိုတွေ့မြင်၍ ဖာရောမင်းကြီးရှေ့၌ သူ့အကြောင်းကိုချီးကျူးပြောဆိုသဖြင့် သူသည် ဖာရောမင်းကြီး၏နန်းတော်သို့ သိမ်းယူခြင်းခံရလေ၏။
ထို့ပြင် သူသည် အမှန်ပင် အကျွန်ုပ်၏နှမဖြစ်ပါ၏။ အကျွန်ုပ်ဖခင်၏သမီးဖြစ်သော်လည်း အကျွန်ုပ်မိခင်၏သမီးမဟုတ်ပါ။ နောက်တွင် အကျွန်ုပ်၏မယား ဖြစ်လာပါ၏။
ထိုအခါ၌ အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် အာဗြဟံအား “သင်ပြုလေသမျှတို့၌ သင်နှင့်အတူ ဘုရားသခင်ရှိတော်မူ၏။
အာဗြဟံလက်ထက်၌ကျရောက်ခဲ့ဖူးသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမဟုတ်ဘဲ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးထပ်မံကျရောက်သည်ဖြစ်၍ ဣဇက်သည် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးရှိရာဂေရာမြို့သို့ သွားလေ၏။
အဘိမလက်မင်းကြီးကလည်း “သင်သည် ငါတို့ထက်အလွန်အားကြီးလာသောကြောင့် ငါတို့ထံမှ ထွက်သွားပါ”ဟု ဣဇက်အား ဆို၏။
ထိုအရပ်၌ရှိသောယောက်ျားတို့သည် သူ့မယားအကြောင်းကိုမေးကြသောအခါ ဣဇက်က “ငါ့မယားဖြစ်သည်”ဟု ပြောရမည်ကို ကြောက်၍ “ငါ့နှမဖြစ်သည်”ဟု ဆို၏။ အကြောင်းမှာ ရေဗက္ကာသည် ရုပ်ဆင်းသွင်ပြင်လှပသဖြင့် ထိုအရပ်၌ရှိသောယောက်ျားတို့သည် ရေဗက္ကာအတွက်ကြောင့် မိမိအားသတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ထိုအခါ မရေရှမြို့မှ ဒေါဒေဝ၏သားဧလျေဇာက ယောရှဖတ်မင်းကြီးအား “အရှင်မင်းကြီးသည် အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့သောကြောင့် အရှင်မင်းကြီး၏လုပ်ငန်းများကို ထာဝရဘုရားဖျက်ဆီးပစ်လိမ့်မည်”ဟု ပရောဖက်ပြုဆင့်ဆို၏။ ထို့ကြောင့် သူတို့၏သင်္ဘောများပျက်စီးပြီး တာရှုမြို့သို့လည်း ကုန်ကူးမသွားနိုင်တော့ချေ။
သို့သော် တိုင်းပြည်တွင်ဖြစ်ပျက်ခဲ့သောအံ့ဖွယ်အမှုတို့ကို သိလို၍ ဘေဘီလုံမှူးမတ်တို့သည် သူ့ထံသို့ သံတမန်ကိုစေလွှတ်၍မေးမြန်းစေသောအခါ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏စိတ်ထဲရှိသမျှကိုသိလို၍ သူ့ကိုစမ်းသပ်သည့်အနေဖြင့် လွှတ်ထားလိုက်လေ၏။
အကြောင်းမူကား ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲကျသော်လည်း ပြန်ထလိမ့်မည်။ ဆိုးယုတ်သောသူတို့မူကား ဘေးအန္တရာယ်ကြောင့် ကျရှုံးရလိမ့်မည်။
လူကိုကြောက်ရွံ့ခြင်းသည် ထောင်ချောက်ဖြစ်၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား လုံခြုံစွာနေရ၏။
မိမိအိမ်နီးချင်း၏မယားထံသို့ ဝင်သောသူသည်လည်း ထိုနည်းတူဖြစ်၏။ ထိုမိန်းမနှင့်ထိတွေ့သောသူမှန်သမျှ အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
အချင်းချင်းမလိမ်ညာကြနှင့်။ အကြောင်းမူကား သင်တို့သည် လူဟောင်းကို ၎င်း၏အကျင့်များနှင့်အတူချွတ်ပယ်၍