စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
ကမ္ဘာဦး 19:8 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ထံ၌ ယောက်ျားနှင့်မဆက်ဆံသေးသော သမီးနှစ်ယောက်ရှိ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ပေးမည်။ သင်တို့အလိုရှိသည့်အတိုင်း သူတို့ကိုပြုကြပါ။ သို့သော် ထိုယောက်ျားတို့သည် ငါ့အိမ်မိုးအရိပ်အောက်တွင် ရောက်နေကြပြီဖြစ်၍ သူတို့ကို မည်သည့်အရာမျှမပြုကြပါနှင့်”ဟု ဆို၏။ Common Language Bible ကျွန်ုပ်၌အပျိုစင်သမီးနှစ်ယောက်ရှိပါ၏။ ထိုသမီးတို့ကိုသင်တို့ပြုလိုသမျှအတိုင်းပြုနိုင်ရန် ထုတ်ပေးပါမည်။ ဤသူတို့ကိုကားချမ်းသာပေးကြပါ။ သူတို့သည်အကျွန်ုပ်၏ဧည့်သည်ဖြစ်၍ သူတို့အားစောင့်ရှောက်ရန်အကျွန်ုပ်မှာတာဝန်ရှိပါသည်'' ဟုတောင်းပန်လေ၏။ Garrad Bible အ ကျွန်ုပ် တွင် က ညာ စစ် ဖြစ် သူ သ မီး နှစ် ယောက် ရှိ၍ သင် တို့ ရှိ ရာ ထုတ် ပေး ပါ မည်။ ပြု လို သ မျှ အ တိုင်း သူ တို့ ကို ပြု ကြ ပါ လေ။ အ ကျွန်ုပ် အိမ် မိုး ရိပ် ခို၀င် သော ဤ သူ တို့ ကို မူ ကား အ လျှင်း မ ပြု ကြ ပါ နှင့် ဟု တောင်း ပန် သော် လည်း၊ Judson Bible အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကိုခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ |
စားစရာအနည်းငယ်ကိုလည်း ယူလာပါမည်။ အရှင်တို့၏အစေအပါးထံသို့ရောက်လာပြီဖြစ်၍ အားဖြည့်ပြီးမှ ခရီးဆက်ကြပါ”ဟု ဆိုလေ၏။ သူတို့ကလည်း “သင်ပြောသည့်အတိုင်းပြုပါလော့”ဟု ဆိုကြ၏။
ထိုအခါ ရုဗင်က ဖခင်အား “အကျွန်ုပ်သည် ဗင်္ယာမိန်ကို အဖေ့ထံသို့ပြန်မခေါ်လာခဲ့လျှင် အကျွန်ုပ်၏သားနှစ်ယောက်ကိုသတ်ပါလော့။ ဗင်္ယာမိန်ကို အကျွန်ုပ်လက်၌အပ်ပါ။ အကျွန်ုပ်သည် သူ့ကို အဖေ့ထံသို့ ပြန်ခေါ်ဆောင်လာပါမည်”ဟု ဆို၏။
အာရုန်က “အကျွန်ုပ်၏သခင်၊ အမျက်ထွက်တော်မမူပါနှင့်။ ဤလူတို့သည် မကောင်းမှုကိုပြုတတ်ကြောင်း သခင်သိပါ၏။
ပြက်ရယ်ပြုတတ်သောသူကို ပဲ့ပြင်သောသူသည် အရှက်ခွဲခြင်းကိုခံရ၍ ဆိုးယုတ်သောသူကို ဆုံးမသောသူသည် ကိုယ်တိုင် အနာတရဖြစ်လိမ့်မည်။
ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။
သူတို့သည် အလွန်ကြောက်ရွံ့ကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကိုမသိသောကြောင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
“ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။
အိမ်ရှင်အဖိုးအိုကလည်း သူတို့ရှိရာအိမ်ပြင်သို့ ထွက်လာ၍ “ညီအစ်ကိုတို့၊ ဆိုးညစ်သောအမှုကို မပြုကြပါနှင့်။ သူသည် အကျွန်ုပ်အိမ်သို့ ရောက်လာသောဧည့်သည် ဖြစ်ပါ၏။ ဤယုတ်ညံ့သောအမှုကို မပြုကြပါနှင့်။
အကျွန်ုပ်၌ သမီးအပျိုကညာ ရှိပါ၏။ ထိုသူတွင်လည်း မယားငယ် ရှိပါ၏။ သူတို့ကိုထုတ်ပေးပါမည်။ သင်တို့အလိုရှိသည်အတိုင်း ပြုကျင့်ပါ။ ဤသူကိုမူကား ယုတ်ညံ့သောအမှုမပြုပါနှင့်”ဟု ဆို၏။
ဆူးလေပင်ကလည်း သစ်ပင်တို့အား ‘စင်စစ် သင်တို့သည် ငါ့ကို ဘိသိက်ပေး၍ သင်တို့ကို အုပ်စိုးစေလိုလျှင် လာကြ၊ ငါ့အရိပ်၌ ခိုလှုံကြ။ သို့မဟုတ်လျှင် ဆူးလေပင်ထဲက မီးထွက်ပြီး လက်ဘနွန်တောင်ရှိ သစ်ကတိုးပင်များကို လောင်ကျွမ်းပစ်မည်’ဟု ဆိုလေ၏။