ဟေရှာယ 58:7 - မြန်မာ့စံမီသမ္မာကျမ်း7 ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။ အခန်းကိုကြည့်ပါ။Common Language Bible7 ဆာငတ်မွတ်သိပ်သူတို့ကိုကျွေးမွေးခြင်း၊ နေ စရာမရှိသည့်ဆင်းရဲသားတို့အားနေရာ ထိုင်ခင်းပေးအပ်ခြင်း၊ အဝတ်အစားချို့တဲ့ သူတို့အားပေးကမ်း၍သင်တို့အမျိုးသား များအားကူညီမစရမည့်တာဝန်ကိုမ ရှောင်မလွှဲဘဲနေခြင်းတို့ပင်ဖြစ်ပေသည်။ အခန်းကိုကြည့်ပါ။Garrad Bible7 မွတ် သိပ် သူ့ ကို အ စာ ကျွေး ခြင်း၊ နေ ရာ မဲ့ ဆင်း ရဲ သူ့ ကို ကိုယ့် အိမ် သို့ ဆောင် သွင်း ခြင်း၊ တွေ့ ကြုံ သော အ ဝတ် မဲ့ သူ ကို ခြုံ လွှမ်း ခြင်း၊ ညာ တ ကာ တို့ မှ မ လွှဲ မ ရှောင် ခြင်း ဖြစ် သည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible7 မွတ်သိပ်သောသူကို အစာကျွေးခြင်း၊ နေရာမရှိ၊ ဆင်းရဲသောသူတို့ကို ကိုယ်အိမ်သို့ဆောင်ခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင်၊ အဝတ်ကိုပေးခြင်း၊ ကိုယ်အသားကို မရှောင်ဘဲနေခြင်း မဟုတ်လော။ အခန်းကိုကြည့်ပါ။ |
ထိုအခါ နာမည်နှင့်တကွတာဝန်ရှိသူတို့သည် ထ၍ စစ်သုံ့ပန်းများကိုခေါ်ပြီး အဝတ်မရှိသူတို့အား တိုက်ရာပါပစ္စည်းများထဲမှအဝတ်များကိုဝတ်စေ၏။ အဝတ်အစားများ၊ ဖိနပ်များ၊ အစားအသောက်များ၊ လိမ်းစရာဆီများ စသည်တို့ကိုလည်းပေး၏။ အားမရှိသောသူတို့ကိုလည်း မြည်းပေါ်တင်ကာ သူတို့၏ဆွေမျိုးသားချင်းတို့ရှိရာ စွန်ပလွံမြို့ ခေါ် ဂျေရိခေါမြို့သို့ ပြန်ပို့ပြီးမှ ရှမာရိမြို့သို့ ပြန်လာကြ၏။
စင်စစ် ငါတို့နှင့် ငါတို့ညီအစ်ကိုတို့သည် တစ်သွေးတစ်သားတည်းဖြစ်၏။ ငါတို့သားသမီးသည် သူတို့သားသမီး ဖြစ်၏။ သို့ရာတွင် ကိုယ့်သားသမီးများကို အတင်းအကျပ်ကျွန်ခံစေရတော့မည်။ ငါတို့သမီးအချို့ပင် ကျွန်ခံနေရပြီ။ ငါတို့လယ်မြေနှင့်စပျစ်ခြံများ အခြားသူလက်သို့ ရောက်သွားပြီဖြစ်၍ ယခုမူ ငါတို့ မည်သို့မျှမတတ်နိုင်”ဟု ဆိုကြ၏။