ထိုသို့ဖြင့် လောတ၏သမီးနှစ်ယောက်တို့သည် မိမိတို့ဖခင်အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
ကမ္ဘာဦး 19:37 - မြန်မာ့စံမီသမ္မာကျမ်း သမီးအကြီးသည် သားကိုမွေးဖွား၍ သူ၏အမည်ကို မောဘ ဟုမှည့်ခေါ်လေ၏။ သူသည် ယနေ့တိုင်အောင် မောဘလူမျိုးတို့၏ဖခင်ဖြစ်၏။ Common Language Bible သမီးအကြီးတွင်သားတစ်ယောက်ဖွားမြင်၍ မောဘဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိမောဘလူမျိုးတို့၏ဖခင်ဖြစ်သတည်း။- Garrad Bible အ ကြီး သည် သား ယောက်ျား ကို ဖွား၍ မော ဘ အ မည် ဖြင့် မှည့် လေ၏။ ထို သူ သည် ယ ခု တိုင် အောင် ရှိ သော မော ဘ လူ မျိုး တို့၏ အ ဘ ဦး ဖြစ် သ တည်း။ Judson Bible သမီးအကြီးသည်သားကိုဖွား၍ မောဘအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏အဘဖြစ်သတည်း။ |
ထိုသို့ဖြင့် လောတ၏သမီးနှစ်ယောက်တို့သည် မိမိတို့ဖခင်အားဖြင့် ကိုယ်ဝန်ဆောင်လေ၏။
မိဒျန်လူမျိုးအပေါ်၌လည်းကောင်း၊ ကိရှုန်ချောင်းနားတွင် သိသရနှင့်ယာဘိန်မင်းကြီးတို့အပေါ်၌လည်းကောင်း ကိုယ်တော်ပြုသကဲ့သို့ သူတို့အပေါ်၌ ပြုတော်မူပါ။
“မောဘပြည်သားတို့၏ကဲ့ရဲ့သံ၊ အမ္မုန်အမျိုးသားတို့၏စော်ကားသံကိုငါကြားပြီ။ သူတို့သည် ငါ့လူမျိုးတော်ကိုကဲ့ရဲ့ကြ၏။ ငါ့လူမျိုးတော်၏ပြည်ကိုလည်း ဆန့်ကျင်ပုန်ကန်ကြ၏။
အို မောဘပြည်၊ သင်၌ အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ပျက်စီးလေပြီ။ ခေမုရှဘုရားသည် မိမိသားများကို ဝရမ်းပြေးအဖြစ်၊ မိမိသမီးများကို သုံ့ပန်းအဖြစ် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးအား ပေးအပ်လေပြီတကား။
သင်တို့သည် အမ္မုန်အမျိုးသားတို့ထံသို့ရောက်သောအခါ သူတို့ကို ရန်မပြုနှင့်။ သူတို့ကိုရန်မစနှင့်။ အမ္မုန်အမျိုးသားတို့၏ပြည်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့ပြည်ကို သင်တို့ပိုင်ဖို့ငါမပေး။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘မောဘကို ရန်မပြုနှင့်။ စစ်ဖြစ်အောင် သူတို့ကိုရန်မစနှင့်။ အာရအရပ်ကို လောတ၏သားမြေးတို့အား ငါအပိုင်ပေးထားပြီဖြစ်၍ သူတို့၏မြေကို သင်တို့ပိုင်ဖို့ ငါမပေး။
အမ္မုန်လူမျိုး၊ မောဘလူမျိုးတို့သည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူတို့၏မျိုးဆက် ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
ကွယ်လွန်သူ၏အမွေသည် သူ့အမည်ဖြင့် ဆက်ရှိစေရန်၊ သူ့ညီအစ်ကိုကြား၊ သူ့နေရင်းမြို့တံခါးတို့တွင် နာမည်ပယ်ဖျက်မခံရစေရန် မဟာလုန်၏မယား မောဘအမျိုးသမီးရုသကိုလည်း အကျွန်ုပ်၏မယားအဖြစ် ဝယ်ယူမည်။ ဤသည်မှာလည်း သင်တို့သည် သက်သေများဖြစ်ကြ၏”ဟု ဆို၏။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။