တေရ၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ တေရသည် သားအာဗြံ၊ နာခေါ်၊ ဟာရန်တို့ကိုရ၏။ ဟာရန်သည် သားလောတကိုရ၏။
ကမ္ဘာဦး 19:1 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်တမန်နှစ်ပါးတို့သည် နေဝင်ချိန်၌ သောဒုံမြို့သို့ရောက်လာကြ၏။ ထိုအခါ လောတသည် သောဒုံမြို့တံခါးဝ၌ ထိုင်လျက်နေ၏။ လောတသည် သူတို့ကိုမြင်သော် ကြိုဆိုရန်ထသွား၍ မြေမှာပျပ်ဝပ်ပြီးလျှင် Common Language Bible ထိုနေ့ည၌ကောင်းကင်တမန်နှစ်ပါးတို့သည် သောဒုံမြို့သို့ရောက်ရှိလာကြသောအခါ လောတသည်မြို့တံခါးဝမှာထိုင်လျက်ရှိ၏။ ကောင်းကင်တမန်တို့ကိုမြင်လျှင် သူသည်ထ၍ခရီးဦးကြိုပြုလေ၏။ သူသည်သူတို့ရှေ့တွင်ဦးညွှတ်လျက်၊- Garrad Bible ညဥ့် ဦး ယံ အ ချိန်၌ သော ဒုံ မြို့ သို့ စေ တ မန် တော် နှစ် ပါး ရောက် လာ ကြ ရာ လော တ သည် မြို့ တံ ခါး၀ တွင် ထိုင် လျက် ရှိ သည် နှင့် သူ တို့ ကို မြင် သော် ခ ရီး ဦး ကြို ပြု ခြင်း ငှာ ထ ပြီး လျှင်၊ Judson Bible ကောင်းကင်တမန်နှစ်ပါးတို့သည် ညဉ့်ဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှာထ၍ မြေ၌ဦးညွှတ်ချလျက်၊ |
တေရ၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ တေရသည် သားအာဗြံ၊ နာခေါ်၊ ဟာရန်တို့ကိုရ၏။ ဟာရန်သည် သားလောတကိုရ၏။
အာဗြံသည် ခါနာန်ပြည်၌နေလေ၏။ လောတမူကား သောဒုံမြို့တိုင်အောင် တဲကိုရွှေ့၍ မြစ်ဝှမ်းရှိမြို့တို့တွင်နေထိုင်လေ၏။
ထို့နောက် ထိုလူတို့သည် ထိုအရပ်မှထသွားပြီး သောဒုံမြို့ကိုအပေါ်စီးမှကြည့်ကြ၏။ အာဗြဟံသည်လည်း သူတို့ကိုလိုက်ပို့ရန် သူတို့နှင့်အတူသွားလေ၏။
ထိုလူတို့သည် ထိုအရပ်မှလှည့်၍ သောဒုံမြို့သို့သွားကြ၏။ အာဗြဟံမူကား ထာဝရဘုရား၏ရှေ့တော်၌ ဆက်၍ရပ်နေ၏။
ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့ရှိရာအိမ်ထဲသို့ ဆွဲသွင်းပြီးလျှင် တံခါးကိုပိတ်လိုက်ကြ၏။
“အကျွန်ုပ်၏သခင်တို့၊ သခင်တို့၏အစေအပါးအိမ်သို့လိုက်ခဲ့၍ ညအိပ်နားကြပါ။ သခင်တို့၏ခြေကိုလည်းဆေးနိုင်ပါသည်။ စောစောထပြီးမှလည်း ခရီးဆက်နိုင်ပါသည်”ဟု ဆိုလေ၏။ သူတို့ကလည်း “မလိုက်တော့ပါ။ ငါတို့သည် ဤကွင်းပြင်၌ ညအိပ်နားမည်”ဟု ဆိုကြ၏။
ယောသပ်သည် မိမိ၏သားတို့ကို ဖခင်၏ဒူးကြားမှထုတ်ပြီးလျှင် မြေမှာပျပ်ဝပ်လေ၏။
ခရီးသွားဧည့်သည်တို့ လမ်းပေါ်တွင် မအိပ်ရအောင် ခရီးသည်အဖို့ ငါ့အိမ်တံခါးကို ဖွင့်ထားလျက်ရှိ၏။
မြို့တံခါးဝတွင်ထိုင်နေသောသူတို့သည် အကျွန်ုပ်အကြောင်းကို တီးတိုးပြောဆိုကြပါ၏။ အကျွန်ုပ်သည် သေရည်သေရက်သောက်စားသော သူတို့၏တေးဖွဲ့သီဆိုစရာများဖြစ်ရပါ၏။
ထိုနည်းတူ လောတ၏နေ့ရက်များ၌လည်း လူတို့သည် စားသောက်လျက်၊ ရောင်းဝယ်လျက်၊ စိုက်ပျိုးတည်ဆောက်လျက်နေခဲ့ကြ၏။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။