Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 19:1 - Common Language Bible

1 ထို​နေ့​ည​၌​ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် သော​ဒုံ​မြို့​သို့​ရောက်​ရှိ​လာ​ကြ​သော​အ​ခါ လော​တ​သည်​မြို့​တံ​ခါး​ဝ​မှာ​ထိုင်​လျက်​ရှိ​၏။ ကောင်း​ကင်​တ​မန်​တို့​ကို​မြင်​လျှင် သူ​သည်​ထ​၍​ခ​ရီး​ဦး​ကြို​ပြု​လေ​၏။ သူ​သည်​သူ​တို့​ရှေ့​တွင်​ဦး​ညွှတ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ညဥ့် ဦး ယံ အ ချိန်၌ သော ဒုံ မြို့ သို့ စေ တ မန် တော် နှစ် ပါး ရောက် လာ ကြ ရာ လော တ သည် မြို့ တံ ခါး၀ တွင် ထိုင် လျက် ရှိ သည် နှင့် သူ တို့ ကို မြင် သော် ခ ရီး ဦး ကြို ပြု ခြင်း ငှာ ထ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ကောင်း​ကင်​တ​မန်​နှစ်​ပါး​တို့​သည် ညဉ့်​ဦး​အ​ချိန်၌ သော​ဒုံ​မြို့​သို့ ရောက်​လာ၏။ လော​တ​သည် မြို့​တံ​ခါး​ဝ၌​ထိုင်​လျက် သူ​တို့​ကို​မြင်​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထ၍ မြေ၌​ဦး​ညွှတ်​ချ​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ကောင်းကင်တမန်​နှစ်​ပါး​တို့​သည် နေဝင်ချိန်​၌ သောဒုံ​မြို့​သို့​ရောက်လာ​ကြ​၏​။ ထိုအခါ လောတ​သည် သောဒုံ​မြို့​တံခါးဝ​၌ ထိုင်​လျက်​နေ​၏​။ လောတ​သည် သူ​တို့​ကို​မြင်​သော် ကြိုဆို​ရန်​ထသွား​၍ မြေ​မှာ​ပျပ်ဝပ်​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 19:1
15 ပူးပေါင်းရင်းမြစ်များ  

တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-


အာ​ဗြံ​သည်​ခါ​နာန်​ပြည်​တွင်​နေ​ထိုင်​သည်။ လော​တ​မူ​ကား​မြစ်​ဝှမ်း​ရှိ​မြို့​များ​နှင့်​ပတ်​ဝန်း​ကျင်​တွင် နေ​ထိုင်​ရန်​ရွေး​ချယ်​လျက်​သော​ဒုံ​မြို့​အ​နီး​တွင်​တဲ​စ​ခန်း​ချ​လေ​၏။-


ထို​သူ​တို့​သည်​ထွက်​ခွာ​၍ သော​ဒုံ​မြို့​ကို​မြင်​နိုင် သော​နေ​ရာ​သို့​ရောက်​ကြ​၏။ အာ​ဗြ​ဟံ​သည် လည်း သူ​တို့​အား​ပို့​ရန်​လိုက်​ပါ​လာ​ခဲ့​သည်။-


ထို​သူ​တို့​သုံး​ဦး​ထဲ​မှ​နှစ်​ဦး​သည် သော​ဒုံ​မြို့ ဘက်​သို့​ထွက်​ခွာ​သွား​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား က​မူ အာ​ဗြ​ဟံ​နှင့်​အ​တူ​နေ​ရစ်​ခဲ့​လေ​သည်။-


သို့​ရာ​တွင်​ဧည့်​သည်​နှစ်​ဦး​က​တံ​ခါး​ကို​ဖွင့်​လျက် လော​တ​ကို​အိမ်​ထဲ​သို့​ဆွဲ​သွင်း​ပြီး​လျှင် တံ​ခါး​ကို​ပိတ်​လိုက်​ကြ​၏။-


အ​ကျွန်ုပ်​သည်​အ​ရှင်​တို့​အား​ဧည့်​ဝတ်​ပြု​ပါ​ရ​စေ။ အ​ကျွန်ုပ်​အိမ်​သို့​ကြွ​တော်​မူ​ကြ​ပါ။ ခြေ​ကို​ဆေး​၍​ည​အိပ်​တည်း​ခို​ကြ​ပါ။ နံ​နက်​စော​စော​ထ​၍​ခ​ရီး​ဆက်​ကြ​ပါ'' ဟု​ခေါ်​ဖိတ်​လေ​၏။ သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​တို့​က``ငါ​တို့​သည် အ​ပြင်​လမ်း​မ​ပေါ်​၌​သာ​နေ​ပါ​မည်'' ဟု​ဆို​လေ​၏။


အာ​ဗြ​ဟံ​သည်​လည်း​မြို့​သား​တို့​ရှေ့​တွင်​ဦး​ညွတ်​၍၊-


ထို​နောက်​မိ​မိ​၏​သား​တို့​ကို​အဖ​၏​ဒူး​များ ကြား​မှ​ထုတ်​ပြီး​နောက် ယော​သပ်​သည်​အ​ဖ ၏​ရှေ့​၌​ဦး​ညွှတ်​ချ​လေ​၏။


ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊


ဧည့်သည်သည် လမ်း၌ညဉ့်ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူတို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။


သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။


ထို​နည်း​တူ​လော​တ​၏​လက်​ထက်​၌​လူ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်​စိုက်​ပျိုး​တည်​ဆောက် လျက်​နေ​ခဲ့​ကြ​၏။-


ဧည့်​သည်​ဝတ်​ကို​ပြု​ရန်​မ​မေ့​ကြ​နှင့်။ ယင်း သို့​ဧည့်​ဝတ်​ကို​ပြု​သော​သူ​အ​ချို့​တို့​သည် ကောင်း​ကင်​တ​မန်​များ​ကို​အ​မှတ်​မ​ထင် ဧည့်​ခံ​ခဲ့​ကြ​ပေ​သည်။-


ဗော​ဇ​သည်​မြို့​တံ​ခါး​ဝ​ရှိ​တ​ရား​စီ​ရင်​ရာ ဌာ​န​သို့ သွား​၍​ထိုင်​လျက်​နေ​၏။ ထို​အ​ခါ ဧ​လိ​မ​လက်​၏​အ​ရင်း​အ​ချာ​ဆုံး​သော​ဆွေ မျိုး​သား​ချင်း​ဖြစ်​သူ​သည် ရောက်​ရှိ​လာ​လေ သည်။ ထို​သူ​ကား​ယ​ခင်​က​ဗော​ဇ​ဖော်​ပြ​ခဲ့ သူ​ပင်​ဖြစ်​၏။ ဗော​ဇ​က​သူ့​အား``မိတ်​ဆွေ၊ ဤ နေ​ရာ​သို့​လာ​၍​ထိုင်​ပါ​လော့'' ဟု​ဆို​သ​ဖြင့် သူ​သည်​လာ​၍​ထိုင်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ