ကမ္ဘာဦး 14:13 - မြန်မာ့စံမီသမ္မာကျမ်း လွတ်မြောက်လာသူတစ်ယောက်သည် အာမောရိလူမျိုးမံရေပိုင်သည့်ဝက်သစ်ချတောအနီး၌နေထိုင်သော ဟေဗြဲလူမျိုး အာဗြံထံသို့လာ၍ သတင်းပို့လေ၏။ မံရေသည် ဧရှကောလနှင့် အာနေရတို့၏အစ်ကိုဖြစ်ပြီး သူတို့သည် အာဗြံနှင့်မဟာမိတ်ဖွဲ့ထားသောသူများဖြစ်ကြ၏။ Common Language Bible ထိုမြို့သားတစ်ယောက်သည် ရန်သူလက်မှလွတ် မြောက်ထွက်ပြေးလာ၍ဟေဗြဲအမျိုးသား အာဗြံအား အထက်ပါအဖြစ်အပျက်အကြောင်း စုံကိုပြောပြလေ၏။ အာဗြံသည်အာမောရိ အမျိုးသား မံရေပိုင်သောသစ်ပင်များအနီး တွင်နေထိုင်လျက်ရှိသည်။ မံရေနှင့်သူ၏ညီ များဖြစ်ကြသောဧရှကောလနှင့် အာနေရ တို့သည်အာဗြံ၏မဟာမိတ်များဖြစ်ကြ၏။- Garrad Bible ဧ ရှ ကော လ နှင့် အာ နေ ရ တို့ အစ် ကို၊ အာ မော ရိ လူ မျိုး မံ ရေ၏ ညန် မြိုင် အ နီး နေ လျက် ထို သူ တို့ နှင့် မိတ် ဖွဲ့ ခဲ့ သူ ဟေ ဗြဲ လူ မျိုး အာ ဗြံ့ ထံ လွတ် ပြေး သူ တစ် ယောက် ရောက် လာ ကြား ပြော သည့် အ တိုင်း၊ Judson Bible ထိုဘေးမှ လွတ်၍ပြေးသောသူတစ်ယောက်သည်၊ ဟေဗြဲလူအာဗြံနှင့် မိတ်သဟာယဖွဲ့သောသူ၊ ဧရှကောလနှင့် အာနေရ၏အစ်ကို အာမောရိလူ မံရေ၏သပိတ်တောနားမှာနေသော အာဗြံထံသို့ရောက်၍၊ သတင်းကြားပြောလေ၏။ |
ထို့ကြောင့် အာဗြံသည် သူ၏တဲကိုရွှေ့၍ ဟေဗြုန်မြို့ရှိ မံရေဝက်သစ်ချပင်များအနီး၌ သွားရောက်နေထိုင်၏။ သူသည် ထိုအရပ်၌ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လေ၏။
ငယ်သားတို့စားသောအရာနှင့် အကျွန်ုပ်နှင့်အတူလိုက်ခဲ့သော အာနေရ၊ ဧရှကောလနှင့် မံရေတို့၏ဝေစုကိုသာ ယူပါမည်။ သူတို့ဝေစုကိုသူတို့ယူကြပါစေ”ဟု သောဒုံဘုရင်အား ဆိုလေ၏။
တစ်ဖန် ထာဝရဘုရားသည် မံရေဝက်သစ်ချပင်များအနီး၌ အာဗြဟံအား ကိုယ်ထင်ရှားပြတော်မူ၏။ နေရှိန်ပြင်းသောအချိန်တွင် အာဗြဟံသည် တဲအဝင်ဝ၌ ထိုင်လျက်နေ၏။
အာဗြဟံသည် သိုးအုပ်၊ နွားအုပ်ကိုယူ၍ အဘိမလက်မင်းကြီးအားပေးပြီးလျှင် သူတို့နှစ်ဦးသည် ပဋိညာဉ်ဖွဲ့ကြ၏။
သူတို့သည် ဗေရရှေဘအရပ်၌ ပဋိညာဉ်ဖွဲ့ကြပြီးနောက် အဘိမလက်မင်းကြီးနှင့် သူ၏စစ်သူကြီးဖိကောလသည် ထ၍ ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။
မိမိ၏အိမ်သားယောက်ျားတို့ကိုခေါ်၍ သူတို့အား “ကြည့်ကြပါ။ သခင်ခေါ်လာသော ဟေဗြဲအမျိုးသားသည် ငါတို့ကို စော်ကားပါပြီတကား။ ငါနှင့်အိပ်ဖို့ ငါ့ထံသို့ဝင်လာသဖြင့် ငါသည် အသံကုန်အော်ဟစ်ရပါ၏။
အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
ထိုနေရာ၌ အကျွန်ုပ်တို့နှင့်အတူ ကိုယ်ရံတော်မှူး၏အစေအပါး ဟေဗြဲလူငယ်တစ်ယောက်ရှိပါ၏။ အကျွန်ုပ်တို့သည် သူ့အားပြောပြ၍ သူသည် အကျွန်ုပ်တို့၏အိပ်မက်အနက်ကိုဖွင့်ပြပေးပါ၏။ အကျွန်ုပ်တို့ကိုယ်စီမက်သောအိပ်မက်၏အနက်ကိုဖွင့်ပြပေးပါ၏။
ထိုအခါ ယောသပ်အတွက်တစ်ပွဲ၊ ယောသပ်၏ညီအစ်ကိုတို့အတွက်တစ်ပွဲ၊ ယောသပ်နှင့်အတူစားသောအီဂျစ်လူမျိုးတို့အတွက်တစ်ပွဲ သီးသန့်စီပြင်ဆင်ကြ၏။ အကြောင်းမှာ အီဂျစ်လူမျိုးတို့သည် ဟေဗြဲလူမျိုးတို့နှင့်အတူ အစားအစာမစားရ။ အတူတူစားခြင်းသည် အီဂျစ်လူမျိုးတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ရှေဘပြည်သားတို့သည် နွားနှင့်မြည်းတို့ကို တိုက်ခိုက်သိမ်းယူသွားပါပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ကြပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာ၍ အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
မောရှေအရွယ်ရောက်ပြီးနောက် တစ်နေ့သောအခါ သူသည် မိမိအမျိုးသားချင်းများထံသို့သွားရာ သူတို့သည် ကြမ်းတမ်းသောအလုပ်များ လုပ်ရသည်ကိုမြင်လေ၏။ ထိုအချိန်၌ မိမိအမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသားတစ်ဦးကို အီဂျစ်အမျိုးသားတစ်ဦးက ရိုက်နှက်နေသည်ကိုမြင်လျှင်
ဖာတောင်းကိုဖွင့်သောအခါ ငိုနေသောကလေးသူငယ်ကိုမြင်လျှင် သူ့ကိုသနားလျက် “ဤသူငယ်သည် ဟေဗြဲကလေးဖြစ်၏”ဟု ဆို၏။
ထိုအခါ သူတို့သည် သင်၏စကားကို နားထောင်ကြလိမ့်မည်။ သင်နှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည်လည်း အီဂျစ်ဘုရင်ထံသို့ဝင်၍ သူ့အား ‘ဟေဗြဲလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ’ဟု လျှောက်ထားလော့။
ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်သည့် ဟေဗြဲအမျိုးသား၊ ဟေဗြဲအမျိုးသမီးတို့ကို အသီးသီးလွတ်မြောက်ခွင့်ပေးရမည်။ ဂျူးလူမျိုးတို့တွင် မည်သူမျှ ကိုယ့်အချင်းချင်းကျွန်မပြုရ။
သူက “ငါသည် ဟေဗြဲလူမျိုးဖြစ်၏။ ပင်လယ်နှင့်ကုန်းမြေကို ဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သူ ဖြစ်ပါသည်”ဟု သူတို့အား ဆို၏။
သူတို့သည် ဧရှကောလချိုင့်ဝှမ်းသို့ရောက်သောအခါ ထိုအရပ်မှ စပျစ်သီးအပြွတ်လိုက်ပါသောစပျစ်ခိုင်တစ်ခိုင်ကို အကိုင်းနှင့်တကွခုတ်ယူ၍ သလဲသီး၊ သဖန်းသီးအချို့တို့နှင့်အတူ ထမ်းပိုးဖြင့် လူနှစ်ယောက်ထမ်းလာကြ၏။
အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးထံသို့ စေတမန်တို့ကိုစေလွှတ်၍
သူတို့သည် ဟေဗြဲလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အစ္စရေးလူမျိုးဖြစ်ကြသလော။ ငါလည်းဖြစ်၏။ သူတို့သည် အာဗြဟံအမျိုးအနွယ်ဖြစ်ကြသလော။ ငါလည်းဖြစ်၏။
ဖိလိတ္တိတပ်မှူးတို့က “ဤဟေဗြဲလူမျိုးတို့သည် ဘာလာလုပ်ကြသနည်း”ဟု မေးလျှင် အာခိတ်မင်းကြီးက ဖိလိတ္တိတပ်မှူးတို့အား “ဤသူကား အစ္စရေးရှင်ဘုရင်ရှောလု၏အစေအပါး ဒါဝိဒ်ဖြစ်၏။ ငါ့ထံရောက်လာသည်မှာ နှစ်နှင့်ချီရှိပြီ။ ရှောလုကို သူစွန့်ခွာလာသောနေ့မှစ၍ ယနေ့အထိ သူ၌အပြစ်တစ်စုံတစ်ရာမျှမတွေ့”ဟု ဆို၏။
ထိုနေ့တွင်ပင် ဗင်္ယာမိန်အမျိုးသားတစ်ဦးသည် မိမိအဝတ်ကိုဆုတ်လျက်၊ မိမိခေါင်းပေါ်တွင်မြေမှုန့်ကို တင်လျက် စစ်မြေပြင်မှ ရှိလောမြို့သို့ အပြေးအလွှားရောက်လာ၏။