ထွက်မြောက် 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 ဖာတောင်းကိုဖွင့်သောအခါ ငိုနေသောကလေးသူငယ်ကိုမြင်လျှင် သူ့ကိုသနားလျက် “ဤသူငယ်သည် ဟေဗြဲကလေးဖြစ်၏”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ဖာရောဘုရင်၏သမီးတော်သည်ခြင်းတောင်း ကိုဖွင့်ကြည့်သောအခါ၊ ငိုလျက်နေသောသူ ငယ်ကိုမြင်ရသော်ကလေးကိုသနားကြင် နာ၍``ဤကလေးသည်ဟေဗြဲအမျိုးသား ကလေးဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ကြုတ် ကို ဖွင့် သော အ ခါ ငို လျက် နေ သော ထို သူ ငယ် ကို မြင် သ ဖြင့် သ နား၍ ဤ သူ ငယ် ကား ဟေ ဗြဲ အ မျိုး ဖြစ် လေ စွ ဟု ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible6 ပုခက်ဖုံးကိုဖွင့်သောအခါ၊ ငိုလျက်နေသောသူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟုဆိုပြီးသော်၊ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်ကို သူတို့ဆန့်ကျင်ကျူးလွန်မိသောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပါ။ သူတို့ကို ဖမ်းခေါ်သွားသောသူတို့အား သနားတတ်သောစိတ်ကိုပေးတော်မူပါ။ သို့မှ သူတို့ကို သနားပါလိမ့်မည်။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။