ကမ္ဘာဦး 43:32 - မြန်မာ့စံမီသမ္မာကျမ်း32 ထိုအခါ ယောသပ်အတွက်တစ်ပွဲ၊ ယောသပ်၏ညီအစ်ကိုတို့အတွက်တစ်ပွဲ၊ ယောသပ်နှင့်အတူစားသောအီဂျစ်လူမျိုးတို့အတွက်တစ်ပွဲ သီးသန့်စီပြင်ဆင်ကြ၏။ အကြောင်းမှာ အီဂျစ်လူမျိုးတို့သည် ဟေဗြဲလူမျိုးတို့နှင့်အတူ အစားအစာမစားရ။ အတူတူစားခြင်းသည် အီဂျစ်လူမျိုးတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible32 ယောသပ်အဖို့စားပွဲတစ်ပွဲ၊ သူ၏အစ်ကိုတို့ အဖို့စားပွဲတစ်ပွဲ၊ အီဂျစ်အမျိုးသားတို့ အဖို့စားပွဲတစ်ပွဲတည်ခင်းကြ၏။ အီဂျစ် အမျိုးသားတို့သည်ဟေဗြဲအမျိုးသားတို့ နှင့်အတူစားသောက်လျှင် ဂုဏ်သိမ်သည်ဟု ယူဆကြသောကြောင့်ဟေဗြဲအမျိုးသား တို့နှင့်အတူတူမစားကြ။- အခန်းကိုကြည့်ပါ။Garrad Bible32 ယော သပ် အ ဖို့ တစ် ပွဲ၊ ညီ အစ် ကို တို့ အ ဖို့ တစ် ပွဲ၊ ယော သပ် နှင့် စား သော အိ ဂျစ် လူ တို့ အ ဖို့ တစ် ပွဲ၊ တည် ခင်း ကြ၏။ အိ ဂျစ် လူ တို့ သည် ဟေ ဗြဲ လူ တို့ နှင့် အ တူ မ စား ရ။ စား လျှင် အိ ဂျစ် လူ တို့ သည် ရွံ ရှာ ဖွယ် မှတ် ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible32 ယောသပ်ဖို့တစ်ပွဲ၊ အစ်ကိုတို့ဖို့တစ်ပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တုလူတို့ဖို့တစ်ပွဲ အသီးအသီးတို့ကိုပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကိုအဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့က ‘အကျွန်ုပ်တို့၏ဘိုးဘေးမှစ၍ အရှင့်အစေအပါးဖြစ်သောအကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်မှ ယခုတိုင်အောင် တိရစ္ဆာန်မွေးမြူသောသူများဖြစ်ကြပါ၏’ဟု လျှောက်ရမည်။ သို့မှသာ သင်တို့သည် ဂေါရှင်အရပ်၌ နေထိုင်ခွင့်ရကြလိမ့်မည်။ အကြောင်းမူကား သိုးထိန်းဟူသမျှကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏”ဟု ဆိုလေ၏။
သို့သော် မောရှေက “ဤသို့မပြုသင့်ပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်သည်ကို အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာကြ၏။ အကျွန်ုပ်တို့သည် အီဂျစ်လူမျိုးတို့စက်ဆုပ်ရွံရှာသောအရာကို သူတို့မျက်မှောက်၌ ပူဇော်လျှင် အကျွန်ုပ်တို့ကို ခဲနှင့်ပေါက်ကြလိမ့်မည်မဟုတ်လော။