ထိုအခါ အာဗြံသည် မိမိအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထွက်ခွာလေ၏။ လောတသည်လည်း သူနှင့်အတူလိုက်သွား၏။ အာဗြံသည် ဟာရန်မြို့မှထွက်လာသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိ၏။
ကမ္ဘာဦး 13:5 - မြန်မာ့စံမီသမ္မာကျမ်း အာဗြံနှင့်အတူလိုက်လာသောလောတတွင်လည်း သိုးအုပ်၊ နွားအုပ်နှင့် တဲများရှိသဖြင့် Common Language Bible အာဗြံနှင့်အတူလိုက်ပါလာသောလောတသည်လည်း သိုး၊ ဆိတ်စသည့်တိရစ္ဆာန်တို့အပြင်ကျေးကျွန်များကိုပိုင်၏။- Garrad Bible အာ ဗြံ နှင့် အ တူ လိုက် ပါ သော လော တ မှာ လည်း သိုး၊ ဆိတ်၊ နွား စ သည် တို့ နှင့် တဲ များ ရှိ သ ဖြင့်၊ Judson Bible အာဗြံနှင့်အတူလိုက်လာသော လောတသည်လည်း သိုး၊ နွားများနှင့် တဲအများရှိသဖြင့်၊ |
ထိုအခါ အာဗြံသည် မိမိအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထွက်ခွာလေ၏။ လောတသည်လည်း သူနှင့်အတူလိုက်သွား၏။ အာဗြံသည် ဟာရန်မြို့မှထွက်လာသောအခါ အသက်ခုနစ်ဆယ့်ငါးနှစ်ရှိ၏။
အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။
ထိုသူနှစ်ဦးတို့သည် အတူတကွနေထိုင်ရန် မြေမလုံလောက်ပေ။ အကြောင်းမူကား သူတို့၏ဥစ္စာအလွန်များပြားသဖြင့် သူတို့သည် အတူတကွနေထိုင်ရန် မဖြစ်နိုင်တော့ချေ။
သူငယ်တို့သည် ကြီးပြင်းလာသောအခါ ဧသောသည် တော၌ကျင်လည်သောမုဆိုးကောင်းဖြစ်၏။ ယာကုပ်မူကား လူရိုးလူအေးတစ်ယောက်ဖြစ်၍ တဲ၌နေလေ့ရှိ၏။
အာဒသည် ယာဗလကိုမွေးဖွား၏။ ယာဗလသည် တဲ၌နေသောသူ၊ တိရစ္ဆာန်တို့ကိုလှည့်လည်ထိန်းကျောင်းသောသူတို့၏ဖခင်ဖြစ်၏။
သူတို့၏တဲများ၊ သိုးအုပ်များ သိမ်းယူသွားခြင်းခံရမည်။ သူတို့၏ရွက်ထည်များမှစ၍ အသုံးအဆောင်ရှိသမျှနှင့် ကုလားအုတ်များသည်လည်း ဆောင်ယူသွားခြင်းခံရမည်။ သူတို့အား ‘ကြောက်လန့်စရာများ ပတ်လည်ဝိုင်းနေပြီ’ဟူ၍ ဟစ်အော်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။