လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။-
မဿဲ 6:2 - မြန်မာ ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ တို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။- Common Language Bible ``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။- Garrad Bible ထို့ ကြောင့် သင် လှူ ဒါန်း သော အ ခါ လူ တို့ ထံ မှ ဂုဏ် ပ ကာ သ န ရ ခြင်း ငှာ ဓ မ္မာ ရုံ များ၊ လမ်း များ တွင် သီ လ ကြောင် တို့ တီး မှုတ် လေ့ ရှိ ကြ သည့် နည်း တူ သင့် ရှေ့ မ တီး မ မှုတ် စေ နှင့်။ ထို သူ တို့ မှာ လှူ သော အ ကျိုး ကို ခံ ရ ကြ ပြီ၊ ငါ အ မှန် ဆို၏။ Judson Bible ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ တို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်သည် ပေးကမ်းစွန့်ကြဲသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့သည် လူတို့၏ချီးမွမ်းခြင်းကိုခံရရန်အတွက် ဝတ်ပြုစည်းဝေးကျောင်းများနှင့် လမ်းကြားများတွင် ပြုတတ်ကြသကဲ့သို့ မိမိ၏ရှေ့၌တံပိုးကိုမမှုတ်စေနှင့်။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်သည် အလှူအတန်းပြုသောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မပြုနှင့်။ ထိုသူတို့သည် လှူဒါန်းသောအခါ လူတို့၏ချီးမွမ်းပြောဆိုခြင်းကို ခံလိုသဖြင့် ဝတ်ပြုဆောင်များနှင့် လမ်းများ၌ တီးမှုတ်တတ်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။ |
လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။-
နံနက်ယံ၌ကား၊ ယခု မိုးအုံ့လျက်ရှိ၏။ နီမောင်းသောအဆင်းလည်း ရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်ဟု ဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။-
ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ယှက်ကြသနည်း။-
သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကိုလည်းကောင်း၊ ကြီးသော ပန်းပွားတို့ကိုလည်းကောင်း ဝတ်လေ့ရှိကြ၏။-
ထိုကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတ္တံ့။
ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။-
သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။-
သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။-
သင်သည် ဆုတောင်းပတ္ထနာပြုသောအခါ လျှို့ဝှက်သောသူတို့နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ ပွဲသဘင် လမ်းဆုံလမ်းဝတို့၌ ရပ်လျက်ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုခံရကြ၏။-
လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။-
ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။-
ဟေရှာယသည် လျှို့ဝှက်သောသင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။-
သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင်သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ သို့ပြုလျှင် ခပ်သိမ်းသောအရာတို့သည် သင်တို့အားသန့်ရှင်းကြလိမ့်မည်။-
ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ တရားဇရပ်၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း၊ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့။-
လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏မျက်နှာနှင့် မိုးကောင်းကင်၏မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍ မသိနိုင်ကြသနည်း။
သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှာ ဆောင်သွားတတ်သည် မဟုတ်လော။-
ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကို ဝတ်လျက်လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သော နေရာထိုင်ရာကိုလည်းကောင်း နှစ်သက်ကြ၏။-
တစ်နည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် မိမိသက်သာခြင်းကို ယခုခံရကြ၏။-
ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ညီအစ်ကိုအားဆိုရသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေ့ဦးစွာထုတ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။
အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖို့ကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကောင်း၊ ယေရှုမိန့်တော်မူသည်ဟု ထင်မှတ်ကြ၏။-
အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသောသင်တို့သည် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။-
ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကိုစေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကို ရှာသောသူမူကား၊ ယုံလောက်သောသူဖြစ်၏။ ထိုသူ၌ မုသားမရှိ။-