Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 22:18 - မြန်မာ

18 ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ဆိုး​ညစ် သော​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​သ​ဖြင့် ``ကြောင် သူ​တော်​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ပ​ရိ​ယာယ်​ဆင်​၍​မေး​မြန်း​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ယေ ရှု သည် ထို သူ တို့၏ ဆိုး သွမ်း ခြင်း ကို သိ မြင်၍ အ ချင်း သီ လ ကြောင် တို့၊ ငါ့ ကို အ ဘယ့် ကြောင့် စုံ စမ်း ကြ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့သော် ယေရှု​သည် သူ​တို့​၏​ဆိုးညစ်​မှု​ကို​သိ​တော်မူ​၍“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သို့သော်လည်း ယေရှု​သည် ထို​သူတို့​၏ ဆိုးညစ်သော​အကြံအစည်​ကို သိတော်မူ​သဖြင့် “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​သည် အဘယ်ကြောင့်​ငါ့​ကို ထောင်ချောက်ဆင်ဖမ်း​ရန် ကြိုးစားကြသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 22:18
15 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-


ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍ လူ​သည် ခပ်​သိမ်း​သော​အ​ပြစ်​ကြောင့် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊-


သို့​ဖြစ်၍ ကိုယ်​တော်​သည် အ​ဘယ်​သို့ ထင်​တော်​မူ​သ​နည်း။ ကဲ​သာ​ဘု​ရင်​အား အ​ခွန်​ကို ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော အ​ကျွန်ုပ်​တို့​အား မိန့်​တော်​မူ​ပါ​ဟု မေး​လျှောက်​ကြ၏။-


အ​ခွန်​ငွေ​တစ်​ပြား​ကို ပြ​ပါ​ဟု မိန့်​တော်​မူ၍၊ ဒေ​နာ​ရိ​တစ်​ပြား​ကို ယူ​ခဲ့​ကြ၏။-


အ​ခြား​သော​ငယ်​သား​ကို စေ​လွှတ်​ပြန်​လျှင်၊ သူ့​ကို​သတ်​ကြ၏။ အ​ခြား​သော​ငယ်​သား​များ​တို့​တွင် အ​ချို့​တို့​ကို ရိုက်​ကြ၏။ အ​ချို့​တို့​ကို သတ်​ကြ၏။-


သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။-


တစ်​ရံ​ရော​အ​ခါ ကျမ်း​တတ်​တစ်​ယောက်​သည် ထ၍၊ အ​ရှင်​ဘု​ရား၊ ထာ​ဝ​ရ​အ​သက်​ကို အ​မွေ​ခံ​ရ​အံ့​သော​ငှာ အ​ကျွန်ုပ်​သည် အ​ဘယ်​အ​မှု​ကို ပြု​ရ​ပါ​မည်​နည်း​ဟု ကိုယ်​တော်​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​သော်၊-


ကိုယ်​တော်​သည် ထို​သူ​တို့၏ ပ​ရိ​ယာယ်​ကို သိ​မှတ်​တော်​မူ​လျှင်၊ သင်​တို့​သည် ငါ့​ကို အ​ဘယ်​ကြောင့် စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-


ယေ​ရှု​သည် ထို​သူ​တို့၏ ထင်​မှတ်​ခြင်း​ကို​သိ​တော်​မူ​လျှင်၊ သင်​တို့​စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​သ​နည်း။-


ယေ​ရှု​သည် သူ​တို့​အ​ကြံ​အ​စည်​ကို သိ​မြင်​လျှင်၊ သူ​ငယ်​တစ်​ယောက်​ကို​ယူ၍ မိ​မိ​အ​နား၌​ထား​ပြီး​မှ၊-


လူ၏​အ​ထဲ၌​ရှိ​သ​မျှ​ကို သိ​တော်​မူ​သော​ကြောင့်၊ လူ၏​အ​ကြောင်း​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​ကို​မျှ အ​လို​တော်​မ​ရှိ။


ထို​သို့​လျှောက်​ကြ​သော်၊ ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ စုံ​စမ်း​နှောင့်​ယှက်​သော​အား​ဖြင့် လျှောက်​ကြ၏။ ယေ​ရှု​သည် အောက်​သို့​ငုံ့​လျက် လက်​ညှိုး​တော်​နှင့် မြေ၌​ရေး​သား၍​နေ​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ