Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 22:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သို့သော်လည်း ယေရှု​သည် ထို​သူတို့​၏ ဆိုးညစ်သော​အကြံအစည်​ကို သိတော်မူ​သဖြင့် “သူတော်ကောင်း​ယောင်ဆောင်သူတို့… သင်တို့​သည် အဘယ်ကြောင့်​ငါ့​ကို ထောင်ချောက်ဆင်ဖမ်း​ရန် ကြိုးစားကြသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​သူ​တို့​၏​ဆိုး​ညစ် သော​အ​ကြံ​အ​စည်​ကို​သိ​တော်​မူ​သ​ဖြင့် ``ကြောင် သူ​တော်​တို့၊ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ပ​ရိ​ယာယ်​ဆင်​၍​မေး​မြန်း​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ယေ ရှု သည် ထို သူ တို့၏ ဆိုး သွမ်း ခြင်း ကို သိ မြင်၍ အ ချင်း သီ လ ကြောင် တို့၊ ငါ့ ကို အ ဘယ့် ကြောင့် စုံ စမ်း ကြ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့သော် ယေရှု​သည် သူ​တို့​၏​ဆိုးညစ်​မှု​ကို​သိ​တော်မူ​၍“သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့၊ အဘယ်ကြောင့် ငါ့​ကို​စမ်းသပ်​ကြ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

18 ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 22:18
15 ပူးပေါင်းရင်းမြစ်များ  

ယေရှု​သည် ဖာရိရှဲတို့​၏ အကြံအစည်​ကို သိတော်မူ​သဖြင့် ထို​အရပ်​မှ ထွက်ခွာတော်မူ၏။ လူများစွာတို့​သည် နောက်တော်​သို့ လိုက်ကြ၏။ ယေရှု​သည် ထို​သူတို့​အထဲမှ ဖျားနာသူ​ရှိသမျှ​ကို ကျန်းမာစေတော်မူ၏။


ဖာရိရှဲ​တချို့​သည် စမ်းသပ်လို​သဖြင့် ကိုယ်တော်​ထံသို့ လာ​၍ “လူတစ်ဦး​သည် မည်သည့်​အကြောင်း​ကြောင့်​ဖြစ်စေ မိမိ​ဇနီး​ကို ကွာရှင်းသည်​မှာ ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။


သို့ဖြစ်၍ ဆရာတော် မည်သို့​ထင်မြင်သည်​ကို အကျွန်ုပ်တို့​အား​ပြောပါ။ ဆီဇာဘုရင်​အား အကျွန်ုပ်တို့​က အခွန်​ပေးဆောင်ခြင်း​သည် ပညတ်တော်​နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။


အခွန်ဆောင်ရာ​တွင်​သုံးသည့် ဒင်္ဂါးပြား​တစ်ပြား​ကို ပြလော့” ဟု မိန့်တော်မူ​လျှင် သူတို့​သည် ဒင်္ဂါးပြား​တစ်ပြား​ကို ယူခဲ့ကြ၏။


တစ်ဖန် စပျစ်ခြံပိုင်ရှင်​သည် အခြား​အစေခံ​တစ်ဦး​ကို စေလွှတ်ပြန်​လျှင် စပျစ်ခြံလုပ်သားများ​က ထို​သူ​ကို သတ်ပစ်ကြ၏။ အခြားသော​အစေခံများ​ကို စေလွှတ်​သော်လည်း ထို​နည်းတူ တချို့​ကို ရိုက်နှက်​၍ တချို့​ကို သတ်ပစ်ကြ၏။


ယေရှု​သည် ကျမ်းတတ်ဆရာများ​က ထိုသို့​တွေးတောနေကြသည်​ကို ချက်ချင်း​သိတော်မူ​သဖြင့် သူတို့​အား “သင်တို့​စိတ်​ထဲ၌ အဘယ်ကြောင့် ဤသို့​တွေးတော​နေကြသနည်း။


တစ်နေ့​၌ ကျမ်းတတ်​ပညာရှင်​တစ်ဦး​သည် ကိုယ်တော်​ကို စမ်းသပ်​ရန် “ဆရာတော်… ထာဝရ​အသက်​ကို ရရှိ​ရန် အကျွန်ုပ်​သည် မည်သို့​ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။


သို့သော်လည်း ယေရှု​သည် ထို​သူတို့​၏​ပရိယာယ်​ကို သိမြင်တော်မူ​သဖြင့်


ယေရှု​သည် ထို​သူတို့ မည်သို့​တွေးတောနေကြသည်​ကို သိတော်မူ​သဖြင့် “သင်တို့​စိတ်​ထဲ၌ အဘယ်ကြောင့် ဤသို့​တွေးတော​နေကြသနည်း။


သို့သော် ယေရှု​သည် ထို​သူတို့​၏​တွေးတော​ကြံစည်မှု​ကို ကောင်းစွာ​သိတော်မူ​သဖြင့် ကလေးငယ်​တစ်ဦး​ကို ခေါ်​ကာ မိမိ​အနား​တွင် ရပ်စေတော်မူ၏။


ထိုသို့ လူ့​အတွင်းသဘော​ကို သိတော်မူ​သောကြောင့် ကိုယ်တော်​အား လူ့​အကြောင်း​ကို မည်သူ​ကမျှ ပြောပြ​ရန် မလိုပေ။


သူတို့​သည် ယေရှု​ကို ပြစ်တင်စွပ်စွဲ​နိုင်ရန် ထိုသို့ လျှောက်ထား​၍ ထောင်ချောက်ဆင်ကြခြင်း​ဖြစ်၏။ သို့ရာတွင် ယေရှု​သည် အောက်သို့​ငုံ့​၍ မြေပြင်​ပေါ်​တွင် လက်ညှိုးတော်​ဖြင့် ရေးခြစ်​လျက်​နေတော်မူ၏။


ထိုအခါ ပေတရု​က သူ့​အား “သင်တို့​နှစ်ဦးစလုံး​သည် အဘယ်ကြောင့် ထာဝရဘုရား​၏​ဝိညာဉ်တော်​ကို လှည့်စား​ရန် သဘောတူ​၍ ပူးပေါင်း​ကြံစည်ကြသနည်း။ ကြည့်လော့။ သင်​၏​ခင်ပွန်း​ကို သင်္ဂြိုဟ်သော​သူတို့​သည် တံခါး​နား​တွင် ရောက်နေကြပြီ​ဖြစ်၍ သူတို့​သည် သင့်​ကိုလည်း သယ်ဆောင်ကြ​လိမ့်မည်” ဟု ဆို၏။


ငါ​သည် သူ​၏​သားသမီးများ​ကို အသက်​ဆုံး​စေမည်။ ငါ​သည် လူတို့​၏​စိတ်နှလုံး​နှင့် အကြံအစည်​ကို​ဆန်းစစ်သောသူ​ဖြစ်ကြောင်း အသင်းတော်​အပေါင်းတို့​သည် သိကြ​လိမ့်မည်။ သင်တို့​အသီးသီး​၏​အကျင့်​နှင့်​အညီ ထိုက်သင့်သည့်​အတိုင်း ငါ​ပေးဆပ်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ