Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 5:18 - မြန်မာ

18 ငါ​အ​မှန်​ဆို​သည်​ကား၊ ကောင်း​ကင်​နှင့် မြေ​ကြီး မ​ပျက်​စီး​မီ​တိုင်​အောင်၊ ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော စာ​လုံး​ဗိ​န္ဓု​တစ်​လုံး​မျှ ပြည့်​စုံ​ခြင်း​သို့ မ​ရောက်​မီ မ​ပျက်​စီး​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သင်​တို့​အား​အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ကောင်း ကင်​နှင့်​မြေ​ကြီး​တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး ပ​ညတ်​ကျမ်း​မှ​အက္ခ​ရာ​တစ်​လုံး၊ ဝစ္စ​တစ်​လုံး​မျှ ပင်​မ​ပျောက်​ပျက်​ရ။ ထို​ကျမ်း​တွင်​ဖော်​ပြ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ဖြစ်​ပျက်​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ကောင်း ကင် နှင့် မြေ ကြီး ပျောက် ပျက် ၍ မ သွား မီ ပည တ္တိ ကျမ်း လုံး မ ပြည့် စုံ ဘဲ အ က္ခ ရာ တစ် လုံး ဝတ် စ တစ် လုံး မျှ မ ပျောက် ပျက် ရ ငါ အ မှန် ဆို ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ငါ​အ​မှန်​ဆို​သည်​ကား၊ ကောင်း​ကင်​နှင့် မြေ​ကြီး မ​ပျက်​စီး​မီ​တိုင်​အောင်၊ ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော စာ​လုံး​ဗိ​န္ဓု​တစ်​လုံး​မျှ ပြည့်​စုံ​ခြင်း​သို့ မ​ရောက်​မီ မ​ပျက်​စီး​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ကောင်းကင်​နှင့်​မြေကြီး​မ​ကွယ်ပျောက်​မီ​တိုင်အောင်၊ အရာ​အားလုံး​မ​ပြည့်စုံ​မချင်း ပညတ်​တရား​ကျမ်း​ထဲမှ အသေးဆုံး​အက္ခရာ​၊ သို့မဟုတ် ဗိန္ဒု​တစ်​လုံး​မျှ​ကွယ်ပျောက်​လိမ့်မည်​မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သင်တို့​အား ငါ​အမှန် ဆိုရ​လျှင် ကောင်းကင်​နှင့်​မြေကြီး မကွယ်ပျောက်မချင်း ဘုရားသခင်​၏ ပညတ်ကျမ်း​ထဲ​၌​ရှိသည့် အသေးငယ်ဆုံးသော အက္ခရာ​တစ်လုံး​မျှ မကွယ်ပျောက်ရ။ ထို​ကျမ်း​တွင် ဖော်ပြ​သမျှသော​အရာတို့​သည် ဖြစ်လာ​ရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:18
82 ပူးပေါင်းရင်းမြစ်များ  

ပ​ည​တ္တိ​ကျမ်း၌ အ​ငယ်​ဆုံး​သော ဗိ​န္ဓု​တစ်​လုံး​ပျက်​စီး​လွယ်​သည်​ထက်၊ ကောင်း​ကင်​နှင့် မြေ​ကြီး ပျက်​စီး​လွယ်၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော လူ​များ​မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။-


ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။-


သင်​တို့​သည် ယုံ​ကြည်​ခြင်း​မ​ရှိ​သော​ကြောင့် မ​နှင်​ထုတ်​နိုင်​ကြ။ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် မုန်​ညင်း​စေ့​ခန့်​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့​ဟု ဆို​ကြ​သော်၊ နေ​ရာ​မှ ရွေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင် သင်​တို့​မ​တတ်​နိုင်​သော​အ​မှု မ​ရှိ။-


ငါ​အ​မှန်​ဆို​သည်​ကား၊ လူ​သား​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သည်​ကို၊ ဤ​အ​ရပ်၌​ရှိ​သော သူ​အ​ချို့​တို့​သည် မ​မြင်​မီ သေ​ခြင်း​သို့​မ​ရောက်​ရ​ကြ​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏။


ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့ မြင်​ရ​သော​အ​ရာ​တို့​ကို ပ​ရော​ဖက်​များ​နှင့် ဖြောင့်​မတ်​သော သူ​များ​တို့​သည် မြင်​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​မြင်​ရ​ကြ။ သင်​တို့​ကြား​ရ​သော အ​ရာ​တို့​ကို ကြား​ခြင်း​ငှာ အ​လို​ရှိ​သော်​လည်း မ​ကြား​ရ​ကြ။-


တစ်​မြို့၌ သင်​တို့​ကို​ညှဉ်း​ဆဲ​လျှင် တစ်​မြို့​သို့​ပြေး ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ ဣ​သ​ရေ​လ​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို သင်​တို့ လှည့်​လည်၍ မ​ကုန်​မီ လူ​သား​သည် ကြွ​လာ​လိမ့်​မည်။-


ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။-


လျော်​ပြစ်​ငွေ​ရှိ​သ​မျှ​ကို မ​လျော်​မီ​တိုင်​အောင် ထောင်​ထဲ​က​မ​ထွက်​ရ​ဟု ငါ​အ​မှန်​ဆို၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​သည်​ပျို​သော အ​သက်​ရှိ​စဉ် ကိုယ်​ကို​ကိုယ်​ပတ်​စည်း၍ အ​လို​ရှိ​ရာ အ​ရပ်​ရပ်​သို့ သွား​လာ​တတ်၏။ သင်​သည် အို​သော​အ​ခါ လက်​နှစ်​ဖက်​ကို ဆန့်​ပြီး​လျှင်၊ သူ​တစ်​ပါး​သည် သင့်​ကို ပတ်​စည်း၍ သင်​အ​လို​မ​ရှိ​ရာ​အ​ရပ်​သို့ ယူ​သွား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း ရှိ​ကြ​လိမ့်​မည်။ လော​ကီ​သား​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်​တို့​မူ​ကား ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း ထို​ဝမ်း​နည်း​ခြင်း​သည် တစ်​ဖန် ဝမ်း​မြောက်​ခြင်း ဖြစ်​လိမ့်​မည်။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို ပြု​လိမ့်​မည်။ ထို​အ​မှု​တို့​ထက်​သာ၍ ကြီး​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား၍၊-


ယေ​ရှု​က၊ ငါ့​အ​ဖို့ သင့်​အ​သက်​ကို​စွန့်​မည်​လော။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ကျွန်​သည် သ​ခင်​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်၊ တ​မန်​သည်​လည်း စေ​လွှတ်​သော​သူ​ထက် သာ၍ ကြီး​မြတ်​သည်​မ​ဟုတ်။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မြေ၌​ကျ​သော​စ​ပါး​စေ့​သည် မ​ပျက်​လျှင် တစ်​ခု​တည်း​နေ၏။ ပျက်​လျှင်​မူ​ကား များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။-


ထို​ကြောင့် တစ်​ဖန်​ယေ​ရှု​က၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​သည် သိုး​ဝင်​သော​တံ​ခါး​ဝ ဖြစ်၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သိုး​ခြံ​ထဲ​သို့ တံ​ခါး​ဝ​ဖြင့်​မ​ဝင်၊ အ​ခြား​လမ်း​ဖြင့်​ကျော်​ဝင်​သော​သူ​သည် သူ​ခိုး​ဓား​ပြ​ဖြစ်၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ အာ​ဗြ​ဟံ​မ​ဖြစ်​မီ ငါ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ဒု​စ​ရိုက်​ကို ပြု​သ​မျှ​သော​သူ​တို့​သည် ဒု​စ​ရိုက်​၏​ကျွန်​ဖြစ်၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ လူ​သား၏​အ​သား​ကို​မ​စား၊ အ​သွေး​ကို​မ​သောက်​လျှင် သင်​တို့၌ အ​သက်​မ​ရှိ။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို​ရ၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​ကြောင့် ငါ့​ကို​ရှာ​သည်​မ​ဟုတ်။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-


ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။-


ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။-


သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ နောင်​ကာ​လ၌ ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​တို့​သည် လူ​သား၏​အ​ပေါ်၌ ဆင်း​လျက်​တက်​လျက် ရှိ​နေ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​တွင် သင်​သည် ငါ​နှင့်​အ​တူ ပ​ရ​ဒိ​သု​ဘုံ၌​ရှိ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကြောင့်၊ အိမ်​ရာ၊ မိ​ဘ၊ ညီ​အစ်​ကို၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို စွန့်၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့ မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု မိန့်​တော်​မူ၏။


သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။ ငါ​ဆို​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ခွင့်​နှင့် ကြွ​လာ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သော​ဟု သင်​တို့​မ​ပြော​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ သင်​တို့​သည် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု မိန့်​တော်​မူ၏။


အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-


ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော​လူ​တို့​သည် ထို​စစ်​ကြော​ခြင်း​ကို ခံ​ရ​ကြ​မည်။


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင်​ပင် ကြက်​သည်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို​ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-


ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန်​ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-


စား​ပွဲ၌​လျောင်း၍ စား​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ စား​သော​သူ တစ်​စုံ​တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-


ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်၍ ငါ​အ​မှန်​ဆို​သည်​ကား၊ ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ချ​သော​သူ အ​ပေါင်း​တို့​ထက် ထို​ဆင်း​ရဲ​သား​မု​ဆိုး​မ​သည် သာ၍ သွင်း​ချ​ခဲ့​ပြီ။-


ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ယုံ​မှား​သော​စိတ်​နှင့်​ကင်း၍ မိ​မိ​ဆို​သည်​အ​တိုင်း ဖြစ်​မည်​ဟု ယုံ​ကြည်​လျက်၊ ထို​တောင်​ကို နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌ ကျ​လော့​ဟု​ဆို​လျှင်၊ ထို​သူ​ဆို​သည်​အ​တိုင်း၊ ဖြစ်​လိမ့်​မည်။-


ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း၊ အိမ်၊ လယ်၊ ညီ​အစ်​ကို၊ နှ​မ၊ မိ​ဘ၊ သား​မ​ယား​တည်း​ဟူ​သော တစ်​ပါး​ပါး​ကို​စွန့်၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ကြင်​သူ​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​ကို သူ​ငယ်​ကဲ့​သို့​မ​ခံ​မ​ယူ၊ ထို​သူ​သည် နိုင်​ငံ​တော်​သို့​မ​ဝင်​ရ​ဟု မိန့်​တော်​မူ​ပြီး​မှ၊-


သင်​တို့​သည် ခ​ရစ်​တော်​နှင့် ဆိုင်​သည်​ဟု ငါ့​မျက်​နှာ​ကို​ထောက်၍ အ​ကြင်​သူ​သည် သင်​တို့​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို၏။


ငါ​အ​မှန်​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် တန်​ခိုး​နှင့်​တ​ကွ တည်​ကြောင်း​ကို ဤ​အ​ရပ်၌ ရှိ​သော​သူ အ​ချို့​တို့​သည် မ​မြင်​မီ​သေ​ခြင်း​သို့ မ​ရောက်​ရ​ကြ​ဟု မိန့်​တော်​မူ၏။


ကိုယ်​တော်​သည် စိတ်​နှ​လုံး​ညည်း​တွား​သံ​ကို ပြု​တော်​မူ​လျက်၊ ဤ​လူ​မျိုး​သည် နိ​မိတ်​လ​က္ခ​ဏာ​ကို အဘယ်ကြောင့်တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကိုမ​ပြ​ရ​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊-


အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ ပြစ်​မှား​သော​အ​ပြစ် အ​မျိုး​မျိုး၊ ဘု​ရား​ကို ကဲ့​ရဲ့​သော​အ​ပြစ်​အ​မျိုး​မျိုး ရှိ​သ​မျှ​တို့​နှင့် လွတ်​စေ​ခြင်း​အ​ခွင့်​ကို လူ​သား​တို့​သည် ရ​နိုင်​ကြ၏။-


မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-


မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-


အ​ရှင်​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လေ၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ရှင်​သည် မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​တို့​ကို ထို​ကျွန်၌ အပ်​လိမ့်​မည်။-


ယေ​ရှု​က​လည်း၊ ဤ​အ​ရာ​အ​လုံး​စုံ​ကို သင်​တို့​သည် မြင်​ကြ​သည်​မ​ဟုတ်​လော။ ငါ​အ​မှန်​ဆို​သည်​ကား၊ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ​မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။


ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​အ​ရာ​များ​တို့​သည် ယ​ခု​ဖြစ်​သော​လူ​များ​အ​ပေါ်​သို့ ရောက်​ကြ​လိမ့်​မည်။-


ထို​သား​နှစ်​ယောက်​တို့​တွင် အ​ဘယ်​သူ​သည် အ​ဘ၏​အ​လို​ကို ဆောင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ သား​အ​ကြီး​ဆောင်​ပါ​သည်​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က​လည်း ငါ​အ​မှန်​ဆို​သည်​ကား၊ အ​ခွန်​ခံ​တို့​နှင့် ပြည့်​တန်​ဆာ​တို့​သည် သင်​တို့​အ​ရင် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​တတ်​ကြ၏။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ယုံ​မှား​ခြင်း​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​ရှိ​လျှင်၊ သင်္ဘော​သ​ဖန်း​ပင်၌ ပြု​သ​ကဲ့​သို့ သင်​တို့​ပြု​နိုင်​သည် သာ​မ​က၊ ထို​တောင်​ကို​ပင် နေ​ရာ​မှ​ရွေ့​လော့၊ ပင်​လယ်၌​ကျ​လော့​ဟု ဆို​လျှင် ဆို​သည်​အ​တိုင်း ဖြစ်​လိမ့်​မည်။-


ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ အ​လုံး​စုံ​သော​အ​ရာ​တို့​ကို အ​သစ်​ပြု​ပြင်​သော​ကာ​လ၌ လူ​သား​သည် ဘုန်း​ရှိ​သော ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​အ​ခါ၊ ငါ့​နောက်​သို့​လိုက်​ကြ​သော သင်​တို့​သည် တစ်​ဆယ်​နှစ်​ခု​သော ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ဣ​သ​ရေ​လ​လူ တစ်​ဆယ်​နှစ်​မျိုး​ကို စစ်​ကြော​စီ​ရင်​ရ​ကြ​လ​တ္တံ့။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ငွေ​ရ​တတ်​သော​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ခဲ​လှ၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ မြေ​ကြီး​ပေါ်​မှာ သင်​တို့ ချည်​နှောင်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ချည်​နှောင်​လျက် ရှိ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ ဖြည်​လွှတ်​သ​မျှ​သည် ကောင်း​ကင်​ဘုံ၌ ဖြည်​လွှတ်​လျက် ရှိ​လိမ့်​မည်။-


ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ပြောင်း​လဲ၍ သူ​ငယ်​ကဲ့​သို့​မ​ဖြစ်​လျှင် ကောင်း​ကင်​နိုင်​ငံ​တော်​သို့ မ​ရောက်​ရ​ကြ။-


ငါ​အ​မှန်​ဆို​သည်​ကား၊ မိန်း​မ​မွေး​သော​သူ​တို့​တွင် ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ထက် ကြီး​မြတ်​သော​သူ တစ်​ယောက်​မျှ မ​ပေါ်​မ​ထွန်း​သေး။ သို့​သော်​လည်း ကောင်း​ကင်​နိုင်​ငံ​တော်​တွင် အ​ငယ်​ဆုံး​သော​သူ​သည် ထို​သူ​ထက် သာ၍ ကြီး​မြတ်၏။-


အ​ကြင်​သူ​သည် တ​ပည့်​တော်၏ မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား ရေ​တစ်​ခွက်​ကို​မျှ​ပေး၏။ ထို​သူ​သည် အ​ကျိုး​ကို မ​ရ​ဘဲ​မ​နေ​ရာ၊ ငါ​အ​မှန်​ဆို​သည်​ဟု မှာ​ထား​တော်​မူ၏။-


ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့။-


ထို​စ​ကား​ကို ယေ​ရှု​သည်​ကြား​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​မျှ​လောက်​သော ယုံ​ကြည်​ခြင်း​ကို ဣ​သ​ရေ​လ​အ​မျိုး၌​ပင် ငါ​မ​တွေ့​ဖူး​သေး။-


သင်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မျက်​နှာ​ညှိုး​ငယ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ မိ​မိ​တို့​မျက်​နှာ​ကို ဖျက်​တတ်​ကြ၏။-


အ​ဘယ်​ပ​ရော​ဖက်​မျှ မိ​မိ​နေ​ရင်း​မြို့၌ မျက်​နှာ​မ​ရ​တတ်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ