Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 7:5 - မြန်မာ

5 လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေး​ဦး​စွာ ထုတ်​ပစ်​လော့။ နောက်​မှ ညီ​အစ်​ကို မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပစ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ​ထဲ​က သစ်​တုံး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင့် ညီ​အစ်​ကို​၏​မျက်​စိ​ထဲ​က​ငြောင့်​ငယ်​ကို ကောင်း​စွာ​မြင်​၍​ထုတ်​ယူ​နိုင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ ချင်း သီ လ ကြောင်၊ ကိုယ့် မျက် စိ၌ ရှိ သော တုံး ကို ဦး စွာ ထုတ် ပစ် လော့၊ သို့ မှ ညီ အစ် ကို၏ မျက် စိ၌ ရှိ သော အ မှိုက် ကို ထုတ် ပစ် ရန် ကြည် လင် စွာ မြင် လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေး​ဦး​စွာ ထုတ်​ပစ်​လော့။ နောက်​မှ ညီ​အစ်​ကို မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပစ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်​ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်​ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သူတော်ကောင်း​ယောင်ဆောင်သူ… သင်​၏​မျက်စိ​ထဲက သစ်တုံး​ကို ဦး​စွာ​ထုတ်ပစ်လော့။ သို့မှသာ သင့်​မိတ်ဆွေ​၏​မျက်စိ​ထဲက သစ်မှုန်စ​ကို ထုတ်​ရန် ရှင်းလင်း​စွာ မြင်ရ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 7:5
11 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် ထို​သူ​တို့၏ ဆိုး​ညစ်​သော​သ​ဘော​ကို သိ​တော်​မူ​လျှင်၊ လျှို့​ဝှက်​သော​သူ​တို့၊ အ​ဘယ်​ကြောင့် ငါ့​ကို စုံ​စမ်း​နှောင့်​ယှက်​ကြ​သ​နည်း။-


ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။-


ကိုယ်​မျက်​စိ၌ တံ​ကျင်​ရှိ​လျက်​ပင် ညီ​အစ်​ကို​အား သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့​ဆို​သ​နည်း။-


ဖြူ​စင်​သော​အ​ရာ​ကို ခွေး​တို့​အား မ​ပေး​ကြ​နှင့်။ ပု​လဲ​ရ​တ​နာ​တို့​ကို ဝက်​တို့​ရှေ့​မှာ မ​ချ​မ​ထား​ကြ​နှင့်။ သို့​ပြု​လျှင် ထို​အ​ရာ​တို့​ကို ကျော်​နင်း၍ သင်​တို့​ကို​လှည့်​လျက် ကိုက်​ဖြတ်​ကြ​လိမ့်​မည်။-


လျှို့​ဝှက်​သော​သူ​တို့၊ သင်​တို့​သည် မြေ​ကြီး၏​မျက်​နှာ​နှင့် မိုး​ကောင်း​ကင်၏​မျက်​နှာ​ကို ပိုင်း​ခြား၍ သိ​နိုင်​ကြ၏။ ယ​ခု​ကပ်​ကာ​လ​ကို အ​ဘယ်​ကြောင့်​ပိုင်း​ခြား၍ မ​သိ​နိုင်​ကြ​သ​နည်း။


သ​ခင်​ဘု​ရား​က​လည်း၊ လျှို့​ဝှက်​သော​သူ၊ သင်​တို့​ရှိ​သ​မျှ​သည် ဥ​ပုသ်​နေ့၌ မြင်း၊ နွား​ကို တင်း​ကုပ်​မှ လွှတ်၍ ရေ​တိုက်​ခြင်း​ငှာ ဆောင်​သွား​တတ်​သည် မ​ဟုတ်​လော။-


ယေ​ရှု​က​လည်း၊ အ​ကယ်၍ သင်​တို့​သည် ပုံ​ပ​မာ​ကို​ဆောင်​လျက်၊ အ​ချင်း​ဆေး​သ​မား၊ ကိုယ်​အ​နာ​ကို ငြိမ်း​စေ​လော့။ ငါ​တို့​သည် သ​တင်း​ကြား​သည်​အ​တိုင်း၊ သင်​သည် က​ပေ​ရ​နောင်​မြို့၌ ပြု​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​နေ​ရင်း​မြို့၌​လည်း ပြု​ပါ​ဟူ၍ ငါ့​အား ပြော​ဆို​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊-


ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ