ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် ငါ့ နှုတ် တွင် ရှိ လျက် ဝိ ညာဉ် တော် သည် ငါ့ အား ဖြင့် မိန့် တော် မူ ၍
တမန်တော်ဝတ္ထု 2:4 - Garrad Bible သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။ Common Language Bible ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။ Judson Bible ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း အမျိုးမျိုးသောဘာသာစကားအားဖြင့် ဟောပြောကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။ |
ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် ငါ့ နှုတ် တွင် ရှိ လျက် ဝိ ညာဉ် တော် သည် ငါ့ အား ဖြင့် မိန့် တော် မူ ၍
အ ကယ် စင် စစ်၊ အ ခြား သော ဘာ သာ နှင့်၊ စ ကား ရိုင်း ကို သုံး သူ တို့ ဖြင့်၊ ဤ လူ မျိုး အား မိန့် တော် မူ ဦး မည်။
ထာ ဝ ရ ဘု ရား က ထို သူ တို့ နှင့် ငါ ဖွဲ့ သော ပ ဋိ ညာဉ် ဟူ မူ ကား၊ သင့် အ ပေါ် တွင် ကိန်း ဝပ် သော ငါ ၏ ဝိညာဉ် တော်၊ သင့် နှုတ် တွင် ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည်၊ သင် နှင့် တ ကွ သား မြေး မြစ် တို့၏ နှုတ် တွင်း မှ၊ ယ ခု က စ ၍ ကာ လ အ စဉ် အ ဆက် မ ပယ် မရှား ရ ဟု၊ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး ၍ မိန့် တော် မူ သ တည်း။
ငါ သည် ထာ ဝ ရ ဘု ရား၏ အ မျက် တော် နှင့် ပြည့် လျက်၊ မ ချိ မ ဆံ့ ပန်း လှ ပြီ ဖြစ် ရ ကား။ ထာ ဝ ရ ဘု ရား က၊ လမ်း ရှိ သူ ငယ် တို့ နှင့် စု ရုံး သော လူ ပျို တို့ အ ပေါ် သို့ သွန်း လောင်း လော့။ ယောက်ျား နှင့် မိန်း မ ကို လည်း ကောင်း၊ အို မင်း သူ နှင့် ကြီး ရင့် သူ့ ကို လည်း ကောင်း၊ သုံ့ ပန်း မည် ဖြစ် ၍၊
သိမ်း သွား ခံ ရ သော လူ မျိုး သား ချင်း တို့ အား၊ နား ထောင် ကြ သည် ဖြစ် စေ၊ နား မ ထောင် ကြ သည် ဖြစ် စေ၊ အ ရှင် ထာ ဝ ရ ဘု ရား ဤ သို့ မိန့် တော် မူ သည် ဟု၊ သွား ရောက် ကြား ပြော ဆင့် ဆို လော့ ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ၏။
ငါ မှာ မူ၊ ယာ ကုပ် အ မျိုး အား ကိုယ့် လွန် ကျူး မှု၊ ဣ သ ရေ လ အ မျိုး အား ကိုယ့် ပြစ် မှု ကို ဖော် ပြ အံ့ သော ငှာ၊ ထာ ဝ ရ ဘု ရား၏ ဝိညာဉ် တော် ကြောင့်၊ အ စွမ်း သ တ္တိ၊ ဉာဏ် သ တ္တိ၊ နှုတ် သ တ္တိ နှင့် ပြည့် စုံ လေ ပြီ။
သို့ ရာ တွင် ပို့ အပ် ခံ ရ ကြ သည့် ကာ လ မည် သည့် နည်း နှင့် မည် သည့် စ ကား ကို ဆို ရ မည့် အ ကြောင်း မ စိုး ရိမ် ကြ နှင့်။ ဆို ရ မည့် စ ကား ကို ထို အ ချိန် နာ ရီ တွင် ပင် ရ ကြ လိမ့် မည်။
ယုံ ကြည် သူ တို့ ရ အံ့ သော နိ မိတ် လ က္ခ ဏာ များ ကား ငါ့ နာ မ နှင့် နတ် များ ကို နှင် ထုတ် ခြင်း၊ ဘာ သာ စ ကား ထူး ပြော ဆို ခြင်း၊
သူ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ကြီး မြတ်၍ စ ပျစ် ရည် နှင့် သေ ရည် သေ ရက် ကို မ သောက် ရ ဘဲ အ မိ ဝမ်း တွင်း က ပင် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လိမ့် မည်။
မာ ရိ နှုတ် ဆက် စ ကား ကို ဧ လိ ရှ ဗက် ကြား သော် ဝမ်း လွယ် က လေး ခုန် ရာ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လာ သော ဧ လိ ရှ ဗက် က၊
ဆို သင့် သည့် စ ကား ကို ထို အ ချိန် နာ ရီ တွင် ပင် သန့် ရှင်း သော ဝိ ညာဉ် တော် သွန် သင် တော် မူ လိမ့် မည် ဟု မိန့် တော် မူ၏။
ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ယော် ဒန် မြစ် မှ ပြန် ကြွ ပြီး လျှင် တော ၌ ရက် ပေါင်း လေး ဆယ် တိုင် တိုင် ဝိညာဉ် တော် ပို့ ဆောင် ရာ လိုက် လျက် မာရ် နတ် စုံ စမ်း ခြင်း ကို ခံ တော် မူ၏။
ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော အမှုဆောင်လည်း သင်တို့အားစုံလင်စွာသွန်သင်လျက် ငါဟောခဲ့သမျှကို သတိရစေတော်မူလိမ့်မည်။
ယော ဟန် သည် ရေ နှင့် ဗ တ္တိ ဇံ မင်္ဂ လာ ပေး သည် မှန် ၏။ သင် တို့ မူ ကား၊ နေ့ ရက် များ စွာ မ ကြာ မီ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ဗတ္တိ ဇံ မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည် ဟု မိန့် မှာ တော် မူ ၏။
သို့ ရာ တွင် သင် တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် သည့် အ ခါ သင် တို့ သည် တန် ခိုး ရ ရှိ ကြ သ ဖြင့် ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ရှ မာ ရိ နယ် မှ စ၍ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ငါ့ သက် သေ များ ဖြစ် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊
ပေ တ ရု က ငါ တို့ နည်း တူ သန့် ရှင်း သော ဝိ ညာဉ် တော် ခံ ရ ပြီး ဖြစ် သော ဤ သူ တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ မ ခံ ရ စေ ခြင်း ငှါ ရေ ကို မည် သူ ကန့် ကွက် နိုင် သ နည်း ဟု ဆို ပြီး လျှင်၊
ငါ ဟော ပြော စဉ် ငါ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် အ ထက် က သက် ရောက် သည့် နည်း တူ သူ တို့ အ ပေါ် သို့ သက် ရောက် တော် မူ ရာ၊
တ ပည့် တော် တို့ လည်း ဝမ်း မြောက် ခြင်း နှင့်လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့်လည်း ကောင်း ပြည့် ကြ ကုန်၏။
စိတ် နှ လုံး ကို သိ မြင် တော် မူ သော ဘု ရား သ ခင် သည် ငါ တို့ နည်း တူ သူ တို့ အား လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပေး သ နား တော် မူ လျက် သူ တို့ ဘက်၌ သက် သေ ခံ တော် မူ သည့် ပြင်၊
ပေါ လု လက် တင် သည့် ကာ လ သူ တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် သက် ရောက် တော် မူ သ ဖြင့် ဘာ သာ စ ကား ထူး ပြော လျက် ဟော ရ ကြ၏။
က ရေ တေ ကျွန်း သား များ၊ အာ ရပ် လူ မျိုး များ ဖြစ် သူ ငါ တို့ သည် ဘု ရား သ ခင်၏ အ မှု တော် ကြီး များ အ ကြောင်း ကို ငါ တို့ ဘာ သာ ဖြင့် ဟော ပြော ရာ ကြား နာ ရ ပါ သည် တ ကား ဟု ဆို ကြ ၏။
ထိုင် နေ ကြ ရာ တစ် အိမ် လုံး ပြည့် လျက် မီး လျှံ သ ဖွယ် လျှာ များ လည်း ထင် ရှား ၍ အ သီး အ သီး အ ပေါ် တွင် အ ဖြာ ဖြာ တည် နေ သည့် ပြင် ရှိ သ မျှ တို့ သည်၊
ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။
ထို့ ကြောင့် ညီ အစ် ကို တို့၊ သင် တို့ အ နက် ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ ဉာဏ် နှင့် လည်း ကောင်း ပြည့် စုံ လျက်၊ အ သ ရေ ကောင်း သူ ခု နစ် ယောက် ကို ရှာ ကြ လော့။ ထို အ မှု ဆောင် ရန် ခန့် ထား မည်။
ပ ရိ သတ် လုံး နှစ် သက် သ ဖြင့် ယုံ ကြည် ခြင်း နှင့် လည်း ကောင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ ပြည့် သူ သ တေ ဖန် မှ စ၍ ဖိ လိ ပ္ပု၊ ပြော် ခေါ် ရု၊ နိ က နော်၊ တိ မုန်၊ ပါ မေ န နှင့် အ န္တိ အုတ် မြို့ သား ယု ဒ ဘာ သာ ဝင် သူ နိ ကော လ တို့ ကို ရွေး ကောက် ၍၊
ထို့ နောက် သ တေ ဖန် သည် ကျေး ဇူး တော်၊ တန် ခိုး တော် နှင့် ပြည့် လျက် ပြည် သူ ပြည် သား တို့ တွင် ကြီး စွာ သော အံ့ ဖွယ် ရာ များ၊ နိ မိတ် လ က္ခ ဏာ များ ကို ပြု မူ ပြ သ လေ ၏။
သ တေ ဖန် သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ကောင်း ကင် သို့ မျှော် ကြည့် စဉ် ဘု ရား သ ခင့် ဘုန်း တော် ကိုလည်း ကောင်း၊ ဘု ရား သ ခင့် ညာ ဘက် တော် မှာ ယေ ရှု ရပ် နေ တော် မူ သည် ကိုလည်း ကောင်း မြင် သ ဖြင့်၊
အာ န နိ ထွက် သွား၍ ထို အိမ် သို့ ဝင် ပြီး လျှင် လက် တင် လျက် ညီ ရှော လု၊ ခ ရီး အ ကြား ထင် ရှား တော် မူ ခဲ့ သော ယေ ရှု အ ရှင် ဘု ရား သည် သင့် မျက် စိ မြင် ပြန် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် စေ ရန် ငါ့ ကို စေ လွှတ် တော် မူ လိုက် ပြီ ဟု ဆို လျှင် ဆို ချင်း၊
မျှော် လင့် ခြင်း အ ရှင် ဘု ရား သ ခင် သည် သန့် ရှင်း သော ဝိ ညာဉ် တော်၏ တန် ခိုး အား ဖြင့် မျှော် လင့် ခြင်း ကြွယ် ဝ စေ ရန် ယုံ ကြည် ခြင်း တ ရား၌ ရွှင် လန်း ခွင့်၊ ငြိမ် သက် ခွင့် အ မျိုး မျိုး နှင့် သင် တို့ ကို ဖြည့် တော် မူ ပါ စေ သော။
တစ် ဦး ကား အ မှု ကြီး များ ပြု ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ဟော ပြော ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား နတ်၀ိ ညာဥ် များ ပိုင်း ခြား သိ မြင် ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ကို လည်းကောင်း၊ တစ် ဦး ကား ထို အ ဓိ ပ္ပါယ် ကို ဖော် ပြ ခွင့် ကို လည်းကောင်း ခံ ကြ ရာ၊
လွန် ကဲ သော နည်း လမ်း ကို ငါ ပြ ဦး မည် မှာ ငါ သည် လူ တို့ နှင့် စေ တ မန် တော် တို့ ဘာ သာ စ ကား ထူး ပြော ဆို သော် လည်း၊ မေ တ္တာ မ ရှိ လျှင် ပဲ့ တင် ခတ် သော ကြေး စည်၊ အ သံ မြည် သော လင်း ကွင်း မျှ ဖြစ် လေ ပြီ။
မေ တ္တာ သည် ကြွေ ကျ တော့ မည် မ ဟုတ်။ ဟော ပြော ဉာဏ် ဖြစ် လျင် ပ ပျောက် ခြင်း၊ ဘာ သာ စ ကား ထူး ဖြစ် လျင် ရပ် စဲ ခြင်း၊ အ သိ ပ ညာ ဖြစ် လျှင် ကွယ် ပျောက် ခြင်း ကို ခံ ရ တော့ မည်။
ငါ သည် သင် တို့ ရှိ သ မျှ ထက် ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ၏။
ငါ သည် သင် တို့ ရှိ သ မျှ ကို ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ စေ လို သော် လည်း ဟော ပြော ခွင့် ကို အ ထူး သ ဖြင့် ရ စေ လို၏။ အ သင်း တော် ကို ဆောက် တည် ခြင်း ငှာ အ ဓိ ပ္ပါယ် ကို မ ဖော် ပြ နိုင် ဘဲ ဘာ သာ စ ကား ထူး ပြော ဆို သူ ထက် ဟော ပြော သူ သည် ကြီး မြတ်၏။
ပျော် ကြူး မှု ဖြစ် စေ တတ် သော စ ပျစ် ရည် နှင့် မူး ယစ် ခြင်း မ ရှိ ဘဲ ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊
ဝိ ညာဉ် တော် အား ဖြင့် အ ခါ ခပ် သိမ်း တောင်း လျှောက် ပ ဌ နာ ပြု လျက် ရပ် ခံ ကြ လော့။ ငါ အ တည့် အ လင်း ကြား ပြော သင့် သည် နှင့် အ ညီ သ တင်း တော် မြတ် နက် နဲ ရာ ကို အ တည့် အ လင်း ဖော် ပြ ရန် ဟော ပြော ခြင်း နှုတ် သ တ္တိ ကို သ နား တော် မူ စေ ခြင်း ငှါ ထို သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ ရ သော သံ တ မန် ဖြစ် သူ ငါ့ အ ဖို့လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ အ ဖို့လည်း ကောင်း ထို သို့ ပ ဌ နာ ပြု မြဲ ပြု လျက် စောင့် နေ ကြ လော့။
ကောင်း ကင် ဘုံ မှ စေ လွှတ် တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ယ ခု ကာ လ သင် တို့ အား ကြား ပြော ပြီး သ တင်း တော် တည်း ဟူ သော ထို အ ကြောင်း အ ရာ များ ကို ကိုယ့် အ ဖို့ မ ဟုတ်၊ သင် တို့ အ ဖို့ ဆင့် ဆို ရ ကြောင်း အ ထင် အ ရှား သိ မြင် ခဲ့ ကြ ၏။ ထို အ ကြောင်း အ ရာ များ ကို စေ တ မန် တော် တို့ ပင် ဒိ ဋ္ဌ သိ မြင် လို ကြ၏။
ယစ် မူး သည် ဟု ထင် သော ကြောင့် သင် မည် မျှ ကြာ ယစ် မူး နေ မည် နည်း။ သင့် စ ပျစ် ရည် ကို ကြဉ် ရှောင် လော့ ဟု ဆို လျှင်
တောင် တော် သို့ ရောက် ကြ လျှင်၊ ပ ရော ဖက် စု တို့ ကြို ဆို ကြ သည့် အ ခိုက် ဘု ရား သ ခင့် ဝိ ညာဉ် တော် သည် ရှော လု အ ပေါ် သို့ အ ဆော တ လျင် သက် ရောက် သ ဖြင့် သူ တို့ နှင့် ပါ ဝင် ဟော ပြော ရ ၏။