Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 15:8 - Garrad Bible

8 စိတ် နှ လုံး ကို သိ မြင် တော် မူ သော ဘု ရား သ ခင် သည် ငါ တို့ နည်း တူ သူ တို့ အား လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပေး သ နား တော် မူ လျက် သူ တို့ ဘက်၌ သက် သေ ခံ တော် မူ သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 စိတ်​နှ​လုံး​ကို သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​သည်​နည်း​တူ သူ​တို့​အား​ပေး​သ​ဖြင့်၊ သူ​တို့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 စိတ်နှလုံး​ကို​သိ​တော်မူ​သော​ဘုရားသခင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်မူ​သည့်​နည်းတူ ထို​သူ​တို့​အား​လည်း ပေး​၍ သူ​တို့​ကို အသိအမှတ်​ပြု​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 လူ့​စိတ်နှလုံး​ကို သိမြင်တော်မူသော​ဘုရားသခင်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​ကို ကျွန်ုပ်တို့​အား ပေးသနား​သကဲ့သို့ ထို​သူတို့​အား ပေးသနားခြင်း​ဖြင့် သူတို့​ကို လက်ခံကြောင်း​အတည်ပြုတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 15:8
23 ပူးပေါင်းရင်းမြစ်များ  

စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ နား ညောင်း တော် မူ လျက် ဘိုး ဘေး တို့ အား ပေး တော် မူ ခဲ့ သော ပြည် တွင် အ သက် တည် သ မျှ ကာ လ ပတ် လုံး ကိုယ် တော် ကို ခန့် ညား ကြ စေ ရန် လူ့ သား အ ပေါင်း တို့ စိတ် သ ဘော ကို ကိုယ် တော် သာ လျှင် သိ သည် နှင့် အ ညီ အ သီး အ သီး ၌ သိ တော် မူ တိုင်း၊ အ ကျိုး အ ပြစ် အ လျောက် စီ ရင် ဆုံး ဖြတ် ၍ ချမ်း သာ ပေး တော် မူ ပါ။


သား တော် ရှော လ မုန်၊ ခ မည်း တော်၏ ဘု ရား သ ခင် ကို သိ ကျွမ်း၍ ကြည် ညို သော စိတ် နှ လုံး နှင့် စုံ လင် စွာ ဝတ် ပြု လော့။ ထာ ဝ ရ ဘုရား သည် ခပ် သိမ်း သော စိတ် နှ လုံး စီ စစ် လျက် အ ကြံ အ စည် ဟူ သ မျှ ကို သိ မြင် တော် မူ၏။ ကိုယ် တော် ကို ရှာ ဖွေ လျှင် အ တွေ့ ခံ တော် မူ လိမ့် မည်။ ခွာ လျှင် မူ ကား အ စဉ် စွန့် ပစ် တော် မူ လိမ့် မည်။


အ ကျွန်ုပ်၏ ဘု ရား သ ခင်၊ ကိုယ် တော် သည် စိတ် နှ လုံး ဟူ သ မျှ ကို စီ စစ် လျက် ဖြောင့် မှန် ခြင်း ကို သာ နှစ် သက် တော် မူ ကြောင်း အ ကျွန်ုပ် သိ ပါ ၏။ အ ကျွန်ုပ် မူ ကား၊ ဖြောင့် မှန် သော စိတ် နှ လုံး နှင့် ဤ အ ရာ ခပ် သိမ်း ကို စေ တ နာ ထက် သန် စွာ လှူ ဒါန်း သည့် ပြင်၊ လူ မျိုး တော် ဖြစ် သော ဤ ပ ရိ သတ် လည်း ထက် သန် စွာ လှူ ဒါန်း ကြောင်း ဝမ်း မြောက် ဝမ်း သာ သိ မြင် ရ ပါ ၏။


စိတ်၌ ဝှက် ထား ရာ များ ကို သိ မြင် သော ဘု ရား သ ခင် သည်၊ စီ စစ်၍ မ ထုတ် ဘဲ နေ တော် မူ မည် လော။


နှ လုံး ကျောက် ကပ် များ ကို စစ် ဆေး လျက်၊ တ ရား သ ဖြင့် စီ ရင် တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ်၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ ဟု လျှောက် သည် နှင့် အ ညီ၊


ငါ ထာ ဝ ရ ဘု ရား သည် နှ လုံး ကျောက် ကပ် ကို စစ် ဆေး စီ စစ် ၍၊ လူ အ သီး သီး တို့ အား၊ ကိုယ့် အ လေ့ အ လာ အ ပြု အ မူ အ လျောက်၊ အ ကျိုး ဆက် ကို ပေး တတ် ၏။


နှ လုံး ကျောက် ကပ် ကို မျက် မှောက် ပြု ၍၊ ဖြောင့် မတ် သူ့ ကို စစ် ဆေး တော် မူ သော၊ ဗိုလ် ခြေ တို့ အ ရှင် အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အ မှု ကို ရှေ့ တော် တွင် တင် ပြ ပြီး ဖြစ် သည့် အ လျောက်၊ ထို သူ တို့ အ ပေါ် ၌ လက် စား ချေ တော် မူ ခြင်း ကို သိ မြင် ပါ ရ စေ။


တစ်ဖန်တတိယအကြိမ် ယောဟန်၏သားရှိမုန်၊ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသော် တတိယအကြိမ်၌ ငါ့ကိုချစ်ခင်သလောဟုမေးတော်မူသောကြောင့် ပေတရုသည်ဝမ်းနည်းလျက် အရှင်ဘုရား၊ ကိုယ်တော်သည် အရာခပ်သိမ်းကိုသိတော်မူသည်နှင့်အညီ ကိုယ်တော်ကိုတပည့်တော်ချစ်ခင်ကြောင်း သိမြင်တော်မူပါသည် ဟုလျှောက်ရာ ယေရှုက ငါ့သိုးတို့ကိုကျွေးမွေးလော့။


ငါ့ကိုစေလွှတ်တော်မူလိုက်သောခမည်းတော်လည်း ငါ့အကြောင်းကိုသက်သေခံတော်မူပြီ။ သင်တို့မှာမူ စေလွှတ်တော်မူသောသူ့ကိုမယုံကြသောကြောင့် မိန့်ခွန်းတော်သံကိုကြားနာရာ ပုံသဏ္ဌာန်တော်ကိုဖူးမြင်ရာ၊ ဗျာဒိတ်တော်ကိုစွဲမြဲရာ ရောက်ကြပြီမဟုတ်။


လူ ခပ် သိမ်း တို့ ၏ စိတ် နှ လုံး ကို သိ တော် မူ သော အို အ ရှင် ဘု ရား၊ ယု ဒ သည် ဆိုင် ရာ နေ ရာ သို့ သွား ရ စေ ရန် အ မှု တော် ဆောင် ရာ ထူး၊ တ မန် တော် ရာ ထူး မှ ရွေ့ လျော့ ဖောက် ပြန် သော ကြောင့် ထို ရာ ထူး ကို ဆက် ခံ စေ ခြင်း ငှါ၊ ဤ သူ နှစ် ယောက် တွင် မည် သူ့ ကို ရွေး ကောက် တော် မူ ကြောင်း ပြ တော် မူ ပါ ဟု တောင်း လျှောက် ပြီး လျှင်၊


ပေ တ ရု က ငါ တို့ နည်း တူ သန့် ရှင်း သော ဝိ ညာဉ် တော် ခံ ရ ပြီး ဖြစ် သော ဤ သူ တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ မ ခံ ရ စေ ခြင်း ငှါ ရေ ကို မည် သူ ကန့် ကွက် နိုင် သ နည်း ဟု ဆို ပြီး လျှင်၊


ပေါ လု နှင့် ဗာ န ဗ တို့ သည် ကာ လ ရှည် ကြာ စွာ နေ ထိုင် လျက် အ ရှင် ဘု ရား ကို အ မှီ ပြု၍ ရဲ ရင့် စွာ ဟော ပြော ကြ စဉ် အ ရှင် ဘု ရား လည်း နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ ကို ပြု မူ ပြ သ ခွင့် သ နား လျက် မေ တ္တာ ကျေး ဇူး တော် တ ရား အ ဖို့ သက် သေ ခံ တော် မူ၏။


သင် တို့ သည် ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား၊ အ သွေး ပါ သော အ သား၊ ညှစ်၍ သေ သော အ သား သုံး ဆောင် ခြင်း၊ မ တ ရား သော မေ ထုန် ပြု ခြင်း များ ကို ကြဉ် ရှောင် အပ် သည့် တာ ဝန် မှ တစ် ပါး အ ခြား တာ ဝန် ကို သင် တို့ အ ပေါ် တွင် မ တင် သင့် ဟူ၍ သန့် ရှင်း သော ဝိ ညာဉ် တော် သည် ငါ တို့ ပါ သ ဘော တော် ရှိ သည့် အ တိုင်း ထို အ ရာ ကို ကြဉ် ရှောင် လျှင် ချမ်း သာ ရ ကြ လိမ့် မည်။ ကျန်း မာ ကြ ပါ စေ သော ဟူ၍ ပါ ရှိ သ တည်း။


သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဝိ ညာဉ် တော် သွန် သင် သည့် အ တိုင်း၊ အ ခြား ဘာ သာ များ ဖြင့် ဟော ပြော ကြ ၏။


ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။


နိ မိတ် လ က္ခ ဏာ များ၊ အံ့ ဖွယ် ရာ များ၊ အ မျိုး မျိုး သော အ မှု ကြီး များ နှင့် လည်း ကောင်း၊ အ လို တော် အ လျောက် ဝေ မျှ တော် မူ သည့် သန့် ရှင်း သော် ဝိ ညာဉ် တော် ဆု များ နှင့်လည်း ကောင်း ဘု ရား သ ခင် သက် သေ ခံ တော် မူ၏။


မျက် မှောက် တော်၌ လည်း မ ထင် ရှား သော သ တ္တ ဝါ မည် သည် မျှ မ ရှိ။ ငါ တို့ ကို စီ စစ် မည့် အ ရှင့် ရှေ့ အ ရာ ခပ် သိမ်း ဟာ လာ ဟင်း လင်း နေ၏။


ငါ ပြစ် ချ သည့် ပြင် သား သ မီး တို့ ကို လည်း သေ ဘေး ဒဏ် ခတ် မည်။ ထို သို့ သော အား ဖြင့် ငါ သည် နှ လုံး ကျောက် ကပ် ကို စီ စစ် သော အ ရှင် ဖြစ် ကြောင်း အ သင်း တော် ရှိ သ မျှ သိ ရ ကြ လ တ္တံ့။ သင် တို့ အ သီး အ သီး အား လည်း အ ကျင့် အ လျောက် ငါ ဆပ် ပေး မည်။


ထာ ဝ ရ ဘု ရား က သူ့ မျက် နှာ ရည် နှင့် အ ရပ် အ မောင်း ကို မ ထောက် ရှု နှင့်။ သူ့ ကို ငါ ပယ် ပြီ။ လူ တို့ ကဲ့ သို့ ငါ ရှု မြင် သည် မ ဟုတ်။ လူ တို့ သည် ဗ ဟို ဒ္ဒ သ ဏ္ဌာန် ကို ရှု မြင် တတ်၏။ ငါ ဘု ရား မူ ကား အ ဇ္စျ တ္တ သ ဏ္ဌာန် ကို ရှု မြင် သည် ဟု ရှ မွေ လ အား မိန့် တော် မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ