တမန်တော်ဝတ္ထု 6:3 - Garrad Bible3 ထို့ ကြောင့် ညီ အစ် ကို တို့၊ သင် တို့ အ နက် ဝိ ညာဉ် တော် နှင့် လည်း ကောင်း၊ ဉာဏ် နှင့် လည်း ကောင်း ပြည့် စုံ လျက်၊ အ သ ရေ ကောင်း သူ ခု နစ် ယောက် ကို ရှာ ကြ လော့။ ထို အ မှု ဆောင် ရန် ခန့် ထား မည်။ အခန်းကိုကြည့်ပါ။Common Language Bible3 ညီအစ်ကိုတို့၊ သင်တို့အထဲမှသင်တို့နှစ်သက် သူ လူခုနစ်ယောက်ကိုရွေးချယ်ကြလော့။ ဤ တာဝန်ကိုထမ်းဆောင်စေရန်ထိုသူတို့အား ငါတို့ခန့်ထားမည်။ သူတို့သည်သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့် လည်းကောင်းပြည့်ဝလျက်အသရေရှိသူ များဖြစ်ရမည်။- အခန်းကိုကြည့်ပါ။Judson Bible3 ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်း ပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ထဲမှ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံ၍ ဂုဏ်သတင်းကောင်းသောလူခုနစ်ဦးကို ရှာကြလော့။ ငါတို့သည် ထိုသူတို့ကို ဤတာဝန်အတွက်ခန့်ထားမည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 သို့ဖြစ်၍ ညီအစ်ကိုမောင်နှမတို့… ဝိညာဉ်တော်နှင့်လည်းကောင်း၊ ဉာဏ်ပညာနှင့်လည်းကောင်း ပြည့်စုံ၍ ဂုဏ်သတင်းကောင်းမွန်သော လူခုနစ်ယောက်ကို သင်တို့အထဲက ရွေးချယ်ကြလော့။ ဤကိစ္စကို စီမံခန့်ခွဲနိုင်ရန် ကျွန်ုပ်တို့သည် ထိုသူတို့အား ခန့်အပ်ထားကြမည်။ အခန်းကိုကြည့်ပါ။ |
ထို သူ တို့ က ဘု ရား သ ခင် အား ခန့် ညား သော သူ တော် ကောင်း ဖြစ် လျက် ယု ဒ လူ မျိုး ခပ် သိမ်း တို့ တွင် အ သ ရေ ရှိ သော တပ် မှူး ကော် နေ လိ သည် ကိုယ် တော့် ကို အိမ် သို့ ပင့် ခေါ်၍ ကိုယ် တော့် ဒေ သ နာ ကို ကြား နာ ရန် သန့် ရှင်း သော စေ တ မန် တစ် ပါး ဖြင့် ဗျာ ဒိတ် တော် ခံ ရ ပါ သည် ဟု ပြန် လျှောက် ကြ သ ဖြင့်၊
ထို ကြောင့် ယော ဟန့် ထံ ဗ တ္တိ ဇံ မင်္ဂ လာ ခံ သည် က စ၍ ငါ တို့ ထံ မှ ချီ ဆောင် ခြင်း ခံ တော် မူ သည့် နေ့ တိုင်၊ အ ရှင် ယေ ရှု သည် ငါ တို့ တွင် ဝင် ထွက် သွား လာ တော် မူ သည့် ကာ လ အ တွင်း ငါ တို့ အ ပေါင်း ပါ ဖြစ် သူ တို့ အနက် တစ် ယောက် ကို ရှင် ပြန် ထ မြောက် တော် မူ ခြင်း အ ကြောင်း သက် သေ ခံ ဘက် ဖြစ် စေ ရ မည် ဟု ပြော ဆို ၏။