ယာကုပ်သည်မိဘတို့၏စကားကိုနားထောင်၍ ပါဒနာရံပြည်သို့သွားပြီဖြစ်ကြောင်းကို ဧသောသိရှိလေ၏။-
ဧဖက် 6:1 - Common Language Bible သားသမီးတို့၊ သင်တို့မိဘများ၏စကား ကိုနားထောင်ကြလော့။ ထိုသို့ပြုခြင်းသည် ခရစ်ယာန်များအနေဖြင့်ပြုအပ်သည့်ဝတ် ဖြစ်၏။- Garrad Bible သား သ မီး ဖြစ် သူ တို့၊ သင့် လျော် သည့် အ တိုင်း အ ရှင် ဘု ရား အ လို တော် နှင့် အ ညီ မိ ဘ စ ကား ကို နား ထောင် ကြ လော့။ Judson Bible သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းသည် ပြုအပ်သောဝတ် ဖြစ်၏။ |
ယာကုပ်သည်မိဘတို့၏စကားကိုနားထောင်၍ ပါဒနာရံပြည်သို့သွားပြီဖြစ်ကြောင်းကို ဧသောသိရှိလေ၏။-
ယာကုပ်ကယောသပ်အား``သင်၏အစ်ကိုတို့ သိုးဆိတ်ကျောင်းရာရှေခင်မြို့သို့သွားပါ လော့'' ဟုဆို၏။ ထိုအခါယောသပ်က``ဟုတ်ကဲ့၊ ကျွန်တော် သွားပါမည်'' ဟုဖြေကြား၏။
ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
ကိုယ်တော်သည်ကောင်းကင်ဘုံမှဆင်းသက်တော်မူ၍ သိနာတောင်တွင်ကိုယ်တော်၏လူမျိုးတော်အား မိန့်မြွက်တော်မူပါ၏။ သူတို့အားမွန်မြတ်သည့်ပညတ်တော်များနှင့် မှန်ကန်သောသြဝါဒများကိုပေးတော်မူ ပါ၏။
ဧသတာမူကားမော်ဒကဲ၏မှာကြား ချက်အရမိမိ၏ယုဒမျိုးရိုးဇာတိကို ယခုတိုင်အောင်အဘယ်သူကိုမျှအသိ မပေးဘဲနေ၏။ သူသည်ကလေးဘဝက မော်ဒကဲ၏စကားကိုနားထောင်ခဲ့သည့် နည်းတူ ဤအမှုကိစ္စတွင်လည်းနားထောင် လေသည်။
သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
သို့ဖြစ်၍ကွန်တော်မျိုးသည်ဥပဒေသတော် ရှိသမှတို့ကိုစောင့်ထိန်း၍ လမ်းမှားရှိသမှတို့ကိုမုန်းပါ၏။
အို ထာဝရဘုရား" ကိုယ်တော်ရှင်၏စီရင်ဆုံးဖြတ်တော်မူခက် တို့သည် တရားမှတတော်မူကြောင်းကိုလည်းကောင်း" သစ္စာတော်နှင့်အညီကွန်တော်မျိုးအား ဒဏ်ခတ်တော်မူကြောင်းကိုလည်းကောင်း ကွန်တော်မျိုးသိပါ၏။
ထာဝရဘုရား၏နည်းဥပဒေတို့သည် မှန်ကန်သည်ဖြစ်၍လိုက်နာစောင့်ထိန်းသူ တို့၏ စိတ်ကိုရွှင်လန်းစေတတ်၏။ ကိုယ်တော်၏ပညတ်တော်တို့သည်တရား မျှတသည် ဖြစ်၍စိတ်နှလုံးကိုအသိဉာဏ်ပေးတတ်၏။
သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
ယောနဒပ်၏သားမြေးတို့သည်စပျစ်ရည် မသောက်ရန်ယောနဒပ်ပေးအပ်ခဲ့သည့်ပညတ် ကိုစောင့်ထိန်းခဲ့ကြလေပြီ။ သူတို့သည်မိမိ တို့ဘိုးဘေး၏အမိန့်ကိုနာခံကြသည်ဖြစ် ၍ ယနေ့တိုင်အောင်အဘယ်သူမျှစပျစ်ရည် ကိုမသောက်ကြ။ သို့ရာတွင်သင်တို့သည် ငါအဖန်ဖန်အထပ်ထပ်သင်တို့အားပြော ဆိုခဲ့သော်လည်းငါ၏စကားကိုနားမ ထောင်။-
ထိုနောက်ငါသည်ရေခပ်သားချင်းစုအား ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်မိမိတို့ဘိုးဘေးယောနဒပ်ပေးအပ် သည့်ပညတ်ကိုစောင့်ထိန်းကြလေပြီ။ သူ၏ ညွှန်ကြားချက်များကိုလိုက်နာကျင့်သုံးကာ သူမိန့်မှာသမျှသောအမှုတို့ကိုပြုကြ လေပြီ။-
အကျွန်ုပ်တို့သည်မိမိတို့ဘိုးဘေးရေခပ် ၏သားယောနဒပ်၏ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးခဲ့ကြပါပြီ။ အကျွန်ုပ်တို့ ကိုယ်တိုင်နှင့်အကျွန်ုပ်တို့၏ဇနီး၊ သားသမီး များသည်စပျစ်ရည်ကိုအဘယ်အခါမျှ မသောက်ကြပါ။-
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။
လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
ထိုနောက်သူငယ်တော်သည်မိဘတို့နှင့်အတူ လိုက်၍ နာဇရက်မြို့သို့ရောက်သော်မိဘတို့၏ စကားကိုနာခံလျက်နေ၏။ မယ်တော်သည်ဤ အဖြစ်အပျက်အလုံးစုံတို့ကိုစိတ်နှလုံးထဲ မှာမှတ်ကျုံးထား၏။-
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
သင်တို့သည်ဘုရားသခင်၏လူစုတော်ဝင် အချင်းချင်းအားလက်ခံသင့်သည်အတိုင်းသခင် ဘုရားကိုထောက်၍သူ့အားလက်ခံကြလော့။ အကူအညီလိုအပ်သည့်အမှုကိစ္စ၌သူ့အား ကူညီမစကြလော့။ သူသည်လူအမြောက်အမြား ကိုကူညီမစခဲ့သူဖြစ်ပေသည်။ ငါ့ကိုလည်း ကူညီမစခဲ့၏။
ထို့ကြောင့်ပညတ်တရားသည်မြင့်မြတ်သန့်ရှင်း ၏။ ပညတ်တော်သည်လည်းမြင့်မြတ်သန့်ရှင်း မှန်ကန်ကောင်းမြတ်၏။-
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
သခင်ဘုရား၏မျက်နှာတော်ကိုထောက်၍ လူအာဏာပိုင်ရှိသမျှတို့၏အုပ်စိုးခြင်း ကိုဝန်ခံကြလော့။ ဘုရင်ဧကရာဇ်မင်းအား အချုပ်အခြာအာဏာပိုင်အဖြစ်ဖြင့်လည်း ကောင်း၊-
ဒါဝိဒ်သည်နောက်တစ်နေ့နံနက်စောစောထ ၍ သိုးတို့ကိုအခြားလူတစ်ယောက်လက်တွင် အပ်ပြီးနောက် အစားအစာများကိုယူကာ ယေရှဲမှာကြားသည့်အတိုင်းထွက်ခွာသွား လေသည်။ သူသည်ဣသရေလအမျိုးသား တို့နှင့် ဖိလိတ္တိအမျိုးသားတို့စစ်တိုက်ရန် ကြွေးကြော်ကာ စစ်မြေပြင်သို့ထွက်ခွာလာ ချိန်၌ရောက်ရှိလာ၏။-